သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 22, 2013

အရှုံးသမား ဂျပန်

အရှုံးသမား ဂျပန်
(ဆဲဗင်ဒေးသတင်းစာပါ ဘာသာပြန်ဆောင်းပါး)
အာရှမှာ နောက်ဆုံစီးပွားရေးမျက်နှာစာသစ်ဖြစ်လာသည့် မြန်မာနိုင်ငံမှာလုပ်ဆောင်နေသော ဂျပန်နိုင်ငံ၏ စီးပွားရေးလုပ်ပုံလုပ်နည်းမဟာဗျုဟာ များကို ပြန်လည်သုံးသပ်ရန်လိုနေပြီဟု ဂျပန်တိုင်းသတင်းစာကြီးက ဝေဖန်ထောက်ပြလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံမှာအခြေခံအဆောက်အအုံများကို ပြန်လည်ပြင်ဆင်ရန် နိုင်ငံတကာလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်တင်ဒါလျှောက်ထားရန်ခေါ်ယူတိုင်း ဂျပန်ကုမ္ပဏီအုပ်စုများက မရလိုက်ဘဲ ရှိနေသောကြောင့်ဖြစ်သည်။

မြန်မာလေဆိပ်များဆောက်လုပ်တိုးချဲ့ ခြင်း
လုပ်ငန်းစဉ်များ နှင့်ဆက်သွယ်ရေးလုပ်ငန်း များသည် တောင်ကိုရီးယားနှင် တရုတ်ကုမ္ပဏီများအပါအ၀င် နိုင်ငံတကာကုမ္ပဏီများကို ဂျပန်က ရှုံးနိမ့်ခဲ့ ရသည့် အခွင့်လမ်းကောင်းများဖြစ်သည်။

“ ကျနော်တို့ ရဲ့ ကစားနည်းကို ပြောင်းဖို့ လိုလာပြီ” ဟု မြန်မာကို ဒေါ်လာသန်းနှင့်ချီသော ကြွေးမြီများလျော်ပေး ထားလင့်ကစား မြန်မာကလုပ်ငန်းလုပ်ပိုင်ခွင့်များရယူရာမှာ ရလာဒ်မကောင်းလှသော ဂျပန်၏ အခြေအနေကို ကြုံတွေ့ နေရသည့် ဂျပန်အစိုးရအရာရှိကြီးတဦးက ပြောပါသည်။

နိုင်ငံတကာခရီးသွားများမြန်မာနိုင်ငံကိုဝင်ရောက်သည့် အဓိကပင်မ တံခါးပေါက် လေဆိပ်ဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကို တိုးချဲ့ ပြင်ဆင်ရန် လုပ်ကိုင်ခွင့်လျှောက်ထားသည့် အချိန်က တင်ဒါအောင်သူကို မကြေညာခင် နောက်ဆုံးမိနစ်အထိ ဂျပန်အစိုးရ အရာရှိများက သူတို့ ရမည်ဟု အပိုင် တွက်ထားခဲ့ ကြသည်။

သို့သော် မြန်မာအစိုးရက ရန်ကုန်လေဆိပ်ကို လုပ်ကိုင်ခွင့်ရသူကို ပြီးခဲ့သည့် စနေက ကြေညာလိုက်သောအခါ တရုတ်ကုမ္ပဏီနှင့်ပြည်တွင်းကုမ္ပဏီများပါဝင်သည့် အုပ်စုသာဖြစ်သည်။ နောက်တခါမြန်မာအစိုးရက တခြားနိုင်ငံတကာလေဆိပ်တခုဖြစ်သည့် ပဲခူးမြို့ အနီးရှိဟံသာဝတီလေဆိပ်ကို ဆောက်လုပ်ရန်စီမံကိန်းကို ကျေညာလိုက်သောအခါ တောင်ကိုရီးယားက အင်ချွန်းလေကြောင်းကုမ္ပဏီအုပ်စုက ရရှိသွားပြီး ဂျပန်နယူးကန်စိုင်း ကုမ္ပဏီအုပ်စုက ရှုံးနိမ့်ခဲ့ သည်။

ဟံသာဝတီလေဆိပ်မှာ ရန်ကုန်မြို့ ၏ မြောက်ဘက်ကီလိုမီတာ ၇၀ ကွာဝေးသော ပဲခူးမြို့ အနီးတွင် ဆောက်လုပ်မည်ဖြစ်သည်။
သို့ သော်လည်း ဂျပန်အတွက် အရာခပ်သိမ်းမှာသတင်းဆိုးများချည်း မဟုတ်ပါ။ မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြုပြင်မွမ်းမံမည့်စီမံကိန်းတွင် ဂျပန်ကုမ္ပဏီများဖြစ်သည့်မစ်ဆုဘုရှီနှင့် ဂျပန်လေကြောင်းလိုင်း၏ လုပ်ငန်းခွဲတခုဖြစ်သည့် ဂျေလက်ကုမ္ပဏီများပူးပေါင်းထားသည့် အုပ်စုကရရှိခဲ့ ပါသည်။ ဂျပန်ယန်းငွေ ၆ဘီလီယံကုန်ကျမည့် အဆိုပါစီမံကိန်းအတွက် ဂျပန်ကုမ္ပဏီများက လုပ်ကိုင်ခွင့်အနှစ်သုံးဆယ်ရရှိမည်ဖြစ်သည်။

သို့ ရာတွင် ဂျပန်ယန်းငွေ ဘီလီယံချီပြီးရင်းနှီးမြုပ်နံရမည့် လေဆိပ်အသစ်တည်ဆောက်မှုနှင့် လုပ်ငန်းပမာဏချင်းနှိုင်းယှဉ်ပါက ထိုစီမံကိန်းမှာ သေးငယ်လှသည်။
စစ်အုပ်ချုပ်ရေးစနစ်မှာ နှစ်ပေါင်းများစွာ နေလာခဲ့ ပြီးနောက် ကမ္ဘာကို တံခါးဖွင့်ပေးလိုက်သည့်အချိန်တွင်မြန်မာနိုင်ငံက လာမည့် ၂၀၂၀တွင် ခရီးသွားဦးရေ ခုနှစ်သန်းလောက်အထိလာရောက်စေချင်သည်။ ထို့ ကြောင့် လေဆိပ်များကို နိုင်ငံတကာအကူအညီဖြင့် မွမ်းမံပြင်ဆင်ရန်ကြိုးစားနေသည်။

လေဆိပ်လုပ်ငန်းလုပ်ကိုင်ခွင့်ရသည့်သူများကို ဘယ်အချက်အလက်များအပေါ်မူတည်ပြီး အခြေခံ
ရွှေးချယ်ခဲ့သည်ကို မြန်မာအစိုးရက ထုတ်ဖော်မပြောထားသော်လည်း သူတို့ ၏ထင်မြင်သုံးသပ်ချက်အရ အဆိုပါတင်ဒါများသည် မြန်မာသမ္မတဦးသိန်းစိန်နှင့် ရင်းနှီးဆက်သွယ်မှုကို မူတည်ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဂျပန်ကုန်သွယ်ရေးဌာနက အရာရှိတဦးကဆိုပါသည်။
ထို့ ပြင် တင်ဒါအောင်သူများကို ရွေးချယ်ရာတွင်မြန်မာနိုင်ငံက လျှောက်ထားသူနိုင်ငံများအကြား အညီအမျှဖြစ်အောင်ကြိုးစားပြီး ရွေးချယ်ခဲ့ သည်ဟု သူကပြောကြားသည်
မြန်မာလူဦးရေ သန်း၆၀ အတွက် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထားရာမှာလည်း ဂျပန်ကုမ္ပဏီများက ရှုံးနိမ့်ခဲ့ ပါသည်။ပြီးခဲ့သည့်ဇွန်လက ဂျပန်KDDI နှင့် ဆူမီတိုမိုကုမ္ပဏီတွေအပါအ၀င် အလားအလာရှိသော ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီ ၁၂ခုထဲမှာ မြန်မာက နော်ဝေးကတယ်လီနောနှင့် ကာတာနိုင်ငံက အော်ရီဒူးကုမ္ပဏီကို ရွေးချယ်ခဲ့ ပါသည်။

ယခုကဲ့ သို့ ရေနံသဌေးကာတာနိုင်ငံက ကုမ္ပဏီကို ရွေးချယ်လိုက်ခြင်းမှာ အူရဒူးကုမ္ပဏီက ပုံမှန်ထက်ကျော်လွန်ပြီး ငွေအမြောက်အများပေးကမ်းလှမ်းခဲ့ သည့်အတွက်ဖြစ်သည်ဟု ကောလဟလသတင်းစကားတွေ ထွက်ခဲ့ ၏
မြန်မာနိုင်ငံအပေါ်ဂျပန်က စီးပွားရေးလုပ်ငန်းအ
တွက် စိတ်အားထက်သန်နေမှုကြောင့် ပြီးခဲ့ သည့်မေလကဂျပန်ဝန်ကြီးချုပ်ရှင်ဆိုအာဘေးက သက်ဆိုင်ရာလုပ်ငန်းအသီးသီးက လုပ်ငန်းကိုယ်စားလှယ် ၁၀၀ခန့်နှင့် မြန်မာကို သွားရောက်ခဲ့ပါသည်။
မြန်မာသမ္မတဦးသိန်းစိန်နှင့်တွေ့ ဆုံရာမှာ ဂျပန်ဝန်ကြီးချုပ်ရှင်ဆိုအာဘေးက ဂျပန်က မြန်မာအပေါ်တင်နေသော ယန်း ၁၉၀ ဘီလီယံကို လျှော်ပေးခဲ့သည့်အပြင်နောက်ထပ်ယန်း ၉၁ ဘီလီယံအကူအညီပေးသွားရန် ကတိပြုခဲ့ ပါသည်။


မြန်မာနိုင်ငံ၏ နိုင်ငံပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ဂျပန်အစိုးရရော ပုဂ္ဂလိကကပါပူးပေါင်းကူညီသွားမည်ဟုလည်း သူက ပြောကြားခဲ့ သေးသည်။ယခုအချိန်ထိဂျပန်က အမေရိကန်နှင့် ဥရောပကိုသာ မြန်မာနိုင်ငံမှ နိုင်ငံတကာ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များအတွက် ပြိုင်ဘက်အဖြစ်သဘောထားနေသည်။ တကယ်တမ်းလက်တွေ့ တွင်မှု ဂျပန်ကို နောက်ကောက်ချအနိုင်ယူသွားသည်မှာ တခြားအာရှပြိုင်ဘက်များသာဖြစ်ပါသည်။
တောင်ကိုရီယားနှင့် တရုတ်တို့သည် လုပ်ငန်းလိုင်စင်ယှဉ်ပြိုင်ရာတွင် ဂျပန်ကို နိုင်စရာအကြောင်းမရှိဟု မြန်မာအစိုးရအရာရှိကြီးတဦးကမှု ပြောကြားခဲ့ ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂျပန်က မြန်မာကိုအကြွေးလျှော်ထားသူဖြစ်သည့်အပြင် အိုဒီအေခေါ်ဂျပန်အစိုးရအထောက်အပံ့ ကိုလည်း လုပ်ငန်းလိုင်စင်ချပေးရာတွင်စဉ်းစားထည့်သွင်းခဲ့ သည်ဟုဆိုသည်။
သို့ သော် တကယ်တမ်းလုပ်ငန်းလုပ်ကိုင်ခွင့်ရသူကို ကြေညာရာတွင်မှု ဂျပန်ကုမ္ပဏီများ၏ အမည်ပါမလာခဲ့ ပါ။

(ဂျပန်တိုင်းမ်သတင်းစာ၏ အာဘော် Myanmar strategy to get rethink after failed infrastructure bids ကို ထားထားမြင့်မှ ဘာသာပြန်ဆိုပါသည်)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D