သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 20, 2013

တီဗွီအပူလွန်ကဲရာမှ စားသောက်ဆိုင် တစ်ဆိုင်လုံးနီးပါး မီးလောင်ကျွမ်းမှု မော်လမြိုင်၌ဖြစ်ပွား

Photo: တီဗွီအပူလွန်ကဲရာမှ စားသောက်ဆိုင် တစ်ဆိုင်လုံးနီးပါး 
မီးလောင်ကျွမ်းမှု မော်လမြိုင်၌ဖြစ်ပွား
Tuesday, August 20, 2013

သြဂုတ်လ(၁၉)ရက်၊ နေ့လည် (၁၂း၀၀) နာရီဝန်းကျင်က မွန်ပြည်နယ်မော်လမြိုင်မြို့
 ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ် ၀င်းအတွင်းရှိ City Top စားသောက်ဆိုင်မှ 
ရုပ်မြင်သံကြားစက်အပူလွန်ကဲရာမှတဆင့် ဆိုင်အတွင်းရှိ 
အသုံးဆောင်ပစ္စည်းများကို ကူးစက်ကာ မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။

မီးလောင်ကျွမ်းမှုမှာ ဆိုင်ဝန်ထမ်းတစ်ဦးမှ (၂၁)လက်မ Samsung TV ဖွင့်ထားစဉ် 
မေ့လျောနေခဲ့သောကြောင့် တီဗွီမှတဆင့် အပူလွန်ကဲ၍ ပေါက်ကွဲကာ 
စားသောက်ဆိုင်အတွင်းရှိ ဆိုဖာများပေါ်သို့ ကူးစက်၍ 
စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။ 

“ပထမတော့ မီးအားထိန်းစက်က ဖြစ်တယ်လို့ ပြောနေတာ။ ဒါပေမဲ့ အခုမှ TV က ဆိုတာ 
သိရတယ်။ မီးက တစ်နာရီ လောက် နီးပါးလောင်တယ်။ တော်သေးတယ်။ ဒါတောင် 
မီးလောင်တဲ့အချိန်က မိုးရွာနေလို့ နို့မို့ မလွယ်ဘူး” ဟု မျက်မြင်သက်သေ 
တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ 
မီးသတ်ယာဉ် (၆)စီးနှင့် ဒေသခံများက ၀ိုင်းဝန်းငြှိမ်းသတ် သည့်အတွက် 
နေ့လည်(၁၂း၄၅)နာရီ အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး 
ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟု မီးသတ်ဦးစီးဌာနမှ သိရှိ ရသည်။

မီးလောင်ကျွမ်းမှုမှာ စားသောက်ဆိုင်တစ်ခုလုံးနီးပါး 
လောင်ကျွမ်းခဲ့ခြင်းဖြစ်သည့်အတွက် ဆုံးရှုံမှုတန်ဖိုးမှာ စုစုပေါင်း ကျပ် 
(၁၉) သိန်း ခန့်ရှိခဲ့ကြောင်းနှင့် စားသောက်ဆိုင်ပိတ်ထားသည်မှာ 
ကြာပြီဖြစ်ကြောင်း မီးလောင်မှုနှင့် ပတ်သက်၍ ဆိုင်ဝန်ထမ်း တစ်ဦးဖြစ်သည့် 
အောင်အောင် အသက်(၂၅)နှစ်အား မြို့မရဲစခန်းမှ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက် 
ထားကြောင်း မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ 
သိရှိရသည်။

မော်လမြိုင်ခရိုင်အတွင်းတွင် ၂၀၁၃ ခုနှစ် အတွင်း မီးလောင်မှုစုစုပေါင်း (၃၁)
 ကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်းနှင့် ဆုံးရှုံးမှု တန်ဖိုး 
ကျပ်သိန်း(၄၀၀၀)ကျော်ဖိုးရှိကာ ပေါ့ဆမီးကြောင့် လောင်ကျွမ်းမှုအများဆုံး 
ဖြစ်ရသည်ဟု မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
သြဂုတ်လ(၁၉)ရက်၊ နေ့လည် (၁၂း၀၀) နာရီဝန်းကျင်က မွန်ပြည်နယ်မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ် ၀င်းအတွင်းရှိ City Top စားသောက်ဆိုင်မှ ရုပ်မြင်သံကြားစက်အပူလွန်ကဲရာမှတဆင့် ဆိုင်အတွင်းရှိ အသုံးဆောင်ပစ္စည်းများကို ကူးစက်ကာ မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။
မီးလောင်ကျွမ်းမှုမှာ ဆိုင်ဝန်ထမ်းတစ်ဦးမှ (၂၁)လက်မ Samsung TV ဖွင့်ထားစဉ် မေ့လျောနေခဲ့သောကြောင့် တီဗွီမှတဆင့် အပူလွန်ကဲ၍ ပေါက်ကွဲကာ စားသောက်ဆိုင်အတွင်းရှိ ဆိုဖာများပေါ်သို့ ကူးစက်၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။ “ပထမတော့ မီးအားထိန်းစက်က ဖြစ်တယ်လို့ ပြောနေတာ။ ဒါပေမဲ့ အခုမှ TV က ဆိုတာ သိရတယ်။ မီးက တစ်နာရီ လောက် နီးပါးလောင်တယ်။ တော်သေးတယ်။ ဒါတောင် မီးလောင်တဲ့အချိန်က မိုးရွာနေလို့ နို့မို့ မလွယ်ဘူး” ဟု မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၆)စီးနှင့် ဒေသခံများက ၀ိုင်းဝန်းငြှိမ်းသတ် သည့်အတွက် နေ့လည်(၁၂း၄၅)နာရီ အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟု မီးသတ်ဦးစီးဌာနမှ သိရှိ ရသည်။

မီးလောင်ကျွမ်းမှုမှာ စားသောက်ဆိုင်တစ်ခုလုံးနီးပါး လောင်ကျွမ်းခဲ့ခြင်းဖြစ်သည့်အတွက် ဆုံးရှုံမှုတန်ဖိုးမှာ စုစုပေါင်း ကျပ် (၁၉) သိန်း ခန့်ရှိခဲ့ကြောင်းနှင့် စားသောက်ဆိုင်ပိတ်ထားသည်မှာ ကြာပြီဖြစ်ကြောင်း မီးလောင်မှုနှင့် ပတ်သက်၍ ဆိုင်ဝန်ထမ်း တစ်ဦးဖြစ်သည့် အောင်အောင် အသက်(၂၅)နှစ်အား မြို့မရဲစခန်းမှ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက် ထားကြောင်း မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

မော်လမြိုင်ခရိုင်အတွင်းတွင် ၂၀၁၃ ခုနှစ် အတွင်း မီးလောင်မှုစုစုပေါင်း (၃၁) ကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်းနှင့် ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း(၄၀၀၀)ကျော်ဖိုးရှိကာ ပေါ့ဆမီးကြောင့် လောင်ကျွမ်းမှုအများဆုံး ဖြစ်ရသည်ဟု မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
 
From...K N T

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D