သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 22, 2013

စက်လှေတစ်စင်း မီးလောင်မှုဖြစ်ပွား

နေပြည်တော် ဇွန် ၂၁ ဇွန် ၁၇ ရက်က ရန်ကုန်မြို့မှ ကျောက်ဖြူမြို့သို့ ထွက်ခွာလာသော ရွှေဇင်ယော်ဟိန်း စက်လှေ သည် ဇွန် ၂ဝ ရက် နံနက် ၁ဝ နာရီခန့်တွင် ကျောက်ဖြူမြို့ မရောက်မီ ဇင်ချောင်း၏ အနောက်
ဘက် ပင်လယ်ပြင်တွင် အပူချိန် မြင့်တက်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားရာသို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် သွားရောက်၍ ဒေသခံငါးဖမ်း စက်လှေတို့
နှင့် ပူးပေါင်းကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ရာပဲ့နင်း အပါအဝင် ရေ လုပ်သား ၁၉ ဦး၊
ရေယာဉ် အကြုံလိုက်ပါ သူ ၆ ဦး၊ စုစုပေါင်း ၂၅ ဦးအား ညနေ ၃ နာရီ ၂၅ မိနစ်တွင် အန္တရာယ် ကင်းရှင်းစွာ ကယ်ဆယ်နိုင်ခဲ့ပြီး စက်လှေမှာ ညနေ ၄ နာရီ ၁ဝ မိနစ်ခန့်တွင် နစ်မြုပ် သွားခဲ့သည်။

တပ်မတော်(ရေ)မှ စစ်ရေယာဉ်သည် ကျောက်ဖြူမြို့သို့ ည ၇ နာရီခွဲတွင် ရောက်ရှိပြီး စက်လှေပေါ်တွင် လိုက်ပါလာ သူများအား ခရိုင်အုပ်ချုပ်ရေး အဖွဲ့သို့ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သတင်း ရရှိသည်။

from မြ၀တီ by thuta@myawady.com.mm (သုတ)


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D