သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 22, 2013

ကိုယ်တွင်း အဆီပိုများကို ဖယ်ရှားနိုင်သော နည်းလမ်းများ...

............................................................................
သင့်ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကိုလောင်ကျွမ်းစေပြီး ကိုယ်တွင်းအဆီပိုတွေကို ဖယ်ရှားပေးနိုင်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာကျင့်သုံးလိုက်ပါ။
၁) သစ်ကြံပိုးခေါက် ထည့်ချက်ပါ
ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုတတ်ကြတဲ့ သစ်ကြံပိုးခေါက်မှာ အဆီလောင်ကျွမ်းစေတဲ့ အာနိသင် ရှိပါတယ်။ အစာစားပြီးတဲ့အခါ ခန္ဓာကိုယ်အတွက် ပိုလျှံနေတဲ့ သကြားဓာတ်တွေကို အဆီအဖြစ် သိုလှောင်မှုကို သစ်ကြံပိုးခေါက်က တားဆီးပါတယ်။ သစ်ကြံပိုးခေါက်က ကိုယ်အလေးချိန် မတက်စေဘဲ အချိုဓာတ်ကို ရရှိစေပါတယ်။ သစ်ကြံပိုးခေါက် အပါအဝင် ဟင်းခတ်အမွှေးအကြိုင် အများစုက အရသာ...အတွက်ထည့်တဲ့ အဆီ၊ ထောပတ်နဲ့ ဆားတွေထက် ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ အာနိသင်ရှိပါတယ်။
(၂) ကုလားပဲ စားပါ
ကုလားပဲမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နဲ့ အဆီကို လောင်ကျွမ်းစေတဲ့ ကစီဓာတ်တွေ ပါဝင်ပါတယ်။ ကုလားပဲခွက် တစ်ခွက်စာကနေ ၁၂၀-၁၄၀ ကယ်လိုရီ ရရှိပြီး ဆာလောင်မှုမရှိဘဲ ကျေနပ်မှုကို ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ကုလားပဲစားသုံးတာက ခါးသေးသွယ်ပြီး ကိုယ်အလေးချိန် လျော့ကျစေတယ်လို့ တွေ့ရပါတယ်။
(၃) မနက်စာ ကြက်ဥစားပါ
စိန့်လူးဝစ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ကာဗိုဟိုက်ဒရိတ်နဲ့ ပမာဏတူတဲ့ ကြက်ဥကို စားသုံးတာက ကိုယ်အလေးချိန် လျှော့ချနိုင်တာကို တွေ့ရပါတယ်။ နောက်ထပ်တွေ့ရှိချက်တွေအရ မနက်စာမှာ ကြက်ဥစားပေးတာက တစ်နေ့တာအတွက် ကယ်လိုရီစားသုံးမှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။
(၄) မှိုထည့်ချက်ပါ
မှိုထဲမှာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ ဂလူတမိတ်ပါဝင်ပြီး အရသာ ကောင်းမွန်တာကြောင့် အနည်းငယ်စားရုံနဲ့ စိတ်ကျေနပ်မှု ရစေပါတယ်။
(၅) သရေစာအဖြစ် အစေ့အဆန်များကို စားပါ
အစေ့အဆန်တွေမှာ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အဆီတွေ ပါဝင်တာကြောင့် ဆာလောင်မှုကို လျော့နည်းစေပါတယ်။ အစေ့အဆန်တွေမှာ ခန္ဓာကိုယ်မှ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တဲ့ အာနိသင်ရှိပြီး ပြည့်အင့်မှုကို ဖြစ်စေပါတယ်။
(၆) ပုစွန်ဆိတ် စားပါ
ပုစွန်ဆိတ်လေးအောင်စ စားသုံးပါက ခန္ဓာကိုယ်မှ ပရိုတင်းလိုအပ်ချက်ရဲ့လေးပုံ သုံးပုံကို ရရှိနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ မိန်းကလေးတွေဟာ ကယ်လိုရီ ၃၀ ရာခိုင်နှုန်းကို ပရိုတင်းကနေ ရယူပြီး ကြွက်သားတည်ဆောက်မှုနဲ့ ဇီဝဖြစ်ပျက်မှုကို လုပ်ဆောင်ပါတယ်။ တိုဟူး၊ ဒိန်ချဉ်၊ ကြက်သား၊ အဆီဖယ်ထားတဲ့ အမဲသား၊ ဝက်သားနဲ့ ငါးတွေကနေလည်း ပရိုတင်းကို ရရှိနိုင်ပါတယ်။
(၇) လက်ဖက်စိမ်းရည် သောက်ပါ
တစ်နေ့ကို လက်ဖက်စိမ်းရည် လေးခွက်သောက်ပေးပါက နှစ်ပတ်အတွင်း ကိုယ်အလေးချိန် ရှစ်ပေါင်ကျဆင်းစေတယ်လို့ အမေရိကန် အာဟာရဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။
(၈) ကောက်နှံတစ်ခုလုံး ပါဝင်စာစားပြီး သကြားဓာတ်ကို ထိန်းပါ
ကောက်နှံတစ်ခုလုံး ပါဝင်စာကလည်း သင့်ခန္ဓာကိုယ်အတွင်းရှိ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာကို တဖြည်းဖြည်းချင်း ချေဖျက်ရလို့ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။ သကြားဓာတ် ထိန်းထားနိုင်တာက ခါးပတ်လည်မှာ အဆီသိုလှောင်မှုကို လျော့နည်းစေပြီး ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်။
(၉) ငရုတ်သီး ထည့်ချက်ထားသော ဟင်းကိုစားပါ
ငရုတ်သီးကို ဟင်းထဲမှာ ထည့်ချက်စားလေ့ ရှိကြပါတယ်။ တစ်နေ့ကို ငရုတ်သီးထည့်ချက်တဲ့ ဟင်းတစ်မျိုးစားပေးပါက ဇီဝဖြစ်ပျက်မှုကို ၂၅ ရာခိုင်နှုန်း ပိုမိုကောင်းစေတယ်လို့ လေ့လာမှုတစ်ခုမှာ တွေ့ရပါတယ်။
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)Ref: Good Health posted on Yatanarpon.com.mm
FB Youth Activites (MYANMAR)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D