သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, August 21, 2013

ပုရွက်ဆိတ်တကောင် လိပ်ပြာအဖြစ် ဝင်ခံစားရခြင်းအကြောင်း (အပိုင်း .. ၁)

ပုရွက်ဆိတ်တကောင် လိပ်ပြာအဖြစ် ဝင်ခံစားရခြင်းအကြောင်း (အပိုင်း .. ၁)

လူငယ်ဆိုတာ ကိုယ်ယုံကြည်ရာကိုရွေးချယ်ပြီး ဘဝတွေကိုထုဆစ်တတ်ကြတာမျိုးပါ။သူဟာသီချင်းမျိုးစုံကို ရေးခဲ့တယ်။ ရေးဦးမယ်။ တီးခဲ့တယ်။ တီးနေပါဦးမယ်။အသစ်အသစ်တွေကို ချဉ်ချင်းတပ်သူ၊ ဘောလုံးပွဲကြိုက်သူ၊ ပြီးတော့ 'ဆရာဝန်' မလုပ်တဲ့ဆရာဝန်။

သူဟာ ပုရွက်ဆိတ်တကောင်ဖြစ်ပြီး ခေတ်ပေါ်ဂီတကမ္ဘာကြီးအနှံ့မှာ နေထိုင်ဝံ့သူပါ။နေထိုင်နေတဲ့သူပါ။သူ့ကိုသိခြင်းဟာ သူ့အနုပညာကိုသိခြင်းမည်ပါတယ်။လူငယ်တွေအတွက် သူအားရပါးရပြောပြပေးတာကို ကျေးဇူးတင်နေမိတယ်။ဒါဟာသူ့ဘဝရဲ့ ကောက်ကြောင်းမဟုတ်ပါဘူး။ဒါပေမယ့် တစုံတရာသာ အကျိုးကျေးဇူးရခဲ့မယ်၊ ဥာဏ်အလင်းပွင့်စရာ သိခဲ့မယ်ဆိုရင် ကိုဇော်လတ်နဲ့ စကားပြောရတာကို ကျွန်တော်ကျေနပ်ရမှာပါ။အဖိုးတန်စာမျက်နှာများ ဖြုန်းတီးရာမရောက်နိုင်တော့ဘူးပေါ့ဗျာ။ဂီတနဲ့ပတ်သက်တဲ့ အနည်းငယ်သော 'သိုးဆောင်း' စကားများကိုတော့ သည်းခံပြီးဖတ်ကြစေလိုပါတယ်။ဒီစကားတွေကို 'အနက်' ပေးလိုက်ရင် အထူအပါး အရသာကို စော်ကားသလိုဖြစ်မှာမို့ ဒီတိုင်းပဲထားလိုက်ကြစို့ရဲ့။

ကျေးဇူးတင်စွာဖြင့်
သိမ်းတင်သား။
.........................................................................................................

မေး။ ကိုမောင်မောင်ဇော်လတ်နဲ့ The Ants က တယောက်ထဲပဲလား။ Ants အကြောင်းလေး နည်းနည်းလောက် ပြောကြရအောင်။

အင်း တစ်ယောက်ထဲပါပဲ။၉၆၊၉၇ လောက်ကတော့ ကိုလေးဖြူ လုပ်ပေးတဲ့ 'ရောင်စုံချောကလက်' အခွေထွက်ခဲ့ပါတယ်။အခု ဆရာကျောင်း (ဒီဇိုင်းဆရာ ဒါရိုက်တာ မျိုးဆွေသန်း)မူပိုင် 'နှံကောင်လေးရဲ့ နွေဦးပုံပြင်' ထွက်တော့မယ်လို့တော့ ပြောတာပဲ။ဒီလိုအခြေအနေနဲ့တော့မထွက်နိုင်သေးဘူးထင်တယ်။ဒီတိုင်းဆိုရင် နောက်လတောင်မှ ထွက်နိုင်ပါ့မလားမသိဘူး။


မေး။ ခင်ဗျား ဂီတခရီးကိုစခဲ့တာ ၄တန်း ၅တန်း လောက်ကတည်းကနော်။ပြီးတော့လည်း 'ဂီတာ' တမျိုးတည်းပဲ တီးးခဲ့တယ်ဆိုတော့ ကိုရွှေ(ရွှေဂျော်ဂျော်) တို့နဲ့ချိတ်မိပုံလေး။

မန္တလေးမှာလေ။ ကျွန်တော်က ဦးမြင့်မောင် (စောင်းဆရာကြီး အင်းလေးဦးမြင့်မောင်) အိမ်မှာ နေခဲ့တာလေ။ကိုရွှေတို့အိမ်နဲ့က နီးတယ်လေ။အဲဒါကြောင့်ပါ။ဦးမြင့်မောင်က ကျွန်တော့် ဘကြီးတော်တယ်လေ။ အရင်တုန်းက ငယ်ငယ်ကတော့ ပတ္တလား သင်ဖူးတယ်။စောင်းတော့မတီးခဲ့ဘူး။ဒါပေမယ့် ကျွန်တော်က အဲဒီဘက်ကိုအာရုံမရဘူး။ဂစ်တာပဲ တီးနေခဲ့တာ။ကျွန်တော်တို့က အဲဒီတုန်းက ကလေးပဲရှိသေးတာပဲ။

မေး။ သီချင်းရေးတော့။

ကျွန်တော် တောင်ကြီးရောက်သွားပြီ။


မေး။ ကိုမောင်မောင်ဇော်လတ်ရဲ့ ပထမဆုံး ရေးခဲ့တဲ့သီချင်းကိုတော့ အမှတ်ရဦးမှာပေါ့။

ပထမဆုံးသီချင်းတွေကို အသံသွင်းခဲ့တာ 'တာရာ' ရဲ့ 'အလင်းတန်းများ' စီးရီးပေါ့။ 'အသည်းကွဲ ညနေခင်းများ' ၊ 'မျက်စိမှိတ်ထားတယ်' တို့ပေါ့။ကျွန်တော် ရန်ကုန်ကို ကိုရွှေ နဲ့ လိုက်လာတာလေ။အဲဒါ ပထမဆုံး ရန်ကုန် ရောက်ခဲ့တာပါပဲ။


မေး။ ကိုမောင်မောင်ဇော်လတ်က Own Tune တွေရေးသလို၊ Copy တွေလည်း ရေးခဲ့တယ်မဟုတ်လား။ 'ဝိုင်ဝိုင်း ရဲ့ တော်ပြီကွာ ဒီဖုန်းစုတ်ကြီးကို' တော့ ဆိုရင်။

Copy ကနောက်မှ ရေးတာ။ Own Tune ကအရင်ရေးတာ။ဘိုဘို အခွေမှာမှ Copy စရေးဖူးတာ။ ဘိုဘို ရဲ့ပထမဆုံး အခွေမှာလေ။

မေး။ သီချင်းရေးဆရာတယောက်က တနေရာတည်းမှာ အခြေချထားသင့်သလား။ ဒါက ခင်ဗျားနဲ့ဆွေးနွေးတာနော်။ဒါမှမဟုတ် ကာလအလိုက်ပြောင်းလဲလာတာမျိုးကို လက်ခံပါလား။ဥပမာ ခင်ဗျားရေးခဲ့တဲ့ Bohemeia Repsody ဆန်တဲ့ 'တာရာ' ဆိုသွားတဲ့ 'တောတောင်တွေနဲ့'ကနေ ခု Alternative ဘက်ကို ရွေ့ သွားတာကြတော့။

ရွေ့လာတာကတော့ သူ့ဟာသူကို ရွေ့သွားတာဗျ။ သူများတွေအတွက်တော့ မပြောတတ်ဖူး။ကျွန်တော်က အကြိုက်ကိုက ပြောင်းနေတာကိုး။ Queen ကိုလည်း ခုထက်ထိကြိုက်တုန်းပါပဲ။ Queen က တကယ့်ဂန္တဝင်ကိုး။ ဒါပေမယ့် ကျွန်တော်က အခွေအမြဲတမ်းနားထောင်ဖြစ်တာကိုးနော်။ Taste အသစ်ရရင် ကျွန်တော်ခံစားလို့ရရင် ကြိုက်တာပေါ့နော်။ တသမတ်တည်း အဲလိုမျိုးကြီး ပြောင်းမယ်ဆိုပြီးတော့ ရွေ့သွားအောင်ပြောင်းတာတော့ မဟုတ်ဖူးပေါ့။ကိုယ်ကိုယ်တိုင်ကိုက အဲလိုမျိုးအကြိုက်က ရွေ့နေတော့။ အရင်တုန်းက ကျွန်တော် Soul လဲရေးခဲ့ဖူးတာပဲ။ Pop လည်းရေးခဲ့ဖူးတာပဲ။ အကုန်ရေးခဲ့ဖူးတယ် ကျွန်တော်...။ ဒါပေမယ့် ခုနောက်ပိုင်း ဒီဘက်ကို ပိုနည်းနည်း အားသန်သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဂစ်တာလဲတီးတာဆိုတော့ Rock ဘက်ကို ပိုရောက်တာပေါ့။ Rock ဘက်ကို ပိုရောက်တော့ ဒီဘက် Alternative Rock တို့၊ Modern Rock တို့ အဲဒီ Rock ရဲ့ Taste များတဲ့ဘက်ကို ပိုရောက်သွားတာပါ။ Pop တွေကို မကြိုက်လို့ မဟုတ်ပါဘူး။ကျွန်တော် Pop တွေလည်းကြိုက်ပါတယ်။ တချို့ဟာတွေလည်း ရေးပါတယ်။


မေး။ မောင်မောင်ဇော်လတ် အစစ်ကို ဘယ်မှာရှာရမလဲ။ အကြိုက်နဲ့ အလုပ် တသားတည်းဖြစ်နေတဲ့ အနုပညာတွေ၊ အပ်ထည် တွေကိုလည်း ခင်ဗျားလုပ်ပေးနေရတာကိုး။

ခုလက်ရှိ ရောက်နေတာကိုပဲ ပြောရမှာပေါ့။

မေး။ ဒါဖြင့် ဟိုတုန်းက ရေးခဲ့တဲ့သီချင်းတွေက မစစ်ဖူးလို့ ဆိုလိုချင်တာလား။


မဟုတ်ဖူးလေဗျာ။ ဟိုတုန်းကဟာတွေ မစစ်ဖူးရယ် လို့တော့ ဘယ်ဟုတ်မလဲ။ တပိုင်းတစတော့ ကျွန်တော့် ခန္တာကိုယ် လုံးဝချည်း ၁၀၀ရာခိုင်နှုန်းတော့ ဘယ်ဟုတ်မလဲ (ဟုတ်တယ် မဟုတ်လား)။ ဒါက ကိုယ်တိုင် Arrange လုပ်တယ်။ကိုယ်တိုင်တီးတယ်။ ကိုယ်တိုင်ဆိုတယ်ဆိုတာက အကုန်လုံးစိတ်ကြိုက် ကိုယ်လုပ်ခွင့်ရတာကိုး။ ဥပမာ သီချင်းတပုဒ် ကို ကျွန်တော်ကပေးလိုက်တယ်။ 'ဖိုးတာကြီး' က ဆိုတယ်။ တခြားတီးဝိုင်းတဝိုင်းက တီးတယ်။ ကျွန်တော်မကြိုက်တဲ့ Arrange လည်းဖြစ်ရင်ဖြစ်မယ်။ ကျွန်တော်ကလည်း ဘာမှ ဝင်စွက်ဖက်ခွင့် မရှိဘူးလေ ဒါတွေကို...(ဟုတ်တယ် မဟုတ်လား)။ ဒါကတော့ The Ants ကတော့ ကျွန်တော် 'ကကြီး' ကနေ 'အ' အထိ ကျွန်တော့်လက် ကျွန်တော့်ခြေ လုပ်ရတာကိုး။ ဒါကျွန်တော့်ပစ္စည်းအစစ်ပေါ့။ ဟုတ်တယ်မဟုတ်လား။ စကတည်းက ကျွန်တော် ပါဝင်ပတ်သက်ခွင့် ရရင်တော့ အဲဒီပစ္စည်းတွေလည်း ကျွန်တော့်ပစ္စည်း အစစ်ပေါ့။ ကျွန်တော်က အဲဒီလိုပြောတာပါ။


မေး။ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကိုမောင်မောင်ဇော်လတ်ရဲ့ ဂီတဖန်တီးမှုတွေအတွက် 'အပြောင်းအရွှေ့' ကို ခုထက်ထိ လက်ခံနေတုန်းပဲလား။ တချို့က တနေရာမှာ အခိုင်အမာရပ်နေကြတယ်လေ။

ကျွန်တော့် စိတ်ကိုက ရွေ့နေတာဗျ။ သက်သက်မဲ့ကြီးပြောင်းနေတာ မဟုတ်ဖူးလေ။ရပ်နေတဲ့သူတွေကတော့ သူတို့ကတော့ သူတို့ ယုံကြည်ချက်နဲ့ ရပ်နေတာလေ။ ကျွန်တော်လည်း တချိန်ချိန်မှာ ကိုယ်ယုံကြည်တဲ့ ကျွန်တော့်စိတ်က အကြိုက်က 'မရွေ့တော့ဘူး' ဒီမှာပဲ 'ရပ်' သွားပြီဆိုရင် ကျွန်တော် အဲဒီ Point မှာ ရပ်ရင် ရပ်သွားမှာပေါ့။ ပြောလို့မရဘူး။ကျွန်တော် နောက် ၄၊၅ နှစ်နေလို့ဆိုရင် Queen ကိုပြန်ကြိုက်ပြီးတော့ အဲလိုမျိုးပဲ ပြန်ရေးရင်လဲရေးမှာပေါ့။ ဒါကတော့ ဘာမှ ကြိုတွက်ထားလို့မှမရတာ။


မေး။ အခု ပြဿနာတခုရှိလာတယ်။ ကျွန်တော်ကတော့ ရှင်းပြလိုက်ပါတယ်။ ဒီလောက်အထိ အသည်းအသန် မဖြစ်ဖို့ပါ။ ကာယကံရှင်ကိုတော့ မဟုတ်ပါဘူး။ ကြားထဲက ကိုယ့်မိတ်ဆွေ ကဗျာဆရာလေးတယောက်ကိုပါ။ ခု 'လိပ်ပြာ' တေးစုမှာ မောင်မောင်ဇော်လတ် ရေးတဲ့ 'အမဲလိုက်အက' ဆိုတဲ့သီချင်းရဲ့ စာသားတွေထဲမှာ ' မြို့ပြလို့ပြောလည်း အမှန်တကယ်တော့ တောနက်ကြီးတခုပါပဲ' ။အဲဒါ ဝင်းမြင့် ရဲ့ ကဗျာထဲက စာသားဖြစ်နေတယ်ဆိုတာဗျ။ ခင်ဗျား အဲဒီစကားလုံးဝါကျကို ယူလားလို့ မေးပေးပါလို့ ဆိုလာတယ်။ အဲဒါ ( ကဗျာဆရာ ဝင်းမြင့်ကတော့ ဘာမှ ပြောသံမကြားရပါဘူးလေ) ။

မဟုတ်ဖူး။ ကျွန်တော်အပွင့်လင်းဆုံး ပြောရရင်လေ။ ဒါ ကိုမြင့်မိုး(မြင့်မိုးအောင်) ခေါင်းစဉ်လေး။ အမဲလိုက် အက။ ကျွန်တော် ကိုမြင့်မိုးကို ခွင့်တောင်းပြီးတော့ 'အမဲလိုက်အက' ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးမယ်ဆိုပြီးတော့ ကိုမြင့်မိုး ဝတ္တုကို ခံစားပြီးတော့ ရေးတာ ဒီသီချင်းက..။ဆရာ ဝင်းမြင့် ကဗျာတွေလည်း ဖတ်ဖူးပါတယ်။ ကြိုက်လည်းကြိုက်ပါတယ်။ဒါပေမယ့် အဲလိုမျိုးတော့ သူ့ဆီကနေပြီးတော့ ယူမယ်ဆိုပြီး ရည်ရွယ်ပြီးတော့ မယူပါဘူး။ ဒါတိုက်လည်း တိုက်ဆိုင်တတ်ပါတယ်။ အဲဒီကဗျာကို ကျွန်တော်မဖတ်ဖြစ်ခဲ့ဖူးဗျာ။အဓိကတော့ ကိုမြင့်မိုးပါ။ ဒီမှာ သီချင်းစာအုပ်ထဲမှာတောင် ကျန်သွားခဲ့တယ်။ အစက ပုံနှိပ်ဖော်ပြပေးမလို့။ ကိုမြင့်မိုးရဲ့ 'အမဲလိုက်အက' က သူ့ Essay ပေါင်းချုပ်ထဲမှာပါတာ။ ကျွန်တော်အဲဒါလေးကို ကြိုက်လို့ ခေါင်းစဉ်တတ်ပြီး ရေးလိုက်တာပါ။


မေး။ ကိုဇော်လတ် ရေးတဲ့အထဲမှာ ကျွန်တော်ကြိုက်တာ 'မျက်စိမှိတ်ထားတယ်' ထူးအိမ်သင်နဲ့ တာရာ ဆိုခဲ့တာကို ကြိုက်ခဲ့ပါတယ်။ ဒါမျိုးက သီအိုရီ နိုင်နင်းမှ ရေးလို့ရတာမျိုးပါ။ Chord Modulation လုပ်ထားတာလေ။ ဒီသီချင်းအကြောင်း ပြောပြကွာ။

Theory ပိုင်တယ်လို့တော့မဟုတ်ပါဘူး။ကျွန်တော်တို့ကလေ အဲဒီအချိန်တုန်းက တော့Queen ကိုတအားကြိုက်တာကိုး။ Queen က Modulate တအားလုပ်တာလေ။ သီချင်းတွေကို ဒီလိုမျိုး Modulate လုပ်ပြီးတော့ Melody တွေကို ချိတ်ဆက်ထားတာလေ။ အဲဒီကာလတုန်းက Queen ကို တအားရူးနေတဲ့ကာလဆိုတော့ သီချင်းရေးရင် တော်တော်များများ Modulate လုပ်ဖြစ်တော့ အဲဒီအငွေ့အသက်တွေပါတာပေါ့။

မေး။ ကိုဇော်လတ် ရယ် သီချင်းဆိုတာ ခံစားလို့ရမှ Lyrics စကားလုံးတွေက ကျတာလေ။ ဒီ Lyrics နဲ့ သံစဉ် ၊ ဂီတပုံစံတွေက အံကျဖြစ်သင့်သလား။ ဒါမှမဟုတ် ဟနေရင်ကော။ ကျွန်တော်ဆိုလိုတာ ခင်ဗျားရဲ့ 'တောတောင်တွေနဲ့ အေးချမ်းတဲ့အရပ်ဆီ' ဆိုတဲ့ Repsody တေးဘွဲ့မှာ သူ့အကြောင်းအရာနဲ့ Melody ဟာ ချောနေတာပဲ။သီးခြား ဟ ထွက်မနေဘူးလေဆိုတော့ သီချင်းရေးဆရာဟာ Theme (ရေးဖွဲ့မဲ့ အကြောင်းအရာ) ရွေးချယ်ပြီးရင် Music ကတခါတည်း ကပ်ပါလာတတ်လား။ ဒါမှမဟုတ် Melody ကို အရင်ထောက်ပြီးတော့မှ..။

အဲဒါကတော့လေ ကျွန်တော်တို့တော့ အလျဉ်းသင့်သလိုပဲပေါ့။ စိတ်ကျရာပါပဲ။ဥပမာ တချို့သီချင်းတွေကျတော့ စာသားကိုပဲ (Theme ကိုပဲ) အရင်စဉ်းစားတာပေါ့နော်။ ကိုသျှပ် (ထူးအိမ်သင်) တို့ကျတော့ Melody အရင်ရှာတယ်။ ရှာပြီးတော့မှ သူနဲ့လိုက်မယ့် Theme ကို သူစဉ်းစား။ အဲဒီ Theme နဲ့လိုက်မှာတွေကို စကားလုံးတွေနဲ့ဖော်တယ်။ ကျွန်တော်တို့ကျတော့ ကိုသျှပ် ရေးသလိုလည်း ရေးတယ်။ တခါတလေကျတော့ စာသားအရင်ချရေးတာတွေလည်းရှိတယ်။ စာသားအရင်ချရေးပြီးတော့မှ အဲဒါနဲ့လိုက်ဖက်တဲ့ Melody ရှာရင်းနဲ့မှ စာသားထဲက ပြောင်းသင့်တာလည်းပြောင်း ၊ Melody ဘက်က ပြောင်းသင့်တာလည်းပြောင်းပေါ့။ အဲဒါနောက်ပိုင်းမှပါ။ အရင်က အဲဒီလို မလုပ်ဖူး။ ကိုသျှပ် ရေးသလိုပဲ ကျွန်တော်ရေးတာ။ ခုနောက်ပိုင်းတော့ စာသားအရင်ချရေးပြီးတော့မှ Melody သွင်းတာလည်းရှိတယ်။

မေး။ ကိုမောင်မောင်ဇော်လတ်လည်း Musician ပဲ။ ခင်ဗျား စပြီး စွဲလမ်းခဲ့တဲ့ ဂစ်တာသမားတွေ၊ Soloist တွေရှိမှာပေါ့။

အင်း..ကျွန်တော်စကြိုက်တဲ့ Soloist ထဲမှာ' စန်တားနား ' ပါတယ်။ နောက်ပြီး 'အယ်ဒီမေအိုလာ ' ကြိုက်တယ်။ ကျွန်တော်တီးခဲ့ဘူးတယ်။ ကျွန်တော့် အဲဒီ 'လူမျိုးခြား အတားအဆီးများ ' တို့မှာ အဲဒီ Jazz အငွေ့အသက်တွေ ပါတယ်လေ။ Fusion Jazz ပုံစံတွေပေါ့နော်။ နောက် Solo ချည်းပဲကတော့ ဟိုဟာလည်းတီးဖူးတယ်ဗျာ။ Chet Akin's ကြိုက်တယ်။ မာ့ခ်နော်ဖလာ ကြိုက်တယ်။ တော်တော်များများ ကြိုက်ပါတယ်ဗျာ။ သူတို့ဆီက အကောင်းတွေချည်းပဲကိုး။ လိုင်းတော့သိပ်မရွေးပါဘူး။ ကျွန်တော်အကုန်ကြိုက်တာပါပဲ။

(၂၀၀၃၊ဧပြီ မဟေသီ မဂ္ဂဇင်း၊ သိမ်းတင်သားနှင့် အင်တာဗျူး)

Titan / Min Zaw

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D