သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 22, 2013

" ညီညွတ်ဖို့ လိုပါပြီ "

ဇာတ်သမား ပြန်ရင် မှတ်သားစရာ ကျန်ခဲ့တယ် ဆိုတဲ့ စကားအတိုင်းပဲ အလင်္ကာ ဖျော်ဖြေပွဲကြီး ပြီးတဲ့ နောက်ပိုင်းမှာလည်း ပရိသတ်တွေ အတွက် မှတ်သားစရာတွေ ကျန်ခဲ့ လိမ့်မယ်လို့ ထင်မိပါတယ်။ ဒီလိုပဲ ဖျော်ဖြေပွဲအပြီး ရွှေမန်း မျိုးဆက်တွေကလည်း ပြောပြစရာတွေ အများကြီး ရှိလိမ့်မယ်လို့ ထင်မိပြန်တဲ့ အတွက် ရွှေမန်း တင်မောင် ရဲ့ မြေးဖြစ်သူ တင်မောင် ဆန်းမင်းဝင်းနဲ့ အင်တာဗျူးဖြစ်ခဲ့ပါတယ်။

မေး- အလင်္ကာ ပွဲကြီးကတော့ ပြီး သွားပြီ။ ဒီပွဲနဲ့ အဖိုးဖြစ်သူကို ဂုဏ် ပြုလိုက်နိုင်ပြီလို့ ကိုဆန်းမင်း အနေ နဲ့ ခံယူပါသလား။ ပွဲရဲ့ကုန်ကျစရိတ် ဘယ်လောက် ရှိခဲ့လဲ။ အလင်္ကာပွဲ ကို ရန်ကုန်အပြီး မန္တလေးမှာပါ ဆက် လုပ်ဖို့ အစီအစဉ် ရှိပါသလား။
ဖြေ- ကျွန်တော့် ဘဝမှာ မျက်ရည်ကျ ခဲ့ရတဲ့ ပွဲနှစ်ပွဲရှိပါတယ်။ တစ်ပွဲကတော့ ရွက်ထည်ရုံ ဖွင့်ပွဲနဲ့ အခု အလင်္ကာ ဖျော်ဖြေပွဲကြီးပါ။ ကျွန်တော်တို့ အနေ နဲ့ ဆက်တင် ပိုင်းတွေကြီးပဲ သိန်း၎ဝဝကျော် ၅ဝဝ နီးပါး လောက် အကုန်အကျ ခံခဲ့ပါတယ်။ ကုန်ကျစရိတ် အားလုံး ဆိုရင်တော့ သိန်း ၁၆ဝဝ လောက် ကုန်ခဲ့ပါတယ်။ မြေး တစ်ယောက် အနေနဲ့ အဘိုးကို ဂုဏ်ပြု လိုက်နိုင်ခဲ့ပြီလို့ မြင်မိပါတယ်။ ဒီပွဲရဲ့ အရှိန်အဝါကို နောက်ပွဲမီဖို့ တော်တော်လေး စဉ်းစား လုပ်ယူရမယ်။ လုပ်ခဲ့ရင်တောင် တန်းတူ လောက်ပဲ ဖြစ်လောက်မယ်။ ဘာ ကြောင့်လဲ ဆိုတော့ အနုပညာရှင် တွေ စုစည်းမှု၊ ဆက်တင်ပိုင်း ဆိုင်ရာ စုစည်းမှုတွေ နဲ့ အလုပ်လုပ် ထားတာ ပါ။ အဲဒီတော့ ဒီ စုစည်းမှု တွေ ပြန်ရ ဖို့ ဆိုတာ တော်တော် ခဲယဉ်းပါတယ်။ ဒါကြောင့် ဒီပွဲနဲ့ တာဝန်ကျေနိုင် သွားပြီ ဆိုပြီး ကိုယ့်ကိုယ် ကိုယ်ဂုဏ်ယူ မိပါတယ်။ ပွဲတွေဆက် လုပ်ဖို့ရှိပါ တယ်။ ဒါပေမဲ့ ဒီပွဲရဲ့ အင်အားကို မမီမှာ ကြောက်တဲ့ အတွက် ကျွန်တော်တို့ ခဏ နားထားခြင်းပဲ ဖြစ်ပါတယ်။ လုပ်ရင်လည်း ကောင်းအောင် လုပ်ရမှာလေ။ ဆက် တင် ပစ္စည်းတွေ ဆိုရင် လည်းကျွန်တော်တို့ သိုလှောင်ထား ပါတယ်။ တကယ်လို့များ ပွဲလုပ်ဖို့ အချိန်တန်ပြီ ဆိုရင်တော့ တတ်နိုင်တဲ့ အင်အားလေး နဲ့တော့ ချပြ ဖို့ရည်ရွယ် ထားပါတယ်။
မေး- အလွန်အောင် မြင်ခဲ့တဲ့ ဇာတ်ထုတ် တွေကို ခေတ်နဲ့လိုက် လျောညီထွေစွာ တင်ဆက်တဲ့ အခါ ဘောင်ကျော် သွားတာမျိုး မဖြစ်ရအောင် ဘယ်လို ဂရု စိုက်ခဲ့ရ ပါသလဲ။ ပွဲရဲ့တင်ဆက်မှု အ ပိုင်းတွေ နဲ့ပတ်သက် ပြီး ပရိသတ် ရဲ့အသံကို ဘယ်လို ပြန်ကြားရလဲ။
ဖြေ- ပရိသတ်ရဲ့ အသံကတော့ ကောင်း တယ်လို့ ထွက်ပါတယ်။ကျွန် တော်တို့ပြတဲ့ presentation နဲ့ လူကြီးတွေရဲ့ ရင်ကို ထိမိဖို့ဆို တာတော် တော် ခဲယဉ်းပါတယ်။ ဒါပေမဲ့ လူကြီး တွေ က လက်ခံတဲ့ အတွက် ကျွန် တော်တို့ လုပ်တာ ဘောင်ဝင် သွားတယ်လို့ ပြောလို့ ရပါတယ်။ ကျွန်တော် တို့က လူငယ်ဖြစ်တဲ့ အတွက် လူ ငယ် အတွေးတွေ ရှိ တယ်။ လူကြီးတွေက လူကြီးအမြင် နဲ့ကြည့်ကြတယ်။ လူငယ်တွေကို စိတ်ဝင်စားအောင် လုပ်ပြချင် တယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါ တယ်။ အဲဒီတော့ လူငယ်တွေ စိတ်ဝင် စားအောင် ဘောင်ထဲကနေ လုပ်ပြတဲ့ အခါမှာ လူငယ်တွေကလည်း စိတ်ဝင် စားတယ်။ လူကြီးတွေကလည်း ကောင်းတယ် ဆိုတဲ့ အသိကို ပေးကြ ပါတယ်။ ဖျက်ဆီးတာပဲ ဆိုတဲ့ အသံမ ထွက်လာပါဘူး။ ကျွန်တော် ကိုယ်တိုင် ကလည်းလူငယ် တစ်ယောက်ဖြစ်တဲ့ အတွက် လူငယ်တွေ အနေနဲ့ ဘယ်လို အချိန်မှာ ငြီးငွေ့ သွားနိုင်တယ် ဆိုတာ မျိုးကို တွေး ပြီး တင်ဆက်မှု အပိုင်းကို လုပ်ခဲ့တာပါ။
မေး- အလင်္ကာ ပွဲကြီးမှာ ထူးခြားစွာ နဲ့ တင်မောင်ဆန်းမင်းဝင်း၊ ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်းဇာနည်စတဲ့ သဘင် မင်းသား ၄ယောက်ဆုံတာ တွေ့ရတယ်။ သူတို့ ၃ယောက် ကို ပွဲ မှာ ပါဝင်ဖို့ ဘယ်လို ဖိတ်ခေါ်ခဲ့ပါ သလဲ။ ကိုဆန်းမင်းတို့ ၄ယောက်ရဲ့ စုစည်းမှုက ပွဲအတွက်လည်း ခွန်အား တစ်ခုဖြစ်စေမယ်လို့ ထင်ပါတယ်။
ဖြေ- ကျွန်တော်တို့ ၄ယောက်က တန်းတူတဲ့ ၄ယောက်ပါ။ ဖိုးချစ် နဲ့စွမ်း ကတာတွေ ကျွန်တော်နဲ့ ကျွန်တော့် အဖေ ဦးဆန်းဝင်း စီစဉ်တာပါ။ ဘယ် မင်းသားကမှ မင်းသား ပြိုင်ထားတဲ့ ဇာတ်လမ်း ဇာတ်ကွက်မျိုးကို အောက် ကျခံပြီး လာမလုပ်ပါဘူး။ သူတို့ လည်း နာမည်ကြီးတွေပဲလေ။ ဒါပေ မဲ့ အဘိုးကို လေးစားမှုရယ် ကျွန် တော့်ရဲ့ စိတ်ဓာတ်ကို သူတို့သိတဲ့ အ တွက်ကြောင့် ကိုဆန်းမင်း ကျွန်တော် တို့ ဘာလုပ် ရမလဲပြောပါ ဆိုတော့ ကျွန်တော့် အနေနဲ့ ဝမ်းသာ ပီတိဖြစ် ရပါတယ်။ အဓိကက ကျွန်တော့် အနေ နဲ့လည်း သူတို့က အပြိုင်တွေပဲ ဆိုတဲ့ မာနထားပြီး စိတ်ပုပ်၊ စိတ်ယုတ် များ ရှိခဲ့ရင် စုစည်းမှုဆိုတာ ဖြစ် လာ မှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည် တယ်။ ကျွန်တော့် အနေ နဲ့လည်း သူတို့ကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ အစ်ကို၊ညီလေး တို့ကိုဆရာ လုပ်တာ မကြိုက်ဘူး ဆိုရင်လူကြီး တွေ ကို အစ်ကိုသင်ခိုင်း ပါ့မယ်လို့ ပြော ပေမယ့် အစ်ကိုပဲလုပ်ပေးပါလို့ ပြော လာကြပါတယ်။ သူတို့ကို ကျွန် တော် တအားလည်း အားနာရပါတယ်။ ဒါ ကြောင့် ဖေ့စ်ဘုတ် မှာရော၊ ပရိ သတ် ကြားထဲမှာရော တအားကို လေးစား စရာကောင်းတဲ့ ညီ အစ်ကိုတွေပါလို့ ကျွန်တော် အမြဲတမ်းဖော်ပြ နေပါတယ်။
မေး- အခုနှစ် တောင်ပြုန်းပွဲက ဇာတ် ရုံတွေရဲ့လေလံကြေးက အရင်နှစ် တွေထက် မြင့်တက် သွားတယ်လို့ ကြားတယ်။ လေလံကြေး မြင့်တက် မှုကို ကိုဆန်းမင်းတို့ ၄ယောက် စု စည်းမှု အားနဲ့ ရင်ဆိုင် သွားဖို့ကော အစီအစဉ် ရှိပါသလား။
ဖြေ- ကျွန်တော် တောင်ပြုံးမှာ ၂နှစ် ကခဲ့ဖူးပါတယ်။ ဒီနှစ်တော့ မကဖြစ် ပါဘူး။ ခေတ် အခြေအနေ နဲ့စာရင် မလုပ်သင့်သလို၊ ဖြစ်လည်းမဖြစ် သင့်ပါဘူး။ ဘုရားလူကြီး များက လည်း ရှိတဲ့ ဈေးတွေ ခေါ်လိုက်တဲ့ အတွက် ပေးဦးတော့ ပြန်ရမယ့် ဝင်ငွေက မမျှ တော့ပါဘူး။ မမျှတတဲ့အခါမှာ ဘယ် လိုဖြစ်လာလဲ ဆိုတော့ အဖွဲ့သားတွေရဲ့ ဆုံးရှုံး နစ်နာမှု၊ ပွဲခွင်တွေရဲ့မရမှုနဲ့ နောက်ဆုံး ထိခိုက်မှာကတော့ ပရိသတ်ပါပဲ။ အဆမတန် မြင့်တဲ့ ရုံ ဝင်ကြေးငွေကို ပရိသတ်ကပေး ဆောင်ရတော့မယ်။ ရုံဝင်ခ ၁၅ဝဝ လောက် ပြီးသွားမယ့် အလုပ်ကို ၃၊၄ ထောင်တွေပေး ရ တော့မယ်။ အဲ့ဒီအ တွက် ကျွန်တော် တို့ ဘယ်လို စီစဉ်ထား လဲဆိုတော့ ရွှေမန်းပွဲ ကလိုက်တဲ့အ တွက် ညီအစ်ကိုတွေ စု စည်းမှု ရသွား ပါတယ်။ မင်းသား ၄ ယောက်ဖြစ်တဲ့ ဖိုးချစ်၊ ဟန်ဇာမိုး ဝင်း ၊စွမ်းဇာနည်နဲ့ ကျွန်တော်တို့က ဘယ် အဖွဲ့အစည်းမှ မဟုတ်ဘဲ နဲ့ လေလံပွဲကို ရင်ဆိုင်ဖို့ တိုင်ပင် ထားကြပါတယ်။ ရွှေမန်းပွဲ က အစည်းအရုံး နဲ့ သမဂ္ဂအပေါ်အကျိုး သက်ရောက်မှုရှိ၊ မရှိတော့ ကျွန်တော် အာမခံနိုင်ပါဘူး။ အဓိက အာမခံနိုင် တာ ကတော့ ကျွန်တော်တို့၎ ယောက် ရဲ့စည်းလုံးမှု နဲ့ တွန်းလှန် နိုင်မယ် လို့ တော့ အာမခံ နိုင်ပါ တယ်။
မေး- ၄ယောက်ရဲ့ စု စည်းမှုနဲ့ သွားမယ် ဆိုတော့ ဘယ်လို ပုံစံနဲ့ သွားမှာလဲ။ ဒီလို မေးရခြင်းက ကိုဆန်းမင်း တို့ ၄ ယောက်က အစည်းအရုံး နဲ့သမဂ္ဂ အဖွဲ့ဝင်ထားတဲ့ သူတွေ ပါနေတယ်လေ။
ဖြေ- ကျွန်တော်တို့ လူကြီး မလုပ်ပါဘူး။ လူကြီး လုပ်ဖို့အတွက် ကျွန်တော်တို့ စည်းရုံးခြင်း မဟုတ်ပါဘူး။ ဒါတွေ ပပျောက်ရေး အတွက် ကျွန် တော်တို့ လှုပ်ရှားတာ ပါ။ ကောင်းစေ ချင်တဲ့ စေတနာပါ။ ကျွန်တော်တို့ အနေ နဲ့ အဖွဲ့အစည်းတွေထဲမှာ ဝင် ထားပေမယ့် အဖွဲ့အစည်း ဆိုတဲ့ တာ ဝန် အနေနဲ့ မတက်ပါဘူး။ ကျွန် တော်တို့ ၄ယောက် ရဲ့ တိုင်ပင်မှုနဲ့ ရလာတဲ့ စာရင်း ဇယားကို လူကြီးတွေ က ငြင်းပယ်ခဲ့ရင် ကျွန်တော်တို့ ဘာသာ ကျွန်တော်တို့ တက်မယ်။ လေ လံတက်တယ် ဆိုတာက ကျွန်တော် က ၅ဝပေးလို့ တစ်ယောက်က ၁ဝဝ ပေးရင် ဒါအပြိုင် ဖြစ်သွားပြီ။ ကျွန်တော်က ၅ဝပေး ရင် အားလုံးလည်း ၅ဝ ပေးနိုင်အောင် လုပ်ထားရမယ်။ တစ်ဖက်က လူကြီးတွေ ကိုလည်း အပြစ်မပြောလိုပါဘူး။ သူတို့က လည်း ရန်ပုံငွေ အတွက် ရရင်ရ သလောက်ယူကြမှာပဲ။ ရရင် ရသ လောက် ယူတဲ့အတွက် ထိခိုက် မှုဖြစ်တာက ပရိသတ်ပါ။ ၁၅ဝဝ နဲ့ပြီး မှာကို ပရိသတ်တွေ ဆီက ၃၊၄ထောင် ပြန်တောင်း ရတော့မယ်။ ကျွန်တော် တို့ ဒီအခါ ညီညွတ်ဖို့ လိုပါတယ်။ အစည်းအရုံးနဲ့ သမဂ္ဂအနေ နဲ့ညှိပေးနိုင်တယ် ဆိုရင်ညှိပေးပါ။ မညှိပေးနိုင် ဘူးဆို ရင်တော့ လူငယ်တွေ ကိုယ်တိုင် တက်မယ်။ ဒါကတောင်ပြုန်းပွဲ တစ်ပွဲ တည်းကို ရည်ရွယ်ခြင်း မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ပွဲတွေ အတွက် ကို ရည်ရွယ်တာပါ။ ဥပမာ ပဲခူးပွဲက မယ်။ ရှိတာက ၄ရုံ။ ကမှာ က ၆ပွဲ ဆိုရင် မဲနှိုက်ပါ။ တကယ်လို့ ကျွန် တော် မကျရင် ကျွန်တော် ဖယ် ပေးမယ်။ မလုပါနဲ့ နောက်နှစ်တွေ လည်း ကရမှာပဲလေ။ သဘင်ကို တကယ်ချစ်ရင် သဘင်ရဲ့ တိုးတက် ရာ လမ်းကြောင်းကို လမ်းမှန်မှန်နဲ့ လျှောက်လှမ်းစေ လိုပါ တယ်။
လင်းအက္ခရာ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D