သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 22, 2013

ဖုန်းမလိုသော စမတ်နာရီ စစ်စစ် Omate TrueSmart

ဖုန်းမလိုသော စမတ်နာရီ စစ်စစ် Omate TrueSmart
Omate TrueSmart အမည်နဲ့ အမေရိကန် ပြည်ထောင်စု၊ နယူးယောက် ပြည်နယ် အခြေဆိုက် နည်းပညာ ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီ Omate မှတ် ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။
တကယ့် စမတ်နာရီ ဖြစ်ပြီး စမတ်ဖုန်း အသုံးပြုရန် လုံးဝ မလိုတော့ ကြောင်း ကြော်ငြာစာသားမှာထည့်သွင်း ပြောကြားထားပါတယ်။ နာရီ မျက်နှာပြင်က ၁.၅၄ လက်မ ရှိပြီး တောင်ကိုရီးယား LG က ထုတ်တဲ့ TFT Display ကို အသုံးပြု ပါတယ်။
Android 4.2 OS ကို ပါဝင်ပြီး ကင်မရာက 5 megapixel အရည်အသွေး ရှိပါတယ်။ ဖုန်းပြောလို့ရပါမယ်။ GSM, CDMA နှစ်မျိုးစလုံး အတွက် ထောက်ပံ့ပြီး ဆင်းမ်ကဒ် ထည့်သုံးလို့ ရမှာ ဖြစ်ပါတယ်။ Bluetooth 4.0, Wi Wi, GPS တို့လည်းပါရှိပါတယ်။ micro SIM ကို အသုံ...းပြု ရမှာပါ။ ဘက်ထရီက နာရီ ၁၀၀ အတွက် Standby ဖြစ်မယ့် 600mAh အား ဖြည့်တင်း ထားပါတယ်။ 2GM memory ပါရှိပြီး ကဒ် ထပ်ဆိုက် လို့ ရပါသေးတယ်။
ဖုန်းပြောဖို့၊ စာပို့ဖို့၊ အသံနဲ့ ပြောတဲ့ စကားကို စာအဖြစ် ပြောင်းလဲ ပေးမယ့် နည်းပညာ အစရှိသဖြင့် စုံစုံလင်လင် ပါရှိပြီး အင်တာနက်လည်း အသုံးပြု လို့ ရပါမယ်။ Facebook, Twitter, Instagram တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Android ကိုအခြေခံတဲ့ App အတော်များများကို စမတ်ဖုန်းမှာ အသုံးပြုသလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရေစုံခံ၊ အကြမ်းခံတဲ့ နာရီ ဖြစ်ပါတယ်။
ဒီတော့ ယခုလို Function စုံတဲ့ နာရီတစ်လုံးရဲ့  ဈေးဟာလည်း မနည်းပါဘူး။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇၉ သတ်မှတ်ထားပြီး ၂၀၁၃ နိုဝင်ဘာလမှာ စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
.
http://youtu.be/YzPI3NIw-vI
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/08/omate-truesmart.html

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D