သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 20, 2013

ပြည့်တန်ဆာအမျိုးသမီးနှင့်အတူပါအမျိုးသားတို့မှပူးပေါင်း၍ လုယက်မှုကျူးလွန်

၁၇.၈.၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် လှိုင်မြို့နယ်နေ ဦး----- သည် သီရိမင်္ဂလာဈေးသစ်အနီးရှိ နန်းထိုက်တော်ဝင်ဘီယာဆိုင်၌ ဘီယာသောက်ပြီးဆိုင်မှပြန်ထွက်စဉ် မလှမ်းမကမ်းတွင် တွေ့ရသည့်
ပြည့်တန်ဆာမိန်းကလေးတစ်ဦးအားပျော်ပါးရန် ခေါ်ယူခဲ့ရာ ၎င်းမိန်းကလေးနှင့်အတူ အမည်မသိ အသက်(၂၀)ကျော်ခန့်ရှိအမျိုးသား(၂)ဦးလည်းအတူလိုက်ပါခဲ့ကာ အငှားယာဉ်ဖြင့် တည်းခိုခန်း
အားလိုက်လံရှာဖွေခဲ့ပါသည်။

ထိုသို့တည်းခိုခန်းအား လိုက်လံရှာဖွေခဲ့ရာမှ လှိုင်သာယာမြို့နယ်၊ စက်မှုဇုံသို့အရောက် ဦး---နှင့် မိန်းကလေးသည် ယာဉ်ပေါ်မှဆင်းကာလမ်းဘေး၌ အပေါ့သွားနေစဉ် အတူလိုက်ပါလာသည့် အမျိုးသား(၂)ဦးမှ ဦး---- အား ဆောင့်တွန်း၍ လွယ်ထားသည့်အနက်ရောက်ဘေးလွယ်
အိတ်အား လုယူထွက်ပြေးသွားခဲ့ပါသည်။

အိတ်အတွင်း၌ ငွေကျပ်(၂)သိန်းကျော်ခန့်၊ လက်ကိုင်ဖုန်း(၁)လုံး၊ ယာဉ်မောင်းလိုင်စင်(၁)ခု၊ ဘဏ်ငွေ ထုတ်ကဒ်(၁)ခုတို့ ပါဆုံးသွားခဲ့ပြီးဆောင့်တွန်းခံရ၍ ဦး--- တွင် ၀ဲနားထင်၊ဒူးနှစ်ဖက် တို့တွင်ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့သဖြင့် ၁၈.၈.၂၀၁၃ ရက်နေ့တွင် သောင်ကြီးနယ်မြေရဲစခန်းသို့ လာရောက်တိုင် တန်းခဲ့ သဖြင့်(ပ)၄၈၁/၂၀၁၃၊ ပုဒ်မ ၃၈၂/၁၁၄ ဖြင့်အရေးယူစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံများ ဖမ်းဆီးရမိရေးအတွက် သောင်ကြီးနယ်မြေရဲစခန်းမှူးနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်နေသူများဖြစ်သည့် ကျော်နိုင်(ခ) ကုလားလေး ၊ကျော်မင်းသန့်(ခ)ရဲမင်းသူ နှင့် မသင်းသင်းအေး(ခ)တောသူမတို့ (၃)ဦးမှပူးပေါင်း ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများသိမ်းဆည်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
FROM-YANGON POLICE

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D