သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 22, 2013

ဆီးဂိမ်းပြိုင်ပွဲအတွက် အမေရိကန်ဒေါ်လာ သုံးသိန်းတန်ဖိုးရှိ ပလက်တီနမ်စပွန်ဆာရှစ်ခု ရရှိထား

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ သုံးသိန်းတန်ဖိုးရှိ ပလက်တီနမ် စပွန်ဆာရှစ်ခုအထိ ရရှိထားကြောင်း ဆီးဂိမ်းစပွန်ဆာ ရှာဖွေခွင့်ရရှိထား သည့် Dentsu Sports Asia နှင့် JK Consultant ကုမ္ပဏီတို့၏ ကိုယ်စားလှယ် ပြောရေးဆိုခွင့်ရှိသူ
ဒေါ်နုနုရီမှ ပြောသည်။

ဆီးဂိမ်း စပွန်ဆာများပေးရာတွင် ပလက်တီနမ်၊ ဆေးလ်ဗားနှင့် ဂိုးစပွန်ဆာဟူ၍ စပွန်ဆသုံးမျိုးခွဲခြားထားပြီး ပလက်တီနမ် စပွန်ဆာသည် အမေရိကန်ဒေါ်လာ သုံးသိန်း၊ ဆေးလ်ဗားစပွန်ဆာသည် အမေရိကန်ဒေါ်လာ
နှစ်သိန်းနှင့် ဂိုးစပွန်ဆာသည် အမေရိကန် ဒေါ်လာတစ်သိန်း ဖြစ်သည်။ လက်ရှိအချိန်တွင် ပလက်တီနမ် စပွန်ဆာရှစ်ခု၊ ဆေးလ်ဗား စပွန်ဆာနှစ်ခရရှိထားပြီး ပလက်တီနမ် စပွန်ဆာရှစ်ခုမှာ  MAI လေကြောင်း၊ KBZ Bank ၊ Local KBZ Air Line ၊ မြန်မာဘရူဝါရီ ၊Blue mountain ၊ ဒေါ်ဝင်း ကုမ္ပဏီ၊ Panasonic၊ Samsung တို့ ဖြစ်သည်။ ဆေးလ်ဗား စပွန်ဆာနှစ်ခုမှာ ချယ်ရီဦးနာရီနှင့် ကမ္ဘောဇ အာမခံလုပ်ငန်းတို့
ဖြစ်သည်။

ဒ်ါနုနုရီက“ဆီးဂိမ်းအတွက် ကွင်းတွေဆောက်တာ၊ အားကစားရုံတွေဆောက်တာ နိုင်ငံတော် ဘတ်ဂျက် အများကြီးကုန်ပါတယ်။ နောက်ပြီး အင်ဒိုနီးရှားမှာရှိတဲ့ကွင်းတွေ၊ ထိုင်းမှာရှိတဲ့ ကွင်းတွေထက်လည်း အများကြီးပိုကောင်းပါတယ်လို့ ဆီးဂိမ်းကိုလာလေ့လာတဲ့ ပြည်ပအဖွဲ့တွေရဲ့ ချီးကျူးခြင်းကိုလည်း ခံရပါတယ်။ ဒီအတွက်လည်း အများကြီး ဂုဏ်ယူရပါတယ်။ကုန်ကျ စရိတ်တွေများတဲ့အတွက် စပွန်ဆာတွေ ဘယ်လောက်ပဲပေးပေး ရသလောက်ကို ယူမှာပါ။ နောက်ထပ် ပလက်တီနမ်စပွန်ဆာတွေအတွက်
ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအချို့နဲ့ စကားပြောနေဆဲတွေရှိသလို ဆေးလ်ဗားစပွန်ဆာအတွက်လည်း မကြာမီမှာပဲ နောက်ထပ် နှစ်ခုလောက်ထပ်ရဖို့ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ဆီးဂိမ်းစပွန်ဆာရှာဖွေခွင့် ရရှိထားသည့်Dentsu Sports Asia နှင့် JK Consultant ကုမ္ပဏီတို့အား ၀န်ကြီး ဌာနမှ ဆီးဂိမ်းစပွန်ဆာအတွက် အမေရိကန်ဒေါ်လာနှစ်သန်း ရှာဖွေပေးရန် သတ်မှတ်ထားပြီး လက်ရှိအချိန် တွင် အမေရိကန်ဒေါ်လာနှစ်သန်းကျော်နေပြီဖြစ်ကြောင်း သိရသည်။ 


From : ..mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D