သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 20, 2013

အနေမတက် အထိုင်မတက်တော့


ဦးဥတ္တမ အရှင်ဘုရားဟာလေ ကိုယ့်ဆွမ်းကိုယ်စားပြီးအေးအေးမနိုင်ဘူး အရှင်ဘုရားကြောင့်
မြန်မာတွေ ကျွန်ဖြစ်ရတဲ့ ဘ၀က လွတ်ချင်လာကြပြီ အဲ့ဒါအရှင်ဘုရားကြောင့် အရှင်ဘုရား ၀ိနည်းတော် နဲ့အညီမနေတက်မထိုင်တက်လို့ဖြစ်ရတာ ။
သူ့ဟာသူ ကျွန်မကလို့ သဘောက်ပဲဖြစ်ဖြစ်အရှင်ဘုရားနဲ့ ဘာဆိုင်သတုန်း အခုတော့ အရှင်ဘုရားတို့သံဃာတွေဟိုနေရာပါ ဒီနေရာပါလို့   မြန်မာတွေ အင်္ဂလိပ် အရှင်သခင်များကို တော်လှန်ချင်စိတ်တွေပေါက်ဖွားလာပြီ ။ အရှင်ဘုရားထောင်ကျတာ နဲတောင်နဲသေး တယ်နော် ။အရှင်ဘုရားဟာလေ ရခိုင် တိုင်းရင်းသားပီပီ အမျိုးကိုချစ်တက်တာလဲလွန်ပါရောလား အရှင်းဘုရားဟာအရှင်ဘုရားအစာရေစာအငတ်ခံယုံမကလို့ ဘာဖြစ်ဖြစ်ပေါ့ဘုရား တပအည့်တော်တို့ နဲ့ဘာမျှမဆိုင် ၊ အရှင်ဘုရားဝိနည်းတော်နဲ့မညီလို့ ခံရတာ မှတ်ပလားဘုရား ။

ဦးဝိစာရ (ခ) ဦးလှကျော် အရှင်ဘုရားလဲလေ ဘာထူးသေးသတုန်း ကိုယ့်ဟာကို အိမ်ထောင်သည်
ဘ၀နဲ့ ရရာအလုပ်လေးလုပ် မိသားစုနဲ့ ရှာဖွေစားသောက်နေရပါလျှက်နဲ့ ဘုန်းကြီးဝတ်တယ် ။
မျက်နှာဖြူ အင်္ဂလိပ်က အိမ်တော်ရာဘုရားဝန်းအတွင်း ဖိနပ်စီးတာ အရှင်ဘုရားအကြောင်းလား ၊
ကိုယ့်ဟာ ကိုမမြင်ချင်ရောင်ဆောင်နေပါလား ။ ကိုယ့်ဟာကိုယ်မနေနိုင်ပဲ အမျိုးသားရေး အသိတွေနှိုး ဆွပေး လိုပေး မြန်မာပြည်သူတွေကို လွတ်လပ်ခြင်းရဲ့အရသာတွေ ပြောလိုပြော   နိုင်ငံရေးတွေဟောလိုဟော အရှင်ဘုရားနှယ် ၀ိနည်းတော်နဲ့အညီမနေနိုင်တော့ ထောင်ချခံရပြီပေါ့ ။ သူ့ဟာသူကျွန်ဖြစ်တာ အရှင်ဘုရားနဲ့ ဘာဆိုင်သတုန်း ။

အရှင်ဥက္ကဌ(တောင်တွင်းကြီး) အရှင်ဘုရားလဲနှော် ဘယ်သူသေသေ ငတေမာပြီးရောပေါ့ဘုရား
အရှင်ဘုရားသိတာတက်တာတွေ ဘာကြောင့် ၀က်ထီးကံနယ်က ကျောက်ကွင်းရွာ မှာ ဟောပြောခဲ့ ရသတုန်း ။ မြန်မာတွေ ဘာသာပြောင်းတော့ရောအရှင်ဘုရားကိစ္စလား ဗုဒ္ဓရဲ့တရားတွေကို မသိလို့ ဘာသာပြောင်းချင်သူတွေကို ဗုဒ္ဓဓမ္မတွေသိအောင် ယုံကြည်လာအောင်အသိတရားတွေ နဲ့ဟောပြောပေး တာ အရှင်ဘုရား လူ့အခွင့်အရေးကိုချိုးဖောက်တာပဲဘုရား ။အရှင်ဘုရား ၀ိနည်းတော်နဲ့မညီလို့ ခရစ်ယာန်ဘာသာဝင်တွေ ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းခဲ့ကြတာ ။ အရှင်ဘုရားရယ်လေ မြန်မာ တစ်နိုင်ငံ လုံး ဘာသာပြောက်တော့ရော အရှင်ဘုရားနဲ့ဘာဆိုင်သတုန်းဘုရား ၊ အခုတော့ အရှင်ဘုရားလဲ ၀ိနည်းနဲ့မညီလို့ အဓမ္မ၀ါဒနဲ့အစွတ်စွဲခံရတာ နဲတောင်နဲသေးတယ်ဘုရား ထောင်မကျ တာကံကောင်း တယ်မှတ်ပါဘုရား ။

ဦးဥာဏိဿရ (သီတဂူ) အရှင်ဘုရားလဲပဲ မနေတက်မထိုင်တက် ရာဇောဝါဒသုတ္တံကိုဟောပြီး အစိုးရမင်း များအမြင်မှန်ရအောင် ဟောပြောရတယ်လို့ တယ်လဲဝိနည်းနဲ့အညီမနေတက်တဲ့ ဘုန်းကြီးတွေပဲကိုး ။ အရှင်ဘုရားကံကောင်းလို့ လူမထွက်ရတယ်မှတ်ဘုရာ့ ၊အစိုးရဘယ်လိုပဲအုပ်ချုပ်ပါစေ အရှင်ဘုရားနဲ့ အနေသာကြီးဘုရား ပြည်သူတွေဘာဖြစ်ဖြစ် အရှင်ဘုရားတခြားတရားဟောလဲရသားပဲဘုရား ၊ နောင်ဘယ်တော့မှ အစိုးရရဲ့လုပ်မှားကိုင်မှားတွေကို ဝေဖန်ထောက်ပြပြီး   ပြည်သူတွေဘက်က မရပ်တည်လေနဲ့ ရပ်တည်တဲံနေ့ဟာ အရှင်ဘုရား ၀ိနည်းနဲ့အညီမနေတက်တဲ့နေ့ပဲဘုရား ။

ဦးပညာသီဟ (ရွှေည၀ါဆရာတော်) အော်.....ဒုက္ခပါလားဘုရား အထိုင်မတက်တော့ ဟိုဒင်းလုပ်သလို ၊အပြောမတက်တော့ ဆဲသလို အရှင်ဘုရားမှာလဲ ဟိုပြေးရဒီလွှားရ ၊ ဟိုနေရာကဖယ်ပေးရ ဒီနေရာက ဖယ်ပေး ရနဲ့ နေရာအတည်တကြကိုမရပါလား ။ နေမှမနေတက်တာကိုးဘုရား အဲ့ဒါအရှင်ဘုရား ၀ိနည်းတော် နဲ့မှမညီတာ ခံပေါ့ ။ NLD ဘက်ကရပ်တည်ပြီး ပြည်သူတစ်ရပ်လုံး အတွက် အနစ်နာခံတာဟာ အရှင်ဘုရား ၀ိနည်းကိုမလေးစားတာပဲ ဒါဟာ အစိုးရဘက်ကကြည့်ရင် အရှင်ဘုရား လူ့အခွင့်အရေး ချိုးဖောက်နေ တာဘုရာ့ ။ ကိုယ့်ဟာကိုယ်မနေတက်တော့ အစိုးရရဲ့အမုန်းတရားတွေ ရဲ့အောက် နေလေ အုံးပေါ့ဘုရား ။

၁၉၈၈နဲ့၂၀၀၇ အရေးအခင်တွေမှာ ဘ၀နတ်ထံပျံလွန်တော်မူခဲ့တဲ့ ကိုယ်တော်တွေနဲ့ အချုပ်ထောင်ကျခဲ့ ရတဲံကိုယ်တော်တွေရော ပြည်ပြေးကိုယ်တော်တွေရော အဲ့ဒါအရှင်ဘုရားတို့မဆိုင်တဲ့အပေါက် ခလိုင် နဲ့ခေါက် တာပဲ ၊ အရှင်ဘုရားတို့နဲ့ဘာဆိုင်သတုန်းအနေသာကြီးပါ ။ ပြည်သူတွေဘာဖြစ်ဖြစ်အနေသာကြီး ကိုယ်တော်တို့နဲ့အဝေးကြီး မှတ်ပလားအခုတော့ သေသူသေ ထောင်ကျသူကျ အဲ့ဒါအရှင်ဘုရားတို့ လူ့အခွင့်အရေးဖောက်ဖျက်ပြီး ၀ိနည်းမလေးစားလို့ခံရတာ မှတ်ပလားဘုရား ။

လက်ပံတောင်းတောင်မှာ မီးလောင်ခံရတဲ့ကိုယ်တော်တွေ ဘယ့်နှယ်ရှိစ အရှင်ဘုရားတို့နှယ်
မီးလောင်ခံပြီး ဆန္ဒပြရတယ်လို့၊ မဆိုင်တာကိုယ်ဝင်ရှုပ်တာကိုးဘုရာ့ ။ လက်ပန်းတောင်းတောင် မရှိတော့ရော ဘာဖြစ်သတုန်း ကိုယ်တော်တို့အပူလား အခုတော့ သင်္ကန်းဖားဖားကြီးတွေနဲ့မီးတွေလောင် အဲ့ဒါဝိနည်းနဲ့မညီလို့ခံရတာ မှတ်ထားကြ ။

ဦးဝီရသူ အရှင်ဘုရားနှယ်လေ တယ်လဲခက်တဲ့ကိုယ်တော်ပေပဲ ဒီအမျိုးသားရေးကအရှင်ဘုရား နဲ့ဘာဆိုင်သတုန်းကိုယ်တော်ရဲ့ ကိုယ်တော်ကဘုန်းကြီးလေ မဆိုင်တာဝင်မရှုပ်လေနဲ့ ။ မြန်မာမတွေ ကုလားနဲ့ညားတော့ရော ကိုယ့်တော်အရေးလား မြန်မာပြည် ကုလားပြည်ဖြစ်တော့ရော ကိုယ်တော့ အပူလား ။ ကိုယ်တော်ဟာလေ တယ်လဲဝိနည်းနဲ့မညီတဲ့ ကိုယ်တော်ပေပဲဘုရား ။ ထောင်တွေလဲ ခဏခဏကျ တစ်ပြားမရ နှစ်ပြားမရ အခုလဲလာပြန်ပြီ မျိုးစောင့်ဥပဒေတဲ့ ဒါဟာအရှင်ဘုရားကလူ့အခွင့် အရေးကိုပြောင်ပြောင်တင်းတင်းချိုးဖောက်တာပဲဘုရား ၊ အဲ့ဒါဟာအရှင်ဘုရား ၀ိနည်းနဲ့မနေတက်လို့ လုပ်နေတာတွေဘုရား ။ တပည့်တော်တို့ မြန်မာမတွေက ဘာသာခြားနဲ့ လက်ထပ်မှ ဂုဏ်ရှိတာဘုရား ၊

အို....ဂုဏ်ရှိရှိမရှိရှိတပည့်တော်တို့လိုချင်လို့ယူတာ ကိုယ်တော်အပူတစ်ပြားသားပါလို့လား ။ အရှင်ဘုရား ဟာလေစာမတက်ပေမတက်နဲ့ ဘာမှလဲအမျှော်အမြင်မရှိလို့ မျိုးစောင့်ဥပဒေတို့ အမျိုးသားရေး တို့လုပ်နေတာပေါ့ဘုရား ။နောင်ကိုနေရာတကာ ၀င်မရှုပ်နဲ့ဘုရာ့ ။

ညီသုတ(ပြည်)
20/6/2013
ကြာသပတေး
ည ၁၁း၁၅

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D