သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, August 21, 2013

မှတ်သားဖွယ် တန်ဖိုးမဖြတ်နိုင်တဲ့ ပညာရှိစကား.....

မှတ်သားဖွယ် တန်ဖိုးမဖြတ်နိုင်တဲ့ ပညာရှိစကား.....
ပြည်ထောင်စု ၀န်ကြီးများအား အမည်တပ်ကာ ပုဂ္ဂိုလ်ရေးအရ ဝေဖန်မှုများသည် အဆင့်မြင့်သည့် နိုင်ငံရေး မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ပြည်ထောင်စု ၀န်ကြီးများအား အမည်တပ်ကာ ပုဂ္ဂိုလ်ရေးအရ ဝေဖန်မှုများသည် အဆင့်မြင့်သည့် နိုင်ငံရေး မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၂၀ ရက်တွင် ပြောကြားသည်။
လွှတ်တော်သို့ လာရောက်လေ့လာသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်များကို တွေ့ဆုံအမှာစကား ပြောကြားရာတွင် ယခုလို ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
...
ဒေါ်အောင်ဆန်းစုကြည်က "ပုဂ္ဂိုလ်ရေး အာဃာတနဲ့ ပြောတာဆိုတာတွေ နိုင်ငံရေး အရဆိုရင် လူတစ်ယောက်ရဲ့ အလုပ်ကို ထောက်ပြပြီးတော့ ဝေဖန်နိုင်တယ်။ ဥပမာ ၀န်ကြီးတစ်ယောက်ကို ဝေဖန်ပိုင်ခွင့် ရှိတယ်။ ဒီဝန်ကြီးဌာနက ဒီလိုဖြစ်နေတယ်။ ၀န်ကြီးရဲ့ မူဝါဒက မသင့်တော်ဘူးဆိုပြီး ဒီလိုမျိုး ဝေဖန်လို့ရတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရ ဒီဝန်ကြီးကို နာမည်နဲ့တပ်ပြီးတော့ ဘာမှအလုပ်နဲ့ မဆိုင်တဲ့ ကိစ္စတွေနဲ့ ဝေဖန်တာမျိုးက ဒါအဆင့်မြင့်တဲ့ နိုင်ငံရေး မဟုတ်ဘူး။ ထိုနည်းလည်းကောင်း တခြားပါတီက အဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေနဲ့ ကိုယ်စိတ်သဘောချင်း မတိုက်ဆိုင်တဲ့ အခါမျိုးမှာ ဝေဖန်ပိုင်ခွင့် ရှိတယ်။ ပြောပိုင်ခွင့် ရှိတယ်။ အဆင့်မြင့်မြင့် လုပ်ရမယ်။ ဒါကိုယ်ပိုင်တစ်ယောက်ချင်းရဲ့သိက္ခာလည်း ဖြစ်တယ်။ ကိုယ့်အဖွဲ့အစည်းရဲ့သိက္ခာလည်း ဖြစ်တယ်။ အဖွဲ့အစည်း သိက္ခာကျမယ့် ကိစ္စမျိုး မလုပ်ပါနဲ့" ဟု ပြောကြားသည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ နိုင်ငံက ခုချိန်မှာ နိုင်ငံကြီးတော့ မဟုတ်သေးဘူး။ နိုင်ငံကြီးဆိုတာ သြဇာရှိတဲ့နိုင်ငံ တိုးတက်တဲ့နိုင်ငံ၊ ချမ်းသာတဲ့နိုင်ငံ ဒါတွေအားလုံးရဲ့ အခြေခံက ညီညွတ်မူပဲ။ ကျွန်မတို့ နိုင်ငံကြီးတစ်ခုဖြစ်ဖို့ အားလုံးကြိုးစားနေတာပဲ။ နိုင်ငံကြီးသား စိတ်ဓာတ်ကို အားလုံးမွေးမြူကြဖို့ ကြိုးစားရမယ်။ သဘောထားကြီးကြီး ရှိရမယ်။ ဥာဏ်ပညာ အမြော်အမြင် ရှိရမယ်" ဟု ပြောကြားသည်။
 
Eleven Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D