သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, June 20, 2013

ရဲ ကို ရဲက ပြန်နှိမ်နင်းနေပြီ

စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးခရိုင်ဘက်မှာ ဒီရက်ပိုင်းအတွင်း ရဲကို ရဲချင်း စီးနင်း
 နှိမ်နင်းမှုတွေ လုပ်နေပါ တယ်။
မကြာသေးမီက ကလေးမြို့နယ်ဘက်မှာ ရဲအရာရှိတဦး ပါဝင်ပတ်သက်တဲ့ မူးယစ်ဆေးဝါး၊ လိုင်စင်မဲ့ ကား ကို ဖမ်းဆီးမှု ဖြစ်ခဲ့တာက ဇာတ်လမ်း စခဲ့တာဖြစ်ပါတယ်။

ဒုတိယရဲချုပ် ဦးစီးတဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်
နေ့ က စပြီး ကလေးခရိုင်နဲ့ တမူးခရိုင်တွေမှာ စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့တာပါ။ ဒါဟာလည်း ကလေးနဲ့ တမူး ခရိုင်ရဲတပ်ဖွဲ့တွင်းက တာဝန်ရှိသူတချို့ဟာ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ တရား မ၀င် ကုန်စည်း စီးဆင်းမှု တားဆီးရေး၊ လိုင်စင်မဲ့ ကားတွေကို အရေးယူရေး ကိစ္စတွေမှာ အထိက်က ညွှန်ကြားချက် အမိန့်တွေကို ထိထိရောက်ရောက် လိုက်နာတာ မရှိခဲ့လို့ အထူးနှိမ်နင်းရေးအဖွဲ့က ဆောင် ရွက်ခဲ့ တာဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ရဲဇာနည်က ဆိုပါတယ်။

"လတ်တလောအခြေအနေ၌ ကလေးခရိုင်နှင့်တမူးခရိုင်တို့မှ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအ၀င် တာဝန်ရှိသူများအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း စစ်ဆေး လျှက်ရှိသည်ဆို၏" လို့ ရဲဇာနည်မှာ ဆိုထားပါတယ်။

ဒါပေမယ့် အပြင်မှာ သတင်းထွက်နေသလို ဖမ်းဆီးထိန်းသိမ်းတာ တဦးတလေမှ မရှိကြောင်း နဲ့ လေယာဉ်ဖြင့် ခေါ်ယူသွားခြင်းလည်း လုံးဝမရှိကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

အခုလို အရေးယူဆောင်ရွက်နေတာ ပြည်သူ့ဆန္ဒနဲ့ အညီလုပ်ဆောင်နေတာဖြစ်ပြီး သမ္မတရဲ့ လမ်းညွှန် မှာကြားချက်တွေနဲ့ အညီ စွမ်းရည်ထက်မြက်တဲ့ ရဲတပ်ဖွဲ့ဖြစ်အောင် ဥပဒေနဲ့အညီလုပ်နေတာသာဖြစ် တယ်လို့ ဆိုပါတယ်။

"ရဲတပ်ဖွဲ့တွင် ငွေကြေး စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့အား ဖွဲ့စည်းထားရှိပြီးဖြစ်ရာ တရား မ၀င်
သောနည်းလမ်းဖြင့် ငွေကြေးရရှိစုဆောင်းထားသူများအား တရားမ၀င်သောနည်းလမ်းဖြင့် ရရှိသည့်
ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေဖြင့် အရေးယူနိုင်သည်" ဟုလည်း ရဲတပ်ဖွဲ့က ဆိုထားပါတယ်။

အခုလို ရဲ ကို ရဲနဲ့ နှိမ်နင်းမှုဟာ အခု နောက်ပိုင်း ပထမဆုံးလည်းဖြစ်ပြီး မသမာတဲ့ နည်းလမ်းတွေနဲ့ ငွေကြေး ရှာဖွေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက်တော့ ရင် တမမ ဖြစ်နေရပြီလို့ ပြောလို့ ရမလားပါပဲ။

အိမ့်သံစဉ် ~

ဧရာဝတီblog
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် ဖေ့စ်ဘုတ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D