အဲဒီ့မှာပဲ ပရိသတ် တွေကို လက်ဆောင်ပေးမယ့် ပိုစတာတွေရော၊ ဘူးကာဗာရော၊
အတွင်းထဲမှာ သီချင်းစာ
အုပ်ရော၊အခွေထဲမှာနံရံကပ်ပိုစတာထည့်ပေးဖို့ရော၊အဲဒီလိုမျိုးတွေအကုန်လုံး
package လိုက်ရောင်းရုံ အဆင်သင့်၊
သူကပါကင်တစ်ခါတည်းလုပ်ပေး ပြီးသားပါ။ နန်းဆုအခွေမှာ printed in thailand
ဆိုပြီးပါ မယ်။ သူတို့ဆီမှာ ထုတ်တဲ့အခွေအကုန်လုံးက ဆိုင်ပေါ်တင်လိုက်ရင် ဘတ်
၆ဝဝနဲ့ရောင်းတယ်။ မြန်မာငွေနဲ့ ဆိုရင်စီဒီတစ်ချပ်ကို
သောင်းရှစ်ထောင်ကျော်ရှိတယ်။
ဒါပေမဲ့ကမ္ဘာကျော်တေးစီးရီးတော်တော်များများရယ်၊
သူတို့နိုင်ငံကထုတ်သမျှအခွေတော်တော်များများက သူတို့ကုမ္ပဏီကထုတ်တာပဲ။
ဘန်ကောက်ကအကြီးဆုံး ကုမ္ပဏီပဲ။
ပရိသတ်ကိုကောင်းကောင်းပဲပေးချင်တယ်။မူရင်းအခွေကိုပိုပြီး ဝယ်ချင်
စိတ်တွေဖြစ်အောင် မူရင်းအခွေကို ကွာလတီမြှင့်လိုက်တဲ့ သဘောပါ။
မူရင်းအခွေဝယ်ရင်ခွေ disc ကအစ တစ်သက်လုံး မပျက်ဘဲသိမ်းထား လို့ရတယ်။
ကာဗာပေါ်မှာလည်း နန်းဆုရဲ့ သီချင်းစာသားတို့ နာမည်တို့ကို
ဖောင်းကြွတွေထုထားပေးတယ်။ ဆွဲဆောင်မှုရှိအောင်လို့ပေါ့။ အသံအားဖြင့်
ကြည့်ရင်လည်း ပိုပြိးနားထောင်လို့ကောင်းအောင်၊ ကြာရှည် ခံအောင်ပရိသတ်အတွက်
ကွာလတီကောင်းတဲ့ ပစ္စည်းတစ်ခုကိုလက်ထဲထည့်ချင်လို့ပါ။အဲဒီအတွက်
ကုန်ကျ စရိတ်က ပိုများသွားတယ်။ ဒါပေမဲ့လည်း ပရိသတ်ကို နန်းဆုရဲ့
မေတ္တာစေတနာတွေ ပေးချင်တဲ့အတွက် ဒီအခွေကို ဒီလိုမျိုးလုပ်ဖြစ်တာပါ။
နန်းဆုအကြိုက်ဆုံးအရောင်က ရွှေရောင်ဆိုတော့ ဒီတစ်ခေါက်အခွေကို အကုန်လုံး
ရွှေဖြစ်ချင်တာ။ အကောင်းဆုံးလုပ်မယ်ဆိုတဲ့ ဆန္ဒလည်းပါတယ်။ အဲဒါကြောင့်
အင်္ကျီကလည်း ရွှေရောင်၊ ဆံပင်ကလည်း ရွှေရောင်၊ ကာဗာနောက်ခံကလည်း ရွှေရောင်၊disc
ကလည်းရွှေရောင်အကုန် ရွှေရောင်တွေပဲလုပ်ထားတယ်။အမှတ်တရလေးဖြစ်သွားတာပေါ့"
လို့ ပြောပါတယ်။ သူ့ရဲ့မွေးနေ့က စက်တင်ဘာ၁၈ ရက်နေ့ဖြစ်ပြီး
မွေးနေ့ဝန်းကျင်လောက်မှာ အခွေထွက်ဖို့စီစဉ်ထားကြောင်းနန်းဆုရတီစိုး က
ပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...