သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 23, 2013

ပြောင်ပြောင်တင်းတင်း ဘင်္ဂလီ လော်ဘီလုပ်လာသော Nld ၏ အမာခံများ

Propagenda ဆိုတာဟာ.....
ဒါကတော့ အွန်လိုင်းကြေးစား တစ်ယောက်ရဲ့ စာပါ..... ဝါဒဖြန့်ပုံ ဖြန့်နည်းနဲ့ ပါတ်သက်လို့ လေ့လာနိုင်အောင်လို့ သုံးသပ်ပြတာပါ...... မူရင်းလင့်က ဒီမှာပါ....
. https://www.facebook.com/hellboylu/posts/557712337598177

သူအစပိုင်း ရေးထားတာတွေ ကောင်းပါတယ်.... ပုသိမ်အထိ ဘင်္ဂါလီ ၅၀ ကျော် ခိုးဝင်လာတာကို လုံခြုံရေး ရှုဒေါင့်နဲ့ တွက်ပြတာရယ်၊ မွန်ဘိုင်းက အဖြစ်အပျက်နဲ့ နှိုင်းယှဉ်ပြထားတာရယ်ဟာ တကယ့်ကို ကောင်းမွန်ပါတယ်..... အဲ သူ့စာရဲ့ အဆုံးသတ်မှာတော့ သူ့ရဲ့ အပြစ်တင်မှုဟာ အဲ့ဒိ ဘင်္ဂါလီ ၅၀ ကျော်ခိုးဝင်လာတဲ့ သတင်းကို ရှယ်တဲ့သူတွေကို အပြစ်တင်ထားတာ တွေ့ရပါတယ်......

အဲ့ဒိ ဘင်္ဂါလီ ၅၀ ကျော် ပုသိမ်အထိ ခိုးဝင်လာနိုင်ခြင်းဟာ အာဏာပိုင်တွေရဲ့ လျော့တိလျော့ရဲ နိုင်မှု၊ တာဝန်ကျ ရေတပ်အဖွဲ့ရဲ့ ကွတ်ကဲမှု ညံ့ဖျင်းခြင်း၊ ဆက်စပ်တွေးရင် လာဘ်စားခြင်းတွေ တသီကြီး ပါလာမှာ ဖြစ်ပါတယ်..... ဒီအတွက် အဲ့ဒိသတင်းကို များများ ရှယ်ခြင်းအားဖြင့် ဘင်္ဂါလီတွေရဲ့ ခိုးဝင်ရာ လမ်းကြောင်းကို လူအများစု သတိထားမိနိုင်သလို၊ အာဏာပိုင်တွေရဲ့ လာဘ်စားမှု၊ တာဝန်မကျေပွန်မှုတွေကို လူတွေ သတိထားမိနိုင်မှာ ဖြစ်ပါတယ်.....

အခြားတစ်ဖက်က တွေးမယ်ဆိုရင်လည်း အဲ့ဒိလို ဘင်္ဂါလီတွေ ခိုးဝင်လာတဲ့ လမ်းကြောင်းကို လူအများ သတိပြုမိသွားခြင်းအားဖြင့်၎င်း၊ ညံ့ဖျင်းတဲ့ အာဏာပိုင်တွေနေရာမှာ ထူးချွန်ထက်မြက်တဲ့ အာဏာပိုင်တွေ ဝင်ရောက်ခြင်းဖြင့်၎င်း ပြောင်းလဲမှုတွေ ဖြစ်လာမယ်ဆိုရင် ဘင်္ဂါလီတွေရဲ့ ခိုးဝင်စရာ လမ်းကြောင်း ပျောက်သွားမှာပဲ ဖြစ်ပါတယ်......

ဒါဖြင့် ဒီသတင်းကို လူများများ မသိစေချင်တဲ့ အဲ့ဒိလူရဲ့ သဘောထားဟာ ဘာကို စိုးရိမ်နေသလဲ ကြောက်နေသလဲ စဉ်းစားနိုင်မှာ ဖြစ်ပါတယ်....... ဒီနေရာမှာ တိုက်ဆိုင်တာ တစ်ခုက ပြည်ပအသံလွှင့် မီဒီယာတွေဟာ တစ်ချိန်က စစ်အစိုးရကို ဘယ်လောက်ပဲ တိုက်ခိုက် တိုက်ခိုက်၊ ဘင်္ဂါလီတွေ အောက်လမ်းနည်းက ခိုးဝင်လာတာတွေ၊ နစက ကို ပိုက်ဆံပေးပီး ရန်ကုန်ကို ခိုးဝင်တာတွေ၊ လဝက ကို ပိုက်ဆံပေးပီး မှတ်ပုံတင်တွေ၊ ပါ့စပို့တွေ လုပ်တာတွေနဲ့ ပါတ်သက်လို့ လုံးဝကို သတင်းအဖြစ်တောင် မထုတ်ပြန်ခဲ့တာပါပဲ.......

ဘာကြောင့်လဲဆိုတော့ အဲ့လို ရေးလိုက်ခြင်းအားဖြင့် ဘင်္ဂါလီတွေရဲ့ လမ်းကြောင်း ပျောက်ကွယ်သွားရင် နောက်ကွယ်က Fund ထောက်ပံ့ပေးမယ့် ပုဂ္ဂိုလ်တွေရဲ့ ငြိုငြင်မှုတွေကို ကြောက်ရွံ့ခြင်းလည်း တစ်ကြောင်း ပါဝင်ပါတယ်...... ဒါဆိုရင်ဖြင့် အဲ့ဒိ ကြေးစားရဲ့ ဒီစာကို တင်ရခြင်းနဲ့ နိဂုံးရဲ့ ရည်ရွယ်ချက်ကို လေ့လာနိုင်မှာ ဖြစ်ပါတယ်......

ဒီထက်ပိုတာကတော့ အဲ့ဒိလို ဘင်္ဂါလီကို ကောင်းကောင်း လော်ဘီလုပ်ပေးပီး လူအမြင်ကတ်မှုကို တဖြည်းဖြည်းခြင်း ရယူနေသလို၊ တစ်ချက် တစ်ချက်မှာ NLD နဲ့ ဒေါ်စုရဲ့ ဘုန်းတော်ဘွဲ့ကို ဟုတ်တာတွေရော၊ မဟုတ်တာတွေပါ ရောသမမွှေပီး အဲ့ဒိ အကောင့်တွေဟာ ရေးလေ့ ရှိတာပါပဲ...... ဘင်္ဂါလီ လော်ဘီလုပ်လိုက်၊ NLD နဲ့ ဒေါ်စု ဘုန်းတော်ဘွဲ့ရေးလိုက်နဲ့ သူ့ရဲ့ လုပ်ရပ်ဟာ ပြည်သူလူ ထုအမြင် မှာ အမျိုးသားရေး စိတ်ဓါတ်၊ ဘာသာ၊ သာသနာနဲ့ ဗိုလ်ချုပ်သမီးရဲ့ လူ့အခွင့်အရေး ဆွဲကိုင်နေမှုကို လွန်ဆွဲစေဖို့ အကောင်းဆုံး ဖန်တီးမှုပဲ ဖြစ်ပါတယ်......

တိတိကျကျ ဆိုရရင်တော့ NLD နဲ့ ဒေါ်စုဟာ အမျိုးသားရေးနဲ့ လူ့အခွင့်အရေး စည်းခြားခံရစေဖို့ စနစ်တကျ အွန်လိုင်းကနေ လုပ်ကြံခံနေရခြင်းပဲ ဖြစ်ပါတယ်...... အချိန်တန်ရင်တော့ အဲ့ဒိအကောင့်တွေ က ပျောက် သွားမှာပါပဲ...... ဒါပေမယ့် သူတို့လုပ်ခဲ့တဲ့ အရှိန်ကတော့ ကျန်နေဆဲ ရိုက်ခတ်နေဆဲ ပဲ နေမှာပါ....... လေ့လာနိုင်စေဖို့ တင်ပြလိုက်ပါတယ်.....
 
From:Maung Yin James

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D