သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 22, 2013

နိုင်ငံ ၅ဝ ကျော်မှ မိုဘိုင်းဖုန်းများ မြန်မာ၌ အသုံးပြုနိုင်ပြီ

မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၅ဝ ကျော်မှ မိုဘိုင်းဖုန်းများ သယ်ဆောင် အသုံးပြုခွင့်ရရှိနေပြီဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
”နိုင်ငံတွေ တော်တော်များနေပါ ပြီ။ အာရှ၊ ဥရောပ၊ အရှေ့ဖျားနိုင်ငံတွေ များပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှအရာရှိတစ်ဦးက ပြောသည်။
ယင်းသို့ ပြည်ပဖုန်းများ မြန်မာ၌ သုံးစွဲခွင့်ပေးရာတွင် မြန်မာ့ဆက်သွယ် ရေးနှင့် ချိတ်ဆက်လုပ်ကိုင်သည့် ကုမ္ပ ဏီများမှ ဖုန်းများသာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။
”ပြောချင်တာက နိုင်ငံငါးဆယ် သုံးစွဲခွင့်ရတယ်ဆိုတာကRoaming   ချိတ်ထားတဲ့ နိုင်ငံတစ်နိုင်ငံလုံးက ဖုန်း တွေလာသုံးလို့ရတာ မဟုတ်ဘူး။ ဥပမာ စင်ကာပူနိုင်ငံနဲ့ ချိတ်ဆက်ထားရင် စင် ကာပူမှာအော်ပရေတာအဖြစ် လုပ်ကိုင် နေတဲ့ ကုမ္ပဏီသုံးခုထဲက ကုမ္ပဏီ တစ် ခုနဲ့ပဲ ချိတ်ထားတဲ့ပုံစံမျိုးပေါ့။ ကုမ္ပ ဏီတစ်ခုပဲချိတ်ထားရင်ကျန်တဲ့ ကုမ္ပဏီ နှစ်ခုက ဖုန်းတွေ လာသုံးလို့မရဘူး။ ဒီသဘောပါ”ဟု ၄င်းကရှင်းပြသည်။
အဆိုပါ ဆောင်ရွက်ချက်များကို ၂ဝ၁၂ ခုနှစ်ဆန်းမှ စတင်အကောင်အ ထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျင်းပပြီးစီး ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (အရှေ့ အာရှ)တွင် စတင်သုံးစွဲခွင့်ပေးခဲ့ခြင်းဖြစ် ကြောင်း၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်ပ နိုင်ငံများမှ ဖုန်းများ သုံးစွဲနိုင်ပြီဖြစ် သော် လည်း မြန်မာဖုန်းများအား ပြည်ပ နိုင်ငံများသို့ သယ်ဆောင်အသုံးပြုနိုင် မည်မဟုတ်သေးေ ကြာင်း ငွေကြေး ဖြတ် တောက်မှုနှုန်းထားများ ကျန်ရှိနေသည့် အတွက် အသုံးပြုခွင့် မပေးခြင်းဖြစ် ကြောင်း ၄င်းကဆက်ပြောသည်။
”စမ်းသပ်မှုတွေတော့ ပြုလုပ်နေ ပါတယ်။ ဘယ်အချိန်အသုံးပြုခွင့်ပေး သွားမလဲဆိုတာတော့ ခန့်မှန်းလို့ မရ သေးပါဘူး။ ရတာနဲ့ ကြေညာပေးသွား မှာပါ”ဟု ၄င်းက ဆက်ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သည် ယခင်က မြန်မာ့ဖုန်းများ နိုင်ငံ တကာနှင့် အပြန်အလှန်သယ်ဆောင်အ သုံးပြုခွင့်ကို ၂၇ ကြိမ်မြောက် ဆီးဂိမ်း တွင် ဆောင်ရွက် မည်ဟု ပြောဆိုထား မှုများရှိခဲ့သော်လည်း လက်ရှိတွင်Inbound Roaming အဆင့်သာ ရှိပြီး Outbound Roaming မရောက် ရှိသေးကြောင်း သိရသည်။
 
From : ..popular

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D