သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 23, 2013

ကျုံးဘေးတွင် ဓားဖြင့်လိုက်ခုတ်နေသူများအားဖမ်းမိ၊ လူငယ်များစိတ်ဓာတ်ကောင်းအောင် စစ်မှုမထမ်းမနေရစနစ်လုပ်သင့်ဟုဆို

  မန္တလေးမြို့ အများပြည်သူအပန်းဖြေရာကျုံးဘေးမှာ ဆိုင်ကယ် အုပ်စုဖွဲ့
ဓားကိုင်ပီး  အပြစ်မရှိဘဲနဲ့ အများပြည်သူအပေါ်
လိုက်လံ ရန်ပြုနေတဲ့ လူရမ်းကားအုပ်စုကို ဖမ်းဆီး ရမိပြီဖြစ်ပါတယ်။ ဒီမိုကရေစီမရခင်က ကျုံးဘေးတစ် လျှောက်မှာ အရက်မူးပြီး ဆိုင်ကယ်မောင်းတဲ့ အမူးသမားအချို့သာရှိခဲ့ပေမယ့် ဒီမိုကရေစီရပြီးတဲ့နောက်ပိုင်းမှာတော့ အများပြည်သူအပေါ် စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် အခြောက်တွေလည်းပေါလာသလို အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ဓားကိုင်ရမ်းကားတဲ့သူတွေ လည်းများပြားလာခဲ့ပါတယ်။ ထို့ကြောင့် သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များမှ အများပြည်သူအေးချမ်းစွာ နေနိုင်အောင်လို့ ကျုံးဘေးတစ်လျှောက် အခြောက်များကို ဖမ်းဆီးခြင်း၊ ဓားကိုင်ရမ်းကားသူများကို ဖော်ထုတ်ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ရပါတယ်။

ဓားကိုင်ရမ်းကားသူများမှာ ငယ်ရွယ်သူများဖြစ်ကြပြီး စိတ်ကြွဆေးများသုံး၍ ရူးကြောင်ကြောင်ဖြစ်နေကြကြောင်း ဖမ်းဆီးခဲ့သူပြည်သူ့ရဲတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
ဒီမိုကရေစီရလာတာနဲ့ ချက်ချင်းဆိုသလို လူငယ်အများစုမှာ ရမ်းကားလာပြီး မူးယစ်ဆေးဝါးများသုံးစွဲပြီး ပျက်စီးနေကြပြီဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့အနာဂတ်လူငယ်များကို ပြုပြင်ထိန်းသိမ်း         ပျိုးထောင်ပေးသင့်ကြောင်း၊ နိုင်ငံချမ်းသာလာတာနဲ့ တခြားတိုင်းပြည်များလို အရွယ်ရောက်တဲ့ လူငယ်များကို စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းပေးပြီး တပ်မတော်ထဲမှာ စိတ်ဓာတ်ကောင်းအောင် လေ့ကျင့်ပေးသင့်ကြောင်း မန္တလေးမြို့နေ ဆိုင်ကယ်တက္ကစီဆွဲသူ  ကိုအောင်ကျော်စိုးမှ ပြောကြားသွားပါတယ်။
From:နိုင်ငံသစ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D