သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 22, 2013

ဒီကေဘီအေတို့ နိုင်ငံသား ပြန်ဖြစ်တော့မည်

မြ၀တီခရိုင်၊ ဆုံဆည်းမြိုင်ကျေးရွာ အခြေစိုက် ကလို့ထူးဘော ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၊ မှီခိုသူများ၊
ကျေးရွာသားများကို နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးသွားမည်ဟု ကရင်ပြည်နယ်အစိုးရက ယနေ့
ပြောလိုက်သည်။
 
ယနေ့ညနေတွင် တွေ့ဆုံခဲ့သည့် ၀န်ကြီးနှင့် ဗိုလ်ချုပ်ကြီးစောလားပွယ်
(ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)

ယနေ့ ဆုံဆည်းမြိုင်သို့ရောက်ရှိလာသည့် ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး
အောင်လွင်ကပြောကြားခြင်းဖြစ်သည်။

၎င်းက ”ဒီရွာကလူတွေကို မကြာခင် မှတ်ပုံတင်ထုတ်သွားပေးမှာဖြစ်တယ်၊ အားလုံးအခမဲ့ဖြစ်တယ်”ဟု
ပြောကြားသည်။

ဝန်ကြီးနှင့်အဖွဲ့သည် ဆုံဆည်းမြိုင်ကျေးရွာ ပညာရေး၊ ကျန်းမာရေး စသည့် အခြေအနေများကို ကြည့်ရှု
စစ်ဆေးခြင်းပြီး ကျေးရွာအတွင်း လိုအပ်သည့် ကျောင်းဆရာများ၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများ
ကိစ္စကို ဒီကေဘီအေအဖွဲ့၏အကြီးအကဲ ဗိုလ်ချုပ်ကြီးစောလားပွယ်နှင့် လာရောက် တွေ့ဆုံဆွေးနွေးခဲ့
သည်။

ဆုံဆည်းမြိုင်ကျေးရွာမှ အထက်တန်းကျောင်းကို သာမန် အဆင့်ဖြင့် အောင်မြင်ထားသူများအား သူနာ
ပြုသင်တန်းသို့စေလွတ်မည်၊ ဆေးတက္ကသိုလ်တက်ရောက်ရန် အောင်မှတ် မပြည့်မီသူများကိုလည်း အရည်အချင်းအလိုက် သက်ညာကာ ဆေးကျောင်းများသို့ ဒေသအကျိုးအတွက် ကတိဝန်ခံချက်များဖြင့် တက်ရောက်ခွင့်ပြုမည် စသည့်ဖြင့် ၀န်ကြီးက ပြောဆိုခဲ့သည်။

ဝန်ကြီးနှင့်အတူလိုက်ပါလာသည့် ပြည်နယ်လ၀ကညွန်ကြားရေးမှူး ဦးထိန်ဝင်းက

”အခု ဒီရွာကလူဦးရေးစာရင်းရပြီးတာနဲ့ မှတ်ပုံတင်ထုတ်ပေးမယ့် အစီအစဉ်ကို အမြန်ဆုံးပြုလုပ်ပေးသွား
မှာ” ဟု ပြောသည်။

ဒီကေဘီအေ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က ဆုံဆည်းမြိုင်ရှိဌာနချုပ်တွင် တပ်ဖွဲ့ဝင် ၃၀၀ ခန့်နှင့် ရွာသား ၃၀၀ ခန့်ရှိသည်ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။

၎င်းက”ဒီဒေသကအခြားရွာတွေကို လ၀ကအဖွဲ့တွေလာပြီး မှတ်ပုံတင်လုပ်ပေးတာရှိတယ်။

အားလုံးတော့ရတာ တွေမရှိဘူး၊ ဆုံဆည်းမြိုင်မှာ လာလုပ်ရင်လည်း အားလုံး ရမရစောင့်ကြည့်ရအုံးမယ်၊

အခုက မိုးရွာပြီ ဆိုတော့ လမ်းခရီးက မကောင်းတော့ဘူး၊ သွားလာရေး အခက်အခဲရှိဆိုတော့ ကျွန်တော်
ထင်တယ်မိုးကုန်မှပဲ ဖြစ်တော့မယ်နဲ့တူတယ်” ဟုသုံးသပ်ပြောဆိုသည်။

၎င်းအစီအစဉ်အမှန်တကယ်ပေါ်ပေါက်ခဲ့ပါက ဒီကေဘီအေတွင် ဗိုလ်ချုပ်ကြီးစောလားပွယ်အပါအ၀င် တပ်မှူးတပ်သားများ နိုင်ငံသားကတ် ရရှိကြမည်ဖြစ်ပြီး လက်ရှိနိုင်ငံမဲ့ဘ၀က လွတ်ကင်းကြရတော့မည်
ဟု အဖွဲ့၏တပ်မှူးတဦးက ဆိုသည်။

လက်ရှိဆုံဆည်းမြိုင်တွင်နေထိုင်ကြသူအားလုံးမှာ နိုင်ငံသားကတ် မရှိ၊ နိုင်ငံမဲ့နေသူများဖြစ်သည် ဟု
ကျေးရွာဥက္ကဋ္ဌက ပြောသည်။





from The Irrawaddy's Blog by zarny win

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D