သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 22, 2013

ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများကို လူမိုက်တွေဖြစ်အောင် လီဆယ်ပြောဆိုရသည့် ကင်းတားနား စကား အစိုးရ ပယ်ချ

မိတ္ထီလာမြို့ ခရီးစဉ်အတွင်း ဆန္ဒပြအကြမ်းဖက်မှုတွေကို အစိုးရက အကာကွယ်မပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ပြောဆိုချက်ဟာ တကယ့်အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

မိတ္ထီလာမြို့မှာ ည ၁၀ နာရီကျော် မထွက်ရ အမိန့်ထုတ်ပြန်ထားပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အသွားလမ်းမှာ လူ ၂၀၀ လောက်က စောင့်ကြို ဆန္ဒပြပြီး ကားကို ကန်ကြောက်ဆဲဆိုကြတာကို အစိုးရဘက်က မကာကွယ်ပေးဘူးလို့ မနေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကင်တားနားက ပြောကြားလိုက်တာပါ။


မစ္စတာ ကင်တားနားက “မိတ္တီလာမြို့က ဖြစ်ရပ်ဟာ ကျနော်အတွက် အနီးအနားမှာ ရဲတွေ ရှိပေမယ့် အကာအကွယ်မဲ့နေပြီလို့ ခံစားရပါတယ်။ အဲဒီအချိန်မှာ ကျနော်တွေးမိတာက ပြီးခဲ့တဲ့ မတ်လတုန်းက ဖြစ်ခဲ့ မိတ္ထီလာ ပဋိပက္ခမှာ လူ ၄၃ ဦး အသတ်ခံနေရတုန်းက ရဲတွေဟာ ဒီလိုပဲ ကာကွယ်မှု မပေးဘဲ ရပ်ကြည့်နေမယ်ဆိုတာကို တွေးမိပါတယ်” လို့ ပြောပါတယ်။

ဒီအပေါ်သမ္မတပြောခွင့်ရသူ ဦးရဲထွတ်က “မစ္စတာ ကင်တားနားရဲ့ ပြောကြားချက်ဟာ တကယ်ဖြစ်တဲ့ အဖြစ်မှန်နဲ့ ကွယ်လွဲမှုတွေ ရှိနေတယ်။ တကယ်တော့ အဲဒီနေ့က ကင်တားနားရဲ့ ယာဉ်တန်းနဲ့အတူ ရဲတပ်ဖွဲ့က ကားတစီး၊ လုံးခြုံရေး ယာဉ်တစီးလည်း အတူတူလိုက်ပါလာတယ်။ နောက် မစ္စတာ ကင်တားနားကို ဆန္ဒပြမယ် ဆိုတဲ့ လူတွေ ရှိနေတဲ့အတွက်ကြောင့် အဲဒီလူတွေကို ထိန်းဖို့အတွက် ရဲအင်အား ၃၀ ကျော်ကိုလည်း အဲဒီလူတွေ စောင့်ဆိုင်းတဲ့နေရာမှာ ကျနော်တို့ ချထားခဲ့တယ်။ ယာဉ်ထိန်းတပ်ဖွဲ့တွေကိုလည်း ချထားခဲ့တယ်။

“ည ၁၀ နာရီရောက်တဲ့အချိန်မှာတော့ ကာဖျူး အချိန်ရောက်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီလူအုပ်စုတွေကို လူစုခွဲဖို့ ရဲက ပြောတယ်။ အဲဒီအချိန်မှာ လူက ကျနော်တို့ သတင်းအရ ၃၀၀၊ ၄၀၀ လောက်ရှိတယ်။ အဲဒီလို လူစု တဖြည်းဖြည်းနဲ့ ခွဲနေတဲ့အချိန်မှာ မစ္စတာ ကင်တားနားရဲ့ ကားယာဉ်တန်းက အဲဒီနေရာကို ည ၁၀ နာရီခွဲလောက်မှာ ရောက်လာတယ်။ ရောက်လာတဲ့အချိန် အဲဒီပတ်ဝန်းကျင်မှာ လူ ၁၀၀ လောက် ဆက်ပြီးတော့ ကျန်နေသေးတယ်။ အဲဒီလူတွေက မစ္စတာ ကင်တားနားကို ဆိုင်းဘုတ် ၁၆ ခုလောက် ထောင်ပြပြီးတော့မှ မစ္စတာ ကင်တားနားကို အလိုမရှိကြောင်း အော်တာတော့ ရှိတယ်။ နောက်တချို့လူ အနည်းငယ်တော့ သူကားတခါးမှန်ကို သွားခေါက်ပြီးတော့ စာတစောင်နဲ့ ကင်တားနားပုံ ရိုက်ထားတဲ့ တီရှပ်တထည်ပေးဖို့ ကြိုးစားခဲ့တယ်။ ကင်တားနား ကားတံခါးကို ဖွင့်မပေးတဲ့ အတွက်ကြောင့်မို့ အဲဒီစာပေးဖို့ ကြိုးစားတဲ့လူတွေကို ရဲကဖယ်ရှားပြီးတော့မှ ယာဉ်တန်းဆက်သွားနိုင်အောင် လမ်းရှင်းပေးခဲ့တယ်။

“နံပါတ် ၁ ရဲလုံခြုံရေး အစောင့်ရှောက် မရှိဘူးဆိုတာ မဟုတ်ဘူး။ ရဲက အတူတူပါတဲ့အပြင် သွားနိုင်ဖို့အတွက် လမ်းရှင်းပေးခဲ့တယ်။ ဆန္ဒပြနေတဲ့ လူတွေက သူကို အန္တရာယ်ပြုဖို့ အကြမ်းဖက်ဖို့အတွက် ကားကြီးကို ၀ိုင်းအုံပြီးတော့မှ ထုနှက်တယ်ဆိုတာ မဟုတ်ပါဘူး။ စာပေဖို့အတွက် မှန်တံခါးကို ခေါက်ပြီးတော့မှ တီရှပ်နဲ့ စာထောင်ပြတာပဲ ရှိတယ်လို့ ကျနော်တို့ ရဲတပ်ဖွဲ့တွေရဲ့ အစီအရင်ခံစာတွေအရ သိရပါတယ်။”

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ ခရီးစဉ် ၁၁ ရက်တာအတွင်း ရခိုင်၊ ကချင် ၊ ချင်း နဲ့ ရှမ်း ပြည်နယ်တွေက လူ့အခွင့်အရေးအခြေ အနေတွေ သွားရောက် လေ့လာခဲ့ရာမှာ ရခိုင်ပြည်နယ်နဲ့ မိတ္ထီလာမြို့မှာ ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။


ဒီအစီရင်ခံစာ တင်သွင်းတဲ့အချိန်မှာ အခုအကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ အခြေအနေကို မစ္စတာ ကင်တားနားက ထည့်သွင်းရေးသားမယ်ဆိုရင် အစိုးရအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဦးရဲထွဋ်က အခုလိုပြောပါတယ်။

“ကျနော်တို့ဘက်ကလည်း ဒါကို မဖြစ်ခဲ့တဲ့အကြောင်း ပြန်ရှင်းပြရမှာပေါ့။ သူနဲ့အတူ အဲတုန်းက မန္တလေးတိုင်း ဒေသကြီးအစိုးရ တာဝန်ရှိသူတချို့လည်း ပါလာသေးတယ်။ ရဲကားလည်း ပါတယ်။ ဒါတွေကို သူက ထုတ်ဖော်မပြောဘဲနဲ့ ရုတ်တရက် နားထောင်လိုက်ရင် မိတ္ထီလာမြို့က ပြည်သူတွေက သူ့ကို ၀ိုင်းအုံပြီး အသက်အန္တရာယ် ပြုတဲ့ ပုံမျိုးထိဖြစ်အောင် ပြောတာမျိုး ကျနော်တို့လည်း စိတ်မကောင်းဘူး။ ဒါက အဖြစ်မှန်နဲ့ လွဲနေတဲ့အတွက်ကြောင့်မို့။”


From : .. dvb

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D