သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 22, 2013

" အနုပညာရှင်ဆိုတာ ပြည်သူနဲ့ တစ်သားတည်းဆိုတဲ့ ဦးအောင်လွင်"

ခေတ် အဆက်ဆက် လူထု လှုပ်ရှားမှုတွေမှာ အနုပညာရှင်တွေ ပါဝင်ခဲ့တဲ့ အတွက် အများပြည်သူ က အားပေးရုံ မကဘဲ ပါဝင် လှုပ်ရှားခဲ့ကြ ပါတယ်။ အနုပညာ အတတ် နဲ့ အသက် မွေးဝမ်းကျောင်းပြုနေ သူများကပြည် သူက ကျွေးတဲ့ ထမင်းကို စားနေရပြီး ပြည်သူရဲ့ ကျေးဇူး တရားကို မမေ့ အပ်ပါဘူးလို့ ဆိုသူ ဝါရင့် အနုပညာ ရှင် ဦးအောင်လွင်က..
“ကျွန်တော်တို့ အားလုံးထက် ရှေ့တန်းကျတဲ့ ရဟန်း သံဃာတွေက လည်း အနုပညာရှင်တွေ နည်းတူ လူ တွေက တရားဘာဝနာ ကျင့်ကြံ အား ထုတ်နိုင်အောင် ဆွမ်းကပ် ကြတယ်။ ဒီနေ့ ဒီရက် ပြည်သူလူထု ဒုက္ခရောက် ပြီဆိုတာနဲ့ နောက်နေ့ ရဟန်းတွေကို ဆွမ်း မလောင်းနိုင်ပါဘူး။ ဒီလိုပဲ ပြည်သူဒုက္ခ ရောက်ရင် အနုပညာ ရှင်တွေ ဖန်တီးထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေ ကို လာမကြည့်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော် တို့သည် ပြည်သူလူထုက မေတ္တာနဲ့ ကျွေးမွေး ထားတဲ့ သူများ ဖြစ်တဲ့ အတွက် ပြည်သူ လူထု ထိခိုက် လာစေနိုင်သော အကြောင်း တရား တွေက ကျွန်တော် တို့နဲ့ သက်ဆိုင် တယ်လို့ ယူဆပါတယ်။ ဒါကြောင့် ပြည်သူ နဲ့အတူ တိုင်းပြည်မှာ လိုအပ် လာတဲ့ ကိစ္စမှာ ဝင်ပါရခြင်း ဖြစ်ပါ တယ်။ ဒီလို ကိစ္စမျိုးမှာမှ ပါဝင်ခြင်း မျိုး မဟုတ်ဘဲ သမိုင်းကို ပြန်ကြည့်ရင် ဗြိတိသျှ အစိုးရကို ဖယ်ရှားဖို့၊ တွန်း လှန်ဖို့ အတွက် ကို အနုပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။ စစ်ကြိုခေတ် အတွင်း ထုတ်ဝေခဲ့တဲ့ ဇာတ်ကားပေါင်း ၁ဝဝ မှာ ကား ၈ဝ လောက်က ဗြိတိသျှကို တော်လှန်တဲ့ ဇာတ်ကားတွေ ပါပဲ။ နောက်ပြီး “ကမ္ဘာမကျေ” သီချင်း စပ်ခဲ့တာလည်း အနုပညာရှင် တွေပါပဲ။ ရုပ်ရှင် ဂီတ သဘင်အကုန်လုံးက တိုက်တွန်းနှိုးဆော်ပြီး လုပ်လာခဲ့တာ က ပြည်သူ လွတ်မြောက်ရေး အတွက် လုပ်ခဲ့ကြတာပါ”လို့ အနုပညာရှင် များဟာ အမျိုးသားရေး လှုံ့ဆော်မှုတွေ မှာ ပါ ဝင် ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံမှာ အနုပညာရှင်တွေ ဟာပြည်သူ နဲ့ တစ်သား တည်း ပါဝင်ခဲ့တာနဲ့ ပတ်သတ်ပြီး..
“ကျွန်တော် တို့က အဲဒီ့အချိန်မှာ ရုပ်ရှင်နဲ့ ပတ်သက်ပြီး စားဝတ်နေ ရေး တော်တော်လေး ခက်ခဲလာတယ်။ သားသမီးတွေ ကျွေးမွေးဖို့ တော် တော် ခက်ခဲလာခဲ့တယ်။ အဲဒီလို ဘဝ တစ်ခုကို ရောက်ရှိခဲ့ချိန်မှာ ကျွန်တော် တင်မကဘဲ ကျန်တဲ့လောက အသီးသီး မှာလည်း ဖြစ်ခဲ့တယ်။ စိတ် ထဲမှာ မကျေမနပ်တွေ ဖြစ်နေချိန်ပါ။ ပထမဦးဆုံး ရန်ကုန်ဆေးရုံကြီး ထဲမှာ ပစ်ကြ ၊ခတ်ကြတဲ့ အချိန်မှာ သေကျေ ကြတယ်။ အဲဒါကို ရှေ့နေတွေ ပေါင်းပြီး ဒါက အရေးအခင်း နှိမ်နင်းတာ မဟုတ်ဘူး။ လူသတ် တာဖြစ်တယ် ဆိုပြီး လက်မှတ် ထိုးကြပါတယ်။ အဲဒါနဲ့ ကျွန် တော်က “ကိုးတောင်ကျား” ဇာတ် ကားကို ဖလင် တည်းဖြတ်ဖို့ လုပ်နေ ချိန်မှာ ဦးမိုးသူ ရောက်ရှိလာပြီး ငါတို့ ဦးဝင်းတင် တို့တော့ လက် မှတ် ထိုးပြီးနေပြီ။ မင်းကော ပါမလား ဆိုပြောတယ်။ အဲ ဒီမှာ ကိုယ့်ခံစားချက် နဲ့ ကိုယ် ဖြစ်နေတယ်။ အဲဒီဆေး ရုံကြီးကို ပုန်းလျှိုး ကွယ်လျှိုးနဲ့ တစ် ယောက် တစ်မျိုးဆီသွား ခဲ့ကြတယ်။ ဟိုရောက်တော့ မသုံးတော့တဲ့ ရေတိုင်ကီပုံး ကို နိုင်ငံရေး စင်မြင့်လို့ ခေါ် ကြတယ်။ အဲဒီ့ပေါ်မှာ ကိုအံ့ ကျော်၊ ဆရာဝင်းတင်၊ ဦးမိုးသူ၊ မင်းသိင်္ခ၊ ဦးထွန်းဝေ၊ ဆရာမောင်သောက စတဲ့ သူတွေက ဟောပြောခဲ့ကြ တယ်။ သြဂုတ်လ ၂၄ရက်နေ့ မှာ စစ်သား တွေ ရုတ်သိမ်းသွားတဲ့ အတွက် ကျယ် ကျယ်ပြန့်ပြန့် ဆန္ဒပြခဲ့တယ်။ အဲဒီ့ အချိန်မှာ BBC က နာမည်နဲ့ တကွ ကြေညာလိုက်တဲ့ အတွက် ရှေ့ဘက် မတိုးရင် မရတဲ့ အခြေ အနေကြောင့် ဒီအရေးတော်ပုံ မှာ ပါဝင်ဖြစ်ခဲ့ကြတယ်” လို့ ရှင်းပြပါတယ်။
၁၉၈၈ ခုနှစ်မှာ ကိုယ့်တတ်စွမ်းတဲ့ အနုပညာနဲ့ ပြည်သူကို အလုပ် အကျွေးပြုဖို့ အတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်တဲ့ သူတွေကို ဘယ်လို အတားအဆီး မျိုးတွေ ရှိ လဲမေး ကြည့်တော့..
“ဒါကတော့ လူအမျိုးမျိုး ရှိလိမ့်မယ်လို့ ထင်တယ်။ ဒီအရေးတော် ပုံမှာ ပါဝင်ခဲ့တယ် ဆိုတာလည်း နဂို စိတ်ကိုက ခံယူချက် ပြင်းထန်ပြီး ငါ့တို့ ဆင်းရဲနေတာ ဒီ လူတွေကြောင့် ကွဆိုပြီး သတ်မှတ်ထားတဲ့ သူတွေက တော့ ဘယ်လို တားဆီးပါစေ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒီအရေး တော်ပုံမှာ ပါဝင်ခဲ့ရင် ပေါ်ပြူလာ ဖြစ်မှာ ပဲလို့ ထင်တဲ့သူတွေ ကတော့ ပြောင်းသွားမှာပါ။ ဘာဖြစ်လို့လဲ ဆို ရင် ကျွန်တော်တို့ အနုပညာ အလုပ် ကို မပြောနဲ့။ လက်နက် ကိုင်ပြီး တိုက် ပွဲဝင်နေတဲ့ သူတောင် ငြိမ်းချမ်းရေး ယူပြီး လုပ်ငန်း လုပ်ကွက်တွေပေး လိုက်ရင် ငြိမ်သွားကြတာပဲလေ။ ကျွန်တော်တို့ အနုပညာလောက က နဂိုကတည်းကမှ ကြောက်တတ်တယ် လူတွေ များတယ်။ အဲဒီလိုမျိုး ဖိနှိပ် လိုက်တဲ့အခါ တကယ်တမ်း ကြောက် သွားတဲ့ သူတွေလည်း ရှိတယ်။ တကယ်တမ်း ပေးဆပ်လိုက် ရတဲ့သူ တွေလည်း ရှိတယ်။ မိသားစုနဲ့ ပြန် မဆုံနိုင်တော့တဲ့ သူတွေလည်း ရှိခဲ့ တယ်။ ခံယူချက် အင်မတန် ပြင်းတဲ့ သူတွေကတော့ ပြောင်းလဲစရာ အကြောင်း မရှိဘဲ ငြိမ်သက်စွာ ရပ် တည်နေခဲ့ ကြတယ်” လို့ ပြောပါတယ်။
အခုဆိုရင် ရှစ်လေးလုံး အရေး တော်ပုံနောက်ခံ ဇာတ်လမ်းတွေ ရိုက်ကူး ဖန်တီးသူတွေကိုလည်း..
“သူတို့ကို အကြံဥာဏ်တော့ မပေးချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုရင် ကိုယ့်ထက်တတ်လို့ ရိုက်နေကြ တာလေ။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကို ကိုယ်စားပြုရင်၊ တိုင်းပြည် သွေးမြေ ကျအောင် တိုက်ပွဲဝင်ခဲ့ကြ သူတွေ၊ သားတစ်ကွဲ မယားတစ်ကွဲ ဖြစ်ခဲ့သူတွေ၊ ဖမ်းဆီး ချုပ်နှောင်ခံခဲ့ သူတွေ စတဲ့ သူတွေကိုတော့ အားနာ ဖို့ကောင်း တယ်။ ဘာမှန်းညာမှန်း မသိဘဲ ရိုက်ကူးနေကြတဲ့ သူတွေက သမိုင်းကို သေချာ လေ့လာပြီး လုပ် သင့်တယ်။ ကိုကိုကြီး၊ မင်းကိုနိုင်၊ ဇာဂနာ စတဲ့ တကယ် လှုပ်ရှားနေတဲ့ သူတွေ ရှိနေသရွေ့ကတော့ ပြည်သူ ပရိသတ် အနေနဲ့ အမှားကို အမှန် မြင်စရာ အကြောင်း မရှိဘူး။ လုပ်တဲ့ သူတွေကသာ နားမလည်ဘဲ လုပ်တဲ့ အတွက် ပြည်သူ သစ္စာဖောက်တွေပဲ” လို့ ဦးအောင်လွင်က ပြောပြခဲ့ပါ တယ်။
ထွဋ်မြတ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D