(စိုးအောင်)
သို့
ကိုမြတ်လှိုင်း
နေကောင်းရဲ့လားဗျ။ ပြည်ပရောက်နေတဲ့ ခင်ဗျားဆီကို ကျွန်တော့်
ခံစားချက်လေးတွေ ရေးလိုက်တယ်။ ပြောချင်တာရှိမှ စာရေးတယ်လို့တော့
မအောက်မေ့ပါနဲ့။ ရှစ်လေးလုံးပွဲ ကတော့ ပြီးသွားပြီ။ ဘာတွေရလိုက်သလဲ။
ပြန်သုံးသပ်ဖို့ လိုတယ်။ ပြီးတော့ ဘာဆက်လုပ်မှာလဲ။ စဉ်းစားဖို့လိုတယ်။
ကိုယ်မြင်သလောက်ပြောရရင် နိုင်ငံရေးအင်အားစုတွေ စုံညီတဲ့ပွဲတစ်ပွဲ
ဖြစ်ခဲ့တယ်။ အလွန်အားရကျေနပ်ဖွယ်ကောင်းတဲ့ ရလဒ်ပါပဲ။ ငြိမ်းချမ်းရေး၊
ဖက်ဒရယ် စတာတွေကို ဆွေးနွေး ခဲ့ကြတယ်။ သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ဒါတွေဟာ
အစိုးရနဲ့ ပါတီတွေက အဓိကလုပ်ရမယ့် အလုပ်လို့ ကိုယ်မြင်တယ်။ အဓိကရလိုက်တဲ့
အမြတ်ကတော့ ခေတ်အဆက်ဆက် နိုင်ငံရေးအင်အားစုတွေ စုစည်းစုံညီခွင့်
ရလိုက်တာပဲ။ အားရှိလိုက်တာတော့ ပြောမနေနဲ့တော့။ ဒါပေမဲ့ ခက်နေတာတစ်ခုက
အားလုံးမှာ နိုင်ငံရေးလမ်းစဉ် ပျောက်နေတာပဲ။ ပိုဆိုးတာက ငါတကော
ကောနေကြတာပဲ။ ဒီပုံစံနဲ့တော့ ဒီမိုကရေစီနိုင်ငံ စစ်စစ်
တစ်နိုင်ငံဖြစ်လာဖို့ဆိုတာ ဝေးသေးတယ်။
ဘယ်လောက်နှမြောဖို့ကောင်းသလဲ။
တကယ်တမ်းဖြစ်သင့်တာက အဲဒီပုဂ္ဂိုလ်တွေ
အကုန်စုစည်းပြီး နိုင်ငံကိုတည်ဆောက်ရမှာ။ ဒီရှစ်လေးလုံး ပွဲကြီးပြီးလို့
မကြာခင်မှာ ရှစ်ပူးအဖွဲ့ထဲက ပါတီထောင်လိမ့်မယ်ဆိုတာလည်း ကြားလိုက်ရတယ်။
စိတ်မကောင်းဘူး။ ရှစ်ပူးအဖွဲ့တွေပါ ပါတီထောင်ရင် မှားမယ်။
ပါတီထောင်တယ်ဆိုတာ ရှင်းရှင်းပြောရရင် အာဏာရဖို့ပဲ။ သူတို့ အာဏာရနိုင်မလား၊
မဖြစ်နိုင်ပါဘူး။ အာဏာရတော့ရော တစ်နိုင်ငံလုံးရဲ့ စိတ်ဓာတ်တွေကို
လိုသလိုတည်ဆောက်နိုင်မယ် ထင်လို့လား။ အကန့် အသတ်တွေ အများကြီးရှိတယ်။
မြန်မာနိုင်ငံက ပြည်သူတွေက ပါတီဟေ့လို့ ဆိုလိုက်ရင် တစ်မျိုးမြင်ကြတယ်။NLD
ဆိုတာတောင်မှ ဒေါ်စုရှိနေလို့ NLD ဖြစ်နေတာ။ ဒေါ်စုမရှိ တော့တဲ့နောက်ပိုင်း
NLD ကို လူထုက ဘယ်လို သဘောထားကြမလဲဆိုတာ ကြိုတွေးကြည့်လို့ ရပါတယ်။
အဲသလိုပြောလိုက်တော့ ဦးတင်ဦးတို့၊ ဦးဝင်းတင်တို့ကို စော်ကားသလိုဖြစ်ဦးမယ်။
အထင်ကရ ပုဂ္ဂိုလ်တွေက အသက် ၈၀ ကျော် ၉၀ တွေဖြစ်ကုန်ကြပြီ။ အဲဒါကို
သတိထားဖို့လိုတယ်။ ဒေါ်စုတောင်မှ ကောင်းကောင်းအလုပ်လုပ်နိုင်ရင် ၂၀၁၅ ကနေ
၂၀၂၀ အထိပဲ။ ဒေါ်စုတောင်မှ အခုလောလောဆယ်မှာ ပါတီတစ်ခြမ်း၊ အဖွဲ့ချုပ်
တစ်ခြမ်း ရောသမမွှေထားရတယ်။ ကျန်းမာရေး၊ ပညာရေးအတွက် အလှူ ငွေတွေကိုတော့
လက်ခံနေရတယ်။NLD ကို တစ်ဖက်ကနေ ကျန်း/ပညာ နဲ့ ရန်ထားရတယ်။
နိုင်ငံခြားငွေဆိုရင် ပါတီက လက်ခံလို့မရဘူး။ ဒါလည်း ကန့်သတ်ချက်တစ်ခုပဲ။
အဲဒီအတွက် ရောသမမွှေထားရတာ မဆန်းပါဘူး။ ဒါကို အစိုးရကလည်း သိထားမှာပါ။
လာမယ့် ၂၀၁၅ မတိုင်မီ အဲဒီကိစ္စကို လည်း ရှင်းရလိမ့်မယ်။ မဟုတ်ရင်
ရွေးကောက်ပွဲဥပဒေနဲ့ ထိပ်တိုက် တွေ့သွားလိမ့်မယ်။ ငါ့ကိုထောက်ခံတဲ့သူတွေ
အများကြီးရှိတယ်။ ငါ့စိတ်က သိပ်ကြီး တယ်ဆိုပြီး အရာရာကို လျှော့တွက်ရင်
အမှားကြီးမှားသွားလိမ့်မယ်။
ရှစ်လေးလုံးပွဲမှာ လူစုံတယ်။
ဖြစ်စဉ်က ပူပူနွေးနွေးပဲ ရှိသေးတယ်။ ရှစ်လေးလုံး အင်အားစုတွေကို
Institution တစ်ခုထောင်စေချင်တယ်။ Political Institution တစ်ခုပေါ့။
ရှစ်ပူးတွေ ပါတီခွဲထောင်ရင် ဗျူဟာမြောက်အမှားဖြစ်မယ်။
တိုက်ပွဲကမပြီးသေးဘူး။ ပါးစပ်က ပြောနေရုံနဲ့ မပြီးဘူး။ လက်တွေ့ရပ်တည်
လုပ်ဆောင်မှုက စကားပြောတယ်။ တိုက်ပွဲ မပြီးသေးတာ သေချာရင် ဆက်တိုက်ရမယ်။
ဆက်တိုက်ဖို့ ပြင်ဆင်ရမယ်။ ပါတီထောင်တာ တိုက်ပွဲဝင်တာမဟုတ်ဘူး။ ကောင်းပြီ။
ဘာကိုတိုက်မှာလဲ။ တိုက်ပွဲအခြေအနေက ပြောင်းသွားပြီ။ အခုတိုက်ရမယ့်
တိုက်ပွဲက လူတွေ၊ အဖွဲ့အစည်းတွေကို မဟုတ်ဘူး။ အခြေအနေတွေကို
တိုက်ရမယ့်တိုက်ပွဲ ဖြစ်သွားပြီ။ တစ်နိုင်ငံလုံးက လူတွေရဲ့စိတ်ဓာတ်တွေကို
ဒီမိုကရက်တိုက် ဇေးရှင်းလုပ်ပစ်ရမယ့် တိုက်ပွဲဖြစ်သွားပြီ။
နိုင်ငံသားတွေကို တာဝန်ယူမှု ရှိပြီး ပညာရေချိန်မြင့်တဲ့သူတွေဖြစ်အောင်
လုပ်ရမယ့်တိုက်ပွဲ ဖြစ်သွားပြီ။ နိုင်ငံသားတွေရဲ့ စိတ်ဓာတ်တွေကို
ဓမ္မဘက်ကရပ်တည်ပြီး ဘယ်အဓမ္မတွေ ကိုမဆို ဆန့်ကျင်တိုက်ထုတ်ပစ်ရဲတဲ့
သတ္တိရှိတဲ့ သူတွေဖြစ်အောင် တိုက်ရမယ့် တိုက်ပွဲဖြစ်သွားပြီ။ စိန်ခေါ်မှုကတော့
သိပ်ကြီးမားတယ်။ အဲဒီလုပ်ငန်းတွေကို ပါတီနဲ့ တိုက်လို့မရဘူး။ Institution
ကြီးတစ်ခုနဲ့ပဲ တိုက်လို့ရမယ်။ နောက်ထပ် ၂၅ နှစ်ကြာအောင် တိုက်ချင်လည်း
တိုက်ရလိမ့်မယ်။ ဒီကြားထဲမှာ ဘယ်သူမှ အာဏာမလိုချင်ပါနဲ့။
ဒီ
Institution ကြီးကနေ လုပ်စရာအလုပ်တွေ အများကြီးရှိတယ်။
ရှစ်လေးလုံးသမိုင်းကို ပြုစုရမယ်။ ကျောင်းပြဋ္ဌာန်းစာအုပ် တွေထဲမှာ
အဆင့်လိုက် ထည့်သွင်းနိုင်အောင် လုပ်ရမယ်။ R&D အဖွဲ့ကြီးတစ်ဖွဲ့လည်း
ဖွဲ့ရမယ်။ အစိုးရရဲ့လုပ်ဆောင်ချက်၊ လွှတ်တော်တွေရဲ့ လုပ်ဆောင်ချက်၊
တပ်မတော်ရဲ့ လုပ်ဆောင်ချက်၊ တရားရေးအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်၊
ပြည်ထဲရေး/ထွေအုပ်ရဲ့ လုပ်ဆောင်ချက် အစရှိတာတွေကို မှတ်တမ်းပြု
လစဉ်သုံးသပ်၊ ကြေညာချက်ထုတ် စတာတွေလုပ်ရမယ်။ ဟောပြောပွဲတွေ၊ သင်တန်းတွေ၊
ဆွေးနွေးပွဲတွေ၊ Workshop တွေ လုပ်ရမယ်။ တစ်နိုင်ငံလုံးအနှံ့ စဉ်ဆက်မပြတ်
နှစ်ပေါင်းများစွာ လုပ်ရမယ်။ စာအုပ်တွေ ထုတ်ရမယ်။ ကွန်ရက်တွေ ဖွဲ့ရမယ်။
နိုင်ငံတကာ Institution တွေနဲ့လည်း လက်တွဲလုပ်ရလိမ့်မယ်။ ကျန်းမာရေး၊
ပညာရေး၊ လူမှုရေးတွေကို အစိုးရက လုပ်လိမ့်မယ်။ ဘယ်အစိုးရတက်တက် ကျကျနန
မလုပ်ရင် အဲဒီ Institution ကနေ ပြောမယ်။
လူတွေရဲ့ပညာရေချိန်
မမြင့်ရင် ဒီမိုကရေစီစစ်စစ် တည်ဆောက်လို့ မရဘူး။ လမ်းပေါ်မှာ ဆန္ဒပြခွင့်ရတာ
ဒီမိုကရေစီရဲ့အကာပဲ ရှိသေးတယ်။ တကယ့်အနှစ်က ပြည်သူတွေဟာ တရားဥပဒေနဲ့အညီ
ကျင့်ကြံနေထိုင် နိုင်ရမယ်။ ဓမ္မကိုပဲ လက်ခံရမယ်။ အဓမ္မကို ငြင်းပယ်ရမယ်။
မှန်ကန်တဲ့ ဥပဒေတွေနဲ့ မှန်ကန်တဲ့တရားစီရင်ရေး ရှိရမယ်။ အဲဒါကို
Institution က တည်ဆောက်နိုင်ရမယ်။ အဲဒီ Institution ကို နာမည်ပေးချင်တယ်။
‘Tetra Eight Generation Political Institution ။ အဲဒီအမည်ကို ဝေလေလေ
ကောင်တွေကို ယူမသုံးစေချင်ဘူး။ အခုဟာက အချိန်ကောင်း၊ အခါကောင်း၊
အခွင့်အရေးကောင်းကို ရောက်နေပြီ။ ကွဲမထွက်စေချင်ဘူး။ ညီညီညွတ်ညွတ်
လုပ်ဆောင်စေချင်တယ်။ မျိုးဆက်ဟောင်းတွေနဲ့ မျိုးဆက်သစ်တွေ အကုန်
ပါစေချင်တယ်။
ကဲ ကိုမြတ်လှိုင်းရေ
ကျွန်တော့် စိတ်ကူးတွေ၊
ပြောချင်တာတွေ တောက်လျှောက် ရေးချလိုက်လို့ ဖတ်ရတာ အာရုံနောက်သွားပြီလား။
ခင်ဗျားလည်း စဉ်းစားပြီး စာပြန်ပါဦး။ စာလည်း အတော်ရှည်သွားပြီမို့
နားဦးမယ်ဗျာ။ ကျန်းမာရေးဂရုစိုက်ပါ။
From:The Voice
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Thursday, August 22, 2013
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
-
▼
08/18 - 08/25
(243)
- ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ
- လူမင်းဇနီး ရင်ဖွင့်ချက်။
- မလေးရှားရောက်အိုဗာစတေး နိုင်ငံခြားသားများအတွက် အရေ...
- ဒေါ်စု သားသမီး ဒီမိုခွေးအပေါင်း နှင့် စစ်တပ်ဘက်တော်...
- ထိုင်း လူဝင်မှု အချုပ်ခန်းမှ ရိုဟင်ဂျာများ ထွက်ပြေး
- မိုးသည်းထန်စွာ ရွာ၍ မြစ်ရေ မြင့်တက်မှုကြောင့် ရန်ကု...
- တမန်တော် မဟာမဒ် လူလိမ်အား ခေါ်ယူ စစ်ဆေးခြင်း
- မလေးရောက် တရားမဝင် လုပ်သား တစ်သိန်းခွဲကို နိုင်ငံက...
- " ယနေ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဦးလူမင်း (မြန်မာနိုင်ငံ ...
- ငါးပိ ဖိုဘီးယား ဖြစ်တော့မှာလား
- ထိုင်းနယ်စပ် မြန်မာဒုက္ခသည်အချို့နေရပ်ပြန်ပို့ဖို့ ...
- ပုသိမ်ခရိုင်တွင် သုံးရက်အတွင်း ဘင်္ဂါလီ ၃၀၀ ကျော် ဖမ...
- နေမုန်တိုင်း သက်ရောက်မှု ကမ္ဘာတွင် ခံရနိုင်ကြောင်း N...
- ကင်းနား လိမ်ပြောကြောင်း ဦးရဲထွဋ် ဓာတ်ပုံဖြင့် သက်...
- ပြန်ကြားရေးဦးဆောင် ဖွဲ့စည်းသည့် ရုပ်ရှင်အစည်းအရုံ...
- ရုပ်ရှင်အစည်းအရုံးနှင့် ဗီဒီယိုအခြေခံအဖွဲ့ဥက္ကဌများ...
- ရန်ကုန်မြေဈေး ကျဆင်းရန် အစိုးရစတင်လုပ်ဆောင်၊ နေရာ...
- ကုလား အကြမ်းဖက်သဖြင့် ထွက်ပြေးလာသည့် ရခိုင်ဒုက္ခသည်...
- ပန်းဘဲတန်းမြို့နယ်တွင် ပုပ်ပွနေသော အမျိုးသားအလောင်...
- ကန့်ဘလူတောင်ဘက် ထန်းကုန်းတွင် မြန်မာ-ကုလား အဓိကရုဏ...
- လျှောက်တွေးမနေနဲ့ “ဒေါ်အောင်ဆန်းစုကြည်”ကိုပြောတာ
- အမတ်ဖြစ်ချင်နေပြီလား လင်းလင်း???
- ကင်တားနားဘင်္ဂါအခွင့်အရေးအတွက်ခရီးစဉ် မအောင်မြင်ခဲ့ဟ...
- “ ၈၈၈၈ ကျောင်းသားခေါင်းဆောင်များ (သို့) အလုပ်အကိုင...
- Facebook ကို ဖောက်နိုင်သည့် ဟက်ကာ ဒေါ်လာ ၁၁,၀၀၀ ရရန...
- ဖောက်ခွဲရေးသမား သတင်းကြောင့် မြိတ်တွင် ရပ်/ကျေးအဆင...
- ဒီမိုကရေစီ အိန္ဒိယနိုင်ငံတွင် အမျိုးသမီး ဓာတ်ပုံသတင...
- ရခိုင်ပြည်နယ်တွင် မျိုးစောင့်အဖွဲ့ နှင့် ပတ်သက်၍ ရ...
- ဆီးရီးယားအစိုးရ ဓာတုလက်နက်ဖြင့် တိုက်၍ လူ ၁၃၀၀ ကျေ...
- တရုတ် ကျေးဇူးကြောင့် မည်သူမဆို ဆေးကုသခွင့် အခမဲ့ ရ...
- အကြမ်းဖက်လုပ်ရပ်များကို ကာကွယ်ရန် ရဲနှင့်စစ်တပ် လံ...
- နိုင်ငံတော်သမ္မတ ဥပဒေကျင့်ဝတ် မလိုက်နာကြောင်း လွှတ်ေ...
- ဒီမိုကရေစီ အမေရိကန်တွင် ပြည်သူများ၏ အီးမေးလ်များကိ...
- ကင်တားနား၏ လူ့အခွင့်အရေးခရီးစဉ် မအောင်မြင်ဟုဆို
- လူမင်းနှင့် အမှုဆောင်အဖွဲ့ နုတ်ထွက်ပေးရန် ရုပ်ရှင်ေ...
- ကော်ရှူခြင်းကို ဥပဒေပြုထုတ်ပြန်ပြီး တားဆီးနိုင်ရန်စ...
- တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် အဓိကရုဏ်း...
- ကလေးမြို့တွင် မြစ်ရေစိုးရိမ်ရေမှတ်ကျော်၍ ကယ်ဆယ်ရေး...
- အထက်တန်းအဆင့်မရောက်မီ ကျောင်းသူလေးများအား အပျိုစစ်...
- ဟံသာဝတီ ပြန်လည် ထူထောင်ရေး ပါတီ တပ်ဖွဲ့ဝင်များ လက်...
- ရင်သားကြီး၍ အမှုနိုင်သွားသူ မိန်းကလေး
- ကျုံးဘေးတွင် ဓားဖြင့်လိုက်ခုတ်နေသူများအားဖမ်းမိ၊ လ...
- ဟိုင်းကြီးကျွန်းအနီးတွင် ဘင်္ဂါလီ၂၇၀ ကျော် ထပ်မံတွေ့ရှိ
- ကိုယ်ချင်းစာလို့လား အမျိုးတော်လို့လား
- အဆိုတော် လင်းလင်း အကြောင်း အိပ်ဖွင့်ပေးစာ
- ကင်တာနား၏ ယာဉ်တန်းအား တိုက်ခိုက်ခဲ့ခြင်းမှာ မဟုတ်မ...
- ညလုံးပေါက် ချစ်ရည်လူးခြင်းကြောင့် ဇနီးသည်အိပ်မပျော...
- ရင်နာတယ် ဒေါ်စုရယ်
- မိတ္ထီလာတွင်ကင်တားနားအားဆန္ဒပြမှု၈၈မျိုးဆက်အဖွဲ့ သဘော...
- ပြောင်ပြောင်တင်းတင်း ဘင်္ဂလီ လော်ဘီလုပ်လာသော Nld ၏ အ...
- သံတွဲရေကြီးမှု လေးဦးသေဆုံး
- အီဂျစ် အာဏာရှင်ဟောင်း မူဘာရက်ကို ပြန်လွှတ်ရန် တရားရ...
- နိုင်ငံ ၅ဝ ကျော်မှ မိုဘိုင်းဖုန်းများ မြန်မာ၌ အသုံ...
- ပြန်ပေါင်းရန် ခေါ်မရ၍ဇနီးကို ဓားဖြင့်ထိုးသတ်
- သွေးတိုးရင်ကျပ် ရောဂါသည်တစ်ဦး ခုတင်ပေါ်မှ ပြုတ်ကျေ...
- စတုတ္ထမဏ္ဍိုင် ဆိုတဲ့ ကြက်သတုံးတွေ ကျင့်ဝတ်ဆိုတာ ဘာမှ...
- ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများကို လူမိုက်တွေဖြစ်အောင...
- ဒဂုန်တာရာ အတွက် သမ္မတကြီး ဦးသိန်းစိန် ဝမ်းနည်း
- ဦးဇခုန်တိန့်ယိန်း မှ ဂမ်ရှောင်၊ ဂွန်မော် သို့ ပေး...
- ဆီးဂိမ်းပြိုင်ပွဲအတွက် အမေရိကန်ဒေါ်လာ သုံးသိန်းတန်ဖ...
- အီဂျစ် မွတ်ဆလင်ညီနောင်များ ခေါင်းဆောင် အဖမ်းခံရ
- တစ်ဦးတစ်ယောက်တည်း အတွက် အခြေခံဥပဒေကို ပြင်ဆင်ခြင်...
- ကော့သောင်းတွင် ဖောက်ခွဲရေးသမားများ ရောက်ရှိလာနိုင်...
- ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ရေးတင်ဒါရရှိသွားသော က...
- ပြည်သူနှင့် အတူ ကင်တားနားအား လက်မခံသော သမ္မတကြီးဦး...
- ပြည့်တန်ဆာတစ်ဦး၏ ဓာတ်ပုံ အကောင်းဆုံး ကမ္ဘာ့သတင်းဓာ...
- (၂၅) နှစ်အတွင်း ဒီမိုကေ၇စီေ၇းဘန်းပြပီး နိုင်ငံတကာမ...
- ကင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန် ပုသိမ်...
- ရေသာခိုအချောင်လိုက်ရင် ဆင်းရဲမှုသံသရာလည်နေဦးမည်ဟု သ...
- အီဂျစ် ထောင်ဖောက်ရန် ကြိုးစားမှုတွင် အစ္စလာမ္မစ် အကျဥ...
- လင်မယားနှစ်ဦး လိင်ဆက်ဆံနေပုံကို ဗီဒီယိုခိုးရိုက်ခဲ...
- ဂျပန်နီပွန်လေကြောင်း စက်တင်ဘာလကုန်တွင် တိုကျို-ရန်...
- လူထုကို လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ပြုသည့်အတွက်ြ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ...
- ဇနီးသည်နှင့် ချိန်းတွေ့နေသည့် အမျိုးသားကို ခင်ပွန်...
- ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးအား မွတ်ဆလင် မုဒိမ်းကျင့်သ...
- မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား ...
- စင်္ကာပူမှ ကျောင်းသူတစ်ဦး သူမ၀တ်ပြီးသား အတွင်းခံမျာ...
- ရှစ်လေးလုံး ဘာလဲ၊ ဘယ်လဲ
- ကျောင်းဆရာမတဦးကို အနားပေးမှု ၈၈ အခမ်းအနားနှင့်မဆိုင...
- ကင်တားနား မိတ္ထီလာက ဘာဖြစ်လို့ ကြောက်ချီးပန်း ထွက်ေ...
- *** ကင်တားနား ဘာလဲ၊ ဘယ်လိုမွှေဦးမလဲ နှင့် ...... ***
- Facebookဟက်တဲ့လူ ဆုချီးမြှင့်ခံရ
- " အနုပညာရှင်ဆိုတာ ပြည်သူနဲ့ တစ်သားတည်းဆိုတဲ့ ဦးအေ...
- " အိန်းအိန်း ၊နစ်ကီစတဲ့ ဖေ့စ်ဘုတ် နာမည်ကျော်များနဲ...
- "ဘဲလေးကချေသည်"
- မိတ္ထီလာတွင် ရဲများအနီးအနားရှိနေလျက် အကြမ်းဖက်ခံရြေ...
- အရှုံးသမား ဂျပန်
- ဖုန်းမလိုသော စမတ်နာရီ စစ်စစ် Omate TrueSmart
- ကော်ဖီ အသောက်များ သေလမ်းသွားမည်ဟုဆို
- " ညီညွတ်ဖို့ လိုပါပြီ "
- ကင်းမြီးကောက်
- ကိုယ်တွင်း အဆီပိုများကို ဖယ်ရှားနိုင်သော နည်းလမ်းမ...
- အလယ်တန်းပြ ကျောင်းဆရာမ တစ်ဦး မိမိကိုယ်ကိုယ် ဆွဲကြ...
- လူကြိုက်များလာတဲ့ ကိုယ်ဝန်တားနည်း အသစ်
- မြန်မာ့စိတ်ရင်း တွေ ဘယ်နေရာကို လွှင့်ပစ်လိုက်ကြပြီလဲ
- အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ…
- ပုရွက်ဆိတ်တကောင် လိပ်ပြာအဖြစ် ဝင်ခံစားရခြင်းအကြောင...
- စင်္ကာပူရောက် မြန်မာမလေးတစ်ယောက် Facebook မှာ မဖွယ်မ...
- မလေးရှားတွင် မုဒိမ်းကျင့်ခံရသူနှင့် အတူနေသည့် မြန်...
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
- ► 07/28 - 08/04 (293)
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...