“ ၉.၁၁.၂၀၁၃ ရက်မှာ ၀ါရှင်တန်ဒီစီကို မွတ်စ်လင်မ်ဦးရေတစ်သန်းသမိုင်းဝင်ချီတက်မှု ဖြစ်လာရေး အတွက် ကျွန်တော်တို့ စီစဉ်နေပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ရဲ့ပြည်သူ့ အခွင့်အရေးကို ကျွန်တော် တို့အစိုးရက ကာကွယ်ပေးဖို့ တောင်းဆိုသွားမှာဖြစ်တယ်။ ပြင်ဆင်ပြောင်းလဲရေး ပထမဥပဒေ 1st amendment သက်ဝင်လှုပ်ရှားလာစေဖို့ ကျွန်တော်တို့ တောင်းဆိုသွားပါမယ်။ ပွင့်လင်းမြင်သာတဲ့ အစိုးရဖြစ်ရမယ်လို့ သမ္မတအိုဘားမားရဲ့ ပထမဆုံးသမ္မတ မဲဆွယ်မှုမှာ ပေးထားတဲ့ ကတိက၀တ်ကို ဖြည့် ဆည်းဆောင်ရွက်ဖို့ ကျွန်တော်တို့ တောင်းဆိုသွားပါမယ်။ နောက်ဆုံးအနေနဲ့ ၉/၁၁ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို အမေရိကန်ပြည်သူတွေသိအောင် ထုတ်ပြန်ပေးဖို့ တောင်းဆိုသွားပါမယ် ” AMPAC (American Political Action Committee) အဖွဲ့က မိမိတို့ရဲ့ ၀က်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့ပါတယ်။
စည်းရုံးဆောင်ရွက်နေတဲ့ American Muslim Political Action Committee (AMPAC) က ဇန္န၀ါရီလမှာ ဒီလှုပ်ရှားမှုအတွက် ပထမဆုံးအကြိမ် ကြေငြာခဲ့တာပါ။ ၉/၁၁ တိုက်ခိုက်မှုဖြစ်ပွားကတည်းက မွတ်စ်လင်မ်တွေ ခါး စည်းခံနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ကာကွယ်တား ဆီးနိုင်ရေး အလို့ငှာ ဒီလိုစီစဉ်ခြင်းဖြစ်ပါတယ်။
“
အဲ့ဒီနေ့လုပ်ရပ်ကြောင့် တစ်နိုင်ငံလုံး သားကောင်ဘ၀ ရောက်ခဲ့ရတယ်။
မွတ်စ်လင်မ်တွေရော မွတ်စ်လင်မ်မဟုတ်သူတွေပါ အချိန်အတန်ကြာတဲ့အထိ
ထိခိုက်ခံစားခဲ့ကြရတယ်။
ဒါပေမယ့် အဲ့ဒီနောက်ပိုင်း ၁၂ နှစ်တာလုံးလုံး ဗီလိန်လူဆိုးလို
ပုံဖော်ခံနေရတာက ကျွန်တော်တို့
မွတ်စ်လင်မ်တွေ ဖြစ်နေတယ်။ အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့နဲ့မီဒီယာမှန်သမျှ
ကျွန်တော်တို့
မွတ်စ်လင်မ်တွေ နဲ့ ကျွန်တော်တို့ရဲ့ အစ္စလာမ်သာသနာ အပေါ်
တလွဲတချော်စော်ကားရေးသား ထုတ်ပြန်မှုတွေကို
ကျူးလွန်နေတာ ဒီနေ့ကာလအထိပါဘဲ ” လို့ ၀က်ဘ်ဆိုဒ်မှာ တင်ပြထားပါတယ်။
တိကျတဲ့စာရင်းပြုစုမှုမရှိပေမယ့် အမေရိကမှာ မွတ်စ်လင်မ်ပေါင်း ၇ သန်းကနေ ၈ သန်းအထိ နေထိုင် လျက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ကနဦးပိုင်း လူထုစစ်တမ်းအရ အမေရိကန်မွတ်စ်လင်မ်တွေ ဟာ နိုင်ငံအပေါ်သစ္စာစောင့်သိကြပြီး မိမိတို့အနာဂတ်နဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံအပေါ် အကောင်းမြင်သဘောထား ရှိတယ်လို့ ဆိုထားတယ်။
၉/၁၁ နောက်ပိုင်း မိမိတို့ရဲ့ အစ္စလာမ့်ဝတ်စားဆင်ယင်မှုပုံဟန် နဲ့ ရပ်တည်မှုပုံဟန်အတွေပေါ် လူ့အသိုင်းအ၀ိုင်းထဲမှာ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေ၊ ၀ါဒမှိုင်းတိုက်မှုတွေကို ရင်ဆိုင်နေကြရတယ်လို့ အမေရိကန်မွတ်စ်လင်မ်များစွာက ပြောကြပါတယ်။
လာမယ့် ချီတက်ပွဲမှာ ဆန္ဒထုတ်ဖော်သူများအနေနဲ့ ၉/၁၁ ရဲ့ဖြစ်ရပ်မှန်ကို ဖွင့်ချဖော်ပြပေးဖို့ကိုလည်း တွန်းအားပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီဖြစ်အင်ကို ဖုံးကွယ်ထားတဲ့အထဲမှာ အမေရိကန်အစိုးရ ကိုယ်တိုင် လည်း ပါဝင်နေတယ်လို့ Hodge က ဖော်ပြထားတယ်။
“ ကျွန်တော်တို့ အမေရိကန်မွတ်စ်လင်မ်တွေက အကြမ်းဖက်မှုနဲ့ပဋိပက္ခတွေကို ဆန့်ကျင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့ အမေရိကန်အားလုံးရဲ့ အခွင့်အရေးကိုလည်း ကာကွယ်သွား မှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က စတင်ပြီး နှစ်စဉ် စက်တင်ဘာ ၁၁ ရက်ရောက်တိုင်း အမေရိ ကန်ပြည်ထောင်စုမြို့တော် ၀ါရှန်တန်ဒီစီကို အမေရိကန်မွတ်စ်လင်မ်ဦးရေတစ်သန်းနဲ့ ချီတက်ပွဲ လုပ်နိုင်အောင် ရည်ရွယ်လုပ်ဆောင်သွားပါမယ် ” လို့ AMPAC တည်ထောင်သူ MD Alam က သီးသန့်သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုသွားပါတယ်။
၁၉၉၅ ခုနှစ်မှာ အမေရိကန်-အာဖရိကန် ဦးရေ ၁.၅ ကနေ ၂ သန်း ပမာဏထိ စုပေါင်းချီတက်ပွဲပြုလုပ် ခဲ့ကြတယ်။ မိမိတို့ရဲ့ပြည်သူ့အခွင့်အရေးအတွက် အမျိုးသားရင်ပြင်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းပါ။ အဲ့ဒီလို သမိုင်းဝင်ချီတက်ဆန္ဒထုတ်ဖော်ပွဲက အောင်မြင်မှုမျိုး တစ်ကျော့ပြန်ရဖို့ AMPAC က မျှော်မှန်းထား ပါတယ်။

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...