သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 22, 2013

အီဂျစ် အာဏာရှင်ဟောင်း မူဘာရက်ကို ပြန်လွှတ်ရန် တရားရုံး အမိန့်ချ



အာရပ်နွေဦး တော်လှန်ရေးကြောင့် အီဂျစ်တွင် ပြုတ်ကျသွားခဲ့ပြီး လူသတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရမှုများနှင့်အတူ အခြား အမှုများဖြင့် အဖမ်းခံ တရား ရင်ဆိုင်နေရသော သမ္မတဟောင်း ဟိုစနီ မူဘာရက်ကို ပြန်လွှတ်ပေးရန် အသနားခံစာအား တရားရုံးက ပြန်လည် ဆန်းစစ်ပြီးနောက် ပြန်လွှတ်ပေးရန် အမိန့် ချလိုက်ကြောင်း Reuters သတင်း တစ်ရပ်က ဖော်ပြထားသည်။

အီဂျစ်တွင် ဖြစ်ပွားလျက်ရှိသော လက်ရှိ ဆန္ဒပြမှုများနှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် ယခု သီတင်းပတ်များအတွင်း သေဆုံးသူ စုစုပေါင်း ၉၀၀ ကျော်သွားခဲ့ပြီး သေဆုံးသူများတွင် ရဲတပ်ဖွဲ့ဝင် တစ်ရာကျော်လည်း ပါဝင်သည်ဟု သတင်းများက ဖော်ပြထားသည်။

လက်ရှိ ဖြစ်ပွားနေသော သွေးထွက်သံယို ပြဿနာများကြောင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့က အီဂျစ်ကို ပေးအပ်နေ သည့် အကူအညီများအား ပြန်လည် သုံးသပ်နေသော်လည်း မွတ်ဆလင် ညီနောင်များ အင်အားစုကို ဆန့်ကျင်သည့် ဆော်ဒီအာရေးဗီးယားက အကူအညီပေးမည် ဟု ကတိပြုထားသည်။

တိုင်းပြည်ကို ဆယ်စုနှစ် သုံးခုကြာ အုပ်စိုးသွားသည့် ဟိုစနီ မူဘာရက်ကို တိုရာ အကျဉ်းထောင်တွင်း တရားရုံးတွင် စစ်ဆေးလျက်ရှိရာ ၎င်းကို ပြန်လည် လွှတ်ပေးရန်အတွက် ဥပဒေအရ တင်သော အသနားခံစာ ကို တရားရုံးက သုံးသပ်ခဲ့သည်ဟု လုံခြုံရေး သတင်းရင်းမြစ်များ က ပြောကြားခဲ့သည်။

မူဘာရက်သည် ၎င်းကို လူထုက တော်လှန်ရေးလုပ်စဉ် လူသတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားချက်များ၊ အကျင့်ပျက် လာဘ်စားသည်ဟု စွပ်စွဲထားချက်များကို ရင်ဆိုင်နေရခြင်းဖြစ်ကာ တရားရင်ဆိုင်စဉ်လည်း အချုပ်အနှောင်ဖြင့် နေရသည်။

တရားရုံးသည် ၎င်းရင်ဆိုင် အချုပ်နှောင်ခံနေရသော အကျင့်ပျက်ခြစားမှုကို ဖယ်ရှားပေးနိုင်ဖွယ် ရှိကာ ပြီးခဲ့သည့် တနင်္လာနေ့ကလည်း အလားတူ ဆုံးဖြတ်ချက်မျိုး ချခဲ့ဖူးသည်။

ပြန်လွတ်ခဲ့လျှင် အသက် ၈၅ နှစ် အရွယ်ရှိ ဟိုစနီမူဘာရက် နိုင်ငံရေး သို့ ပြန်ဝင်လာဖွယ် မရှိသော်လည်း အာရပ် ကမ္ဘာတွင် ၎င်း၏ လွတ်မြောက်မှု သည် နှစ်ပေါင်း ခြောက်ဆယ်ကြာ စစ်တပ်က အုပ်စိုးသည့် နိုင်ငံရေး စနစ် ပြန်ရောက်လာသကဲ့သို့ ဖြစ်သွားမည် ဖြစ်ကာ ၂၀၁၁ ဒီမိုကရေစီရေး အုံကြွမှုကြီးလည်း ရလဒ် ပြောင်းပြန် ဖြစ်သွားပေမည်။

အီဂျစ်၏ ပထမဆုံး ဒီမိုကရေစီနည်းကျ သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချ ရခြင်းမှာ ဆန္ဒပြပွဲကြီးများ ဖြင့် သက်သေထူခဲ့သော ပြည်သူ့ဆန္ဒကို ထင်ဟပ် လိုက်ခြင်းသာ ဖြစ်ကြောင်း အီဂျစ် စစ်ဗိုလ်ချုပ်ကြီးများက ပြောကြား ကြသည်။

ထို့နောက် စစ်တပ်သည် ကြားဖြတ် အစိုးရ တစ်ရပ်ကို ဆွဲတင်ခဲ့ကာ အီဂျစ် ဒီမိုကရေစီသို့ ပြန်ရောက်စေမည့် လမ်းပြ မြေပုံကို ဦးဆောင်စေလျက် ရှိသည်။

အစ္စလာမ္မစ် အစိုးရကို ဖြုတ်ချလိုက်ပြီးကတည်းက အာရပ် ပင်လယ်ကွေ့ နိုင်ငံများက အီဂျစ် ကြားဖြတ်အစိုးရကို အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံဖိုး ကူညီမည်ဟု ကတိကဝတ် ပြုထားသည်။
Photo: ထားသည်။
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D