သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, August 18, 2013

ဖိလစ်ပိုင်သင်္ဘောနှစ်စင်း တိုက်မှု ၂၆ ဦးသေ၊ ၂၀၀ ကျော်ပျောက်ဆုံး



သြဂုတ်လ ၁၈ ရက် ၂၀၁၃
ဖိလစ်ပိုင်နိုင်ငံတွင် သောကြာနေ့က ခရီးသည်တင် သင်္ဘောတစ်စင်းနှင့် ကုန်တင် သင်္ဘောတစ်စင်း တိုက်မိရာ ခရီးသည်တင်သင်္ဘော နစ်မြုပ်သွားခဲ့ပြီး လူ ၂၆ ဦးသေဆုံးခဲ့ကာ ၂၀၀ ကျော် ပျောက်ဆုံးလျက် ရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။




ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သော ဆီဘူးမြို့ ဆိပ်ကမ်းတွင် သောကြာနေ့ညဘက် အမှောင်ထု ဖုံးလွှမ်းနေချိန်တွင် ခရီးသည် ၈၇၀ ကို တင်ဆောင်လာသော ခရီးသည်တင် သင်္ဘောနှင့် ကုန်တင်သင်္ဘောတို့ တိုက်မိကြခြင်း ဖြစ်သည်။

ကမ်းခြေစောင့်တပ်ဖွဲ့များ၊ စစ်သင်္ဘောများနှင့် ဒေသခံ ငါးဖမ်းသမားများက နစ်မြုပ်သွားသော ခရီးသည်များကို ကယ်တင်ခဲ့သော်လည်း လူ ၆၀၀ ကျော်သာ ကယ်တင်နိုင်ခဲ့ပြီး လူ ၂၀၀ ကျော် ပျောက်ဆုံးလျက်ရှိကာ စနေနေ့နှောင်းပိုင်း အချိန်အထိ ၂၆ ဦး၏ ရုပ်အလောင်းများကိုသာ တွေ့ရှိရသေးသည်။

အဆိုပါ ခရီးသည်တင် သင်္ဘောမှာ တိုက်ပြီးပြီးချင်း ၁၀ မိနစ်ခန့်အတွင်း နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ လက်ထောက်တပ်မှူး လူးဝစ်တူဆန်က ပြောကြားသည်။

အခင်းဖြစ်ပွားသည့် နေရာမှာ ကမ်းခြေ မှ သုံးကီလိုမီတာ အကွာအဝေးရှိ ဆီဘူး ဆိပ်ကမ်းသို့အဝင် ကျဉ်းမြောင်းသော ရေလက်ကြားတွင် သောကြာနေ့ည ဒေသစံတော်ချိန် ည ၉ နာရီ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင်ဆိပ်ကမ်း အာဏာပိုင်များက ပြောကြားသည်။

“တိုက်မိတဲ့ အသံကြားပြီး မကြာဘူး သင်္ဘောက စမြုပ်တော့တာပဲ” ဟု သင်္ဘောနစ်မြုပ်ရာတွင် ပါဝင်ခဲ့ပြီး ပြန်လည် လွတ်မြောက်လာသူ အသက် ၂၃ နှစ်အရွယ် မာရီဘယ်မန်မာလို ဆိုသည့် အမျိုးသမီးက ပြောကြားသည်။

အဆိုပါ အမျိုးသမီး၏ အသက် ၅၆ နှစ်အရွယ် မိခင်မှာမူ ပျောက်ဆုံးနေဆဲပင် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“မနေ့ညကလူ ၁၀ ယောက်လောက်ကို ရေထဲက ကယ်လိုက်ရတယ်။ကျွန်တော့်မှာ
လည်း လက်နှိပ်ဓာတ်မီးပဲ ပါတာဆိုတော့ မှောင်ကြီးမည်းမည်းထဲမှာ သိပ်မမြင်ရဘူး”ဟု သင်္ဘောနစ်မြုပ်ရာသို့ ပထမဆုံး ရောက်ရှိသွားသူဟုဆိုသော ဒေသခံ ငါးဖမ်းသမား မာရီယိုချာဗတ်က ပြောကြားသည်။

သင်္ဘောချင်း မတိုက်မိခင် ခရီးသည်တင် သင်္ဘောသည် ဆိပ်ကမ်းဘက်သို့ ဦးတည်လာနေပြီဟု ဆီဘူးဆိပ်ကမ်း ရေဒီယိုဌာနသို့ သတင်းပေးပို့ခဲ့သည်ဟု တိုက်ပြီးပြီးချင်း နစ်မြုပ်သွားသော ခရီးသည်တင် သင်္ဘောပိုင်ရှင်၏ လုံခြုံရေးအရာရှိ ရာချယ်ကာပူနိုက ပြောကြားသည်။

ခရီးသည်တင် သင်္ဘောနှင့် တိုက်မိသော ကုန်တင်သင်္ဘောဖြစ်သည့် Sulpicio Experess 7 မှာမူ နစ်မြုပ်ခဲ့ခြင်း မရှိပေ။

ဖိလစ်ပိုင်နိုင်ငံတွင် ကျောက်တန်းနှင့် ကျွန်းပေါင်း ၇၁၀၀ ကျော်ရှိပြီး သန်းနှင့်ချီသော နွမ်းပါးသူများအတွက် ခရီးသည်တင်သင်္ဘောမှာ အဓိကအားထားရာ ပို့ဆောင် ဆက်သွယ်ရေး ယာဉ်တစ်ခု ဖြစ်သည်။

သို့သော်လည်း လုံခြုံရေးအဆင့် အတန်းညံ့ဖျင်းခြင်း၊ စည်းမျဉ်းစည်းကမ်း ကြပ်မတ်မှု အားနည်းခြင်းနှင့် ဝန်ပိုသယ်ဆောင်ခြင်းများကြောင့် မတော်တဆ ဖြစ်ပွားမှုများ မကြာခဏ ကြုံတွေ့ရတတ်သည်။

ဖိလစ်ပိုင်တွင် ၁၉၈၇ ခုနှစ်က ခရစ္စမတ် အိမ်ပြန်သူများ စီးနင်းလိုက်ပါလာသော ခရီးသည်တင် သင်္ဘောနှင့် ရေနံတင် သင်္ဘောတစ်စင်း တိုက်မိခဲ့၍ လူပေါင်း ၄၃၀၀ ကျော် သေဆုံးခဲ့ရာ ကမ္ဘာပေါ်တွင် စစ်ပွဲနှင့် မသက်ဆိုင်ဘဲ ရေကြောင်း မတော်တဆမှုကြောင့် လူအများဆုံး သေဆုံးခဲ့ ရသည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D