သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 22, 2013

ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးအား မွတ်ဆလင် မုဒိမ်းကျင့်သည့် ကိစ္စ အေဂျင်စီများအသင်းချုပ် သွားရောက် ညှိနှိုင်းမည်

မလေးရှားနိုင်ငံ ဂျိုဟိုးတွင် မုဒိမ်းကျင့်ခံရသူ မြန်မာအမျိုးသမီး အလုပ်သမားကိစ္စ ဆွေးနွေးညှိနှိုင်း ရန် အေဂျင် စီများ အသင်းချုပ်သည် သြဂုတ်လ ၂၆ ရက်နေ့တွင် မလေးရှားနိုင်ငံသို့ သွားရောက် မည် ဖြစ်ကြောင်း ယင်းအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားသည်။

ယင်းအမျိုးသမီးသည် လတ်တလောတွင် ဂျိုဟိုး ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်လျက်ရှိပြီး ၎င်းမှာမြန်မာနိုင်ငံ သို့ ပြန်လာရန် ဆန္ဒမရှိသည့်အတွက် သူ၏သဘောအတိုင်း အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“အလုပ်ပြောင်းမယ်ဆိုလည်း ပြောင်းပေးမယ်။ ကိုယ့်အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးအ တွက် ကူညီဆောင်ရွက်ပေးသွားမှာပါ” ဟု အေဂျင်စီများအသင်းချုပ် ဥက္ကဋ္ဌက ပြောဆိုသည်။

ဂျိုဟိုးပြည်နယ်၊ Panasonic ဖုန်းထုတ်လုပ်သည့် Flairis Shd B hd စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး အလုပ်သမားများ နေထိုင်သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခဲ့ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများထံမှ သိရသည်။

အဆိုပါပြစ်မှု ကျူးလွန်သူကို စုံစမ်းသိရှိပြီးဖြစ်ပြီး အရေးယူရန် ဆောင်ရွက်နေကြောင်း၊   မြန်မာအလုပ် သမား များ လုံခြုံရေးနှင့် အခွင့်ရေးကာကွယ် စောင့်ရှောက်ရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ သံအရာရှိ က ဆောင်ရွက်ပေးနေကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောကြားသည်။
 
From:The Voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D