သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 22, 2013

*** ကင်တားနား ဘာလဲ၊ ဘယ်လိုမွှေဦးမလဲ နှင့် ...... ***

မနေ့ည ၆နာရီခွဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ကင်တားနားက မိတ္ထီလာ ခရီးစဉ်မှာ သူ့ကားကို လူ၂၀၀လောက် ဝိုင်းဝန်းကန်ကျောက် ထုရိုက်ခဲ့ကြတယ်လို့ ပြောသွားပါတယ်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကြောင့် အမြင်ကို ပြောချင်ပါတယ်။

အရင်ဆုံး ပြောချင်တာကတော့ -

နိုင်ငံတော်သမ္မတနဲ့ ပါတ်သက်တဲ့ ကြေငြာချက်၊ အမိန့်၊ သဘောထား တစုံတရာကို နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကသာ နိုင်ငံတော်သမ္မတရုံး website လို နေရာမျိုးကသော်လည်းကောင်း၊ သတင်းစာများမှ တဆင့်သော်လည်းကောင်း၊ သတင်းစာရှင်းလင်းပွဲ လုပ်ခြင်းဖြင့်သော်လည်းကောင်း ထုတ်ပြန်သင့်ပါတယ်။ အချို့ ကိစ္စတွေမှာ အခြေအနေပေါ်မှာ မူတည်ပြီး သတင်းမထုတ်ပြန်တာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။

သံတမန်ရေးရာဆိုတာ ကိုယ်မမြင်နိုင်တဲ့ အသေးစိတ်တွေ ပြည့်နှက်ပြီး အမှားမခံတဲ့ အရေးအရာပါ။ ယုတ်စွအဆုံး ဝတ်တဲ့အဝတ်အစား၊ လူနေရာချထားပုံနဲ့ အခမ်းအနား အပြင်အဆင်တွေကအစ သာမာန်ထက်ပိုပြီး လိုက်နာရမယ့် protocolတွေ အပြည့်နဲ့ပါ။ သံခင်းတမန်ခင်း ကိစ္စတွေကို အစဉ်အလာအရ သမ္မတရုံးနဲ့ MOFAကသာ စီစဉ်တာတွေ သတင်းထုတ်ပြန်တာတွေ လုပ်လေ့ရှိတာပါ။

"သမ္မတကြီးအနေနဲ့ ကင်တားနားကို လက်ခံတွေ့ဆုံဖို့ အစီအစဉ် လုံးဝ ( လုံးဝ) မရှိကြောင်း အသိပေး တင်ပြအပ်ပါတယ်။" ဆိုတဲ့ ဝန်မင်းရဲ့  စကားဟာ "သမ္မတကြီး ငါတို့ဖက်မှာရှိတယ်ကွ၊ ဒီလူကို ဆော်မယ်ကွ၊" ဆိုတဲ့ စိတ်တွေ ဖြစ်လာစေဖို့ တွန်းအားတစ်ရပ် ဖြစ်သွားတယ်လို့ မြင်ပါတယ်။

နောက်ပြီး သံခင်းတမန်ခင်းအရ လာတဲ့ကိုယ်စားလှယ်ရဲ့ လုံခြုံရေးကို သက်ဆိုင်ရာ နိုင်ငံတွေက အပြည့်အဝ တာဝန်ယူရပါတယ်။
ကိုယ်မနှစ်သက်သည်ထားဦး လုံလောက်တဲ့ လုံခြုံရေး ပေးရမှာက ကိုယ့်တာဝန်ဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ အစိုးရအနေနဲ့ ပြည်တွင်းမှာ သုံးနေကျ ဆေးမြီးတို နည်းလမ်းတွေအရ "ကြောက်" အောင် "ခြောက်" လိုက်တယ်လို့ ထင်မိပါတယ်။

ကြောင်ကတော့ ကင်တားနားကို personally မကြိုက်ပါ။
မမျှတတဲ့ အစီရင်ခံစာတွေကို တင်ပြီး ပြဿနာကို ပိုပြီးကြီးထွားအောင် လုပ်တဲ့လူလို့ မြင်ပါတယ်။

ကိုယ်က ဒီကိုယ်စားလှယ်ကို မကြိုက်ရင် ကုလ (UN) ကို တရားဝင် ကန့်ကွက်ပြီး တရားနည်းလမ်းကျကျ ဥပဒေကြောင်းအရ ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့ နိုင်ငံတော်အစိုးရကို ကြောင့်အနေနဲ့ တိုက်တွန်းလိုပါတယ်။

ကုလအနေနဲ့လည်း ဒီလောက် သက်ဆိုင်ရာနိုင်ငံက ပြည်သူတွေ မထောက်ခံတဲ့ ကိုယ်စားလှယ်ကို ဆက်လွှတ်နေတယ်ဆိုတာ မိမိဝန်ထမ်းရဲ့ လုံခြုံရေးကို ဂရုမစိုက်လို့ပဲလား အခြား လွှမ်းမိုးမှု တစုံတရာကြောင့်လားဆိုတာ သံသယဖြစ်စရာပါ။

From:မဟာ ကြောင်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D