သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 22, 2013

ကော့သောင်းတွင် ဖောက်ခွဲရေးသမားများ ရောက်ရှိလာနိုင်သည်ဆိုသော သတင်းများကြောင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်

M-21-8
မြန်မာ-ထိုင်းနယ်စပ် ကော့သောင်း၊ ဘုတ်ပြင်းမှတစ်ဆင့် ရေလမ်းခရီးကို အသုံးပြု၍ ဖောက်ခွဲရေးသမားများ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာနိုင်သည်ဟု သြဂုတ်လလယ်မှစ၍ သတင်းများ ထွက်ပေါ်နေသောကြောင့် ၎င်းတို့အသုံးပြုနိုင်သော လမ်းကြောင်းများတွင် လုံခြုံရေး တိုးမြှင့်ချထားလျက်ရှိကြောင်း သိရသည်။ကော့သောင်းမြို့မှတစ်ဆင့် ဖောက်ခွဲရေးသမားများ ၀င်ရောက်လာနိုင်ခြင်း မရှိစေရန် ရေလမ်းကြောင်း ၀င်ပေါက်များတွင် ပင်လယ်ပြင် စိုးမိုးရေးတပ်ရင်း၊ ရေတပ်အဖွဲ့များနှင့် ကုန်းတွင်းပိုင်းတွင် ဒေသခံ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းလက်တွဲ၍ လုံခြုံရေးကို နေ့၊ ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။"ဖောက်ခွဲရေးသမားတွေ ၀င်နိုင်တယ်လို့ သတင်းရလို့ လုံခြုံရေးအရ စစ်ဆေးမှုတွေ လုပ်နေတာပါ။ ၀င်ပေါက်/ထွက်ပေါက် နေရာတွေမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်။

ပူးပေါင်းအဖွဲ့က ဧည့်စာရင်းတွေကို အလှည့်ကျ စစ်ဆေးနေပါတယ်။ ပြည်သူတွေနဲ့ လက်တွဲပြီး ပူးပေါင်းအဖွဲ့က လူစိမ်းဝင်မ၀င်ကို နေ့ညမပြတ် စောင့်ကြည့်စစ်ဆေး နေပါတယ်" ဟု ကော့သောင်းမြို့မ ရဲစခန်းမှ အဖွဲ့ခေါင်းဆောင် တစ်ဦးက ပြောကြားသည်။ထိုင်းနိုင်ငံမှ တစ်ဆင့် ကော့သောင်းခရိုင်အတွင်းသို့ ဖောက်ခွဲရေးသမားများ ၀င်ရောက်လာနိုင်ခြင်း မရှိစေရန် ရနောင်းခရိုင်မှ ဒေသခံ အာဏာပိုင်များနှင့် ကော့သောင်းခရိုင်မှ ဒေသခံ အာဏာပိုင်များသည် သတင်းအချက်အလက်များကို ချိတ်ဆက်၍ ကုန်လမ်းခရီးကြောင်း၊ လေကြောင်းခရီးနှင့် နယ်စပ်ဂိတ်များတွင် လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။

 From:Eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D