သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 15, 2013

မွေးနေ့မှာ ပရိသတ်တွေနဲ့ ညစာ စားမယ့် ဖွေးဖွေး

ဇူလိုင် ၇ ရက်နေ့က ပြေတီဦး၊ စိုးမြတ်သူဇာ၊ဖွေးဖွေးတို့ သရုပ်ဆောင် ထားတဲ့ ‘လက်ပံ’ ဇာတ်ကားကြီးကို ပါဝင်သရုပ်ဆောင်တဲ့ အနုပညာ ရှင်တွေက သမ္မတရုပ်ရှင်ရုံမှာ ပရိသတ်တွေကို လက်မှတ်ရေးထိုး ပေးခဲ့ကြပါတယ်။ ‘လက်ပံ’ ဇာတ်ကားနဲ့ပတ်သက်ပြီး ဖွေးဖွေးရဲ့ မျှော်လင့်ချက် ကို မေးကြည့်တော့ “ပရိသတ်တွေ လည်း အဲဒီကားလေးကို တော်တော်များများ ကြိုက်ကြ တာကိုတွေ့ရပါတယ်။
အဲဒီအတွက်လည်း ဖွေးဝမ်းသာပါတယ်။ ဒီ ကားနဲ့အကယ်ဒမီဆိုပြီးေ တာ့ ဖွေးစိတ်ထဲမှာမတွေးထားပါဘူး။ ကိုယ်က ဒီလိုဇာတ်လမ်းမျိုးမှာ သရုပ်ေ ဆာင် ခွင့်ရတာရယ်၊ ပရိသတ်က ကြိုက် ကြပြီး အဲဒီကားလေးကို ကြည့်ရတာတန်တယ်လို့ ပြောနေကြရုံနဲ့ပဲ ဖွေး စိတ်ထဲမှာ ကျေနပ်ပါတယ်။ ကျန်တာကတော့ ဘာမှမတွေး ထားပါဘူး” လို့ ပြောပါတယ်။


သြဂုတ်လ ၉ရက်နေ့ မွေးနေ့ရှင် ဖွေးဖွေးက သူ့ရဲ့မွေးနေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့အတွက် စိန်ဌေးဗီဒိယို ထုတ်လုပ်ရေးနဲ့ တိုင်ပင်ကာမေးခွန်း ၂၅ခုထုတ်ခဲ့ပါတယ်။ မေးခွန်း၂၅ခု ကို မှန်အောင်ဖြေနိုင်သူ ပရိသတ်ထဲ က ၂၅ဦးကို ရွေးချယ်ပြီး ဖွေးဖွေး ရဲ့ မွေးနေ့မှာ ဖွေးဖွေးနဲ့အတူ ညစာစား ခွင့်ရမှာဖြစ်ပါတယ်။ ဖွေးဖွေးမှာ ပရိသတ်တွေနဲ့အတူ ညစာစားဖို့အတွက် စီစဉ်ဖြစ်သွားပုံကိုလည်း ဖွေးဖွေး က “မေးခွန်းတစ်ဝက်က ဖွေးနဲ့ ပတ်သက်တဲ့မေးခွန်းတွေ၊ နောက်တစ်ဝက်က လက်ပံဇာတ်ကားနဲ့ ပတ်သက်တဲ့မေးခွန်းတွေ၊ စိန်ဌေးဗီဒီယို ထုတ်လုပ်ရေးက စီစဉ်တာပါ။ အိုင်ဒီယာကတော့ ဒါရိုက်တာဝိုင်းရဲ့အိုင်ဒီယာပါ။လက်ပံကိုပရိုမိုးရှင်းလုပ်တဲ့ သဘောလည်းပါတယ်။ ဒီလိုမျိုး ပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ဖို့က မလွယ်ဘူးလေ။ မွေးနေ့မှာ ထူးထူး ခြားခြားတော့ ဘာမှမရှိသေးပါဘူး”လို့ ပြောပြပါတယ်။

ဇန်နဝါရီလမှာတော့ ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် ‘ Cupid ရဲ့ ကျေးကျွန်’ ရုပ်ရှင်ဇာတ်ကားကြီးကို နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်တို့နဲ့ ရိုက်ကူးဖို့ရှိေ ကြာင်း ပြောပါ တယ်။ ဗီဒီယို ဇာတ်ကားထက် ရုပ်ရှင်ဇာတ်ကား ကြီးကို ပိုစိစစ်ပြီးရိုက်ကူးကြောင်း ဖွေးဖွေးကပြောပါတယ်။

”ဗီဒီယိုဆိုရင် တစ်ခါတလေ ဇာတ်လမ်းကို တအားမရူးသွပ်ပေမယ့် ရိုက်လိုက်ရတာမျိုးတွေလည်းရှိတယ်။ ရုပ်ရှင်ဇာတ်ကားကြီးကျတော့ ကိုယ်တကယ်ကိုစိတ်ပါမှ၊ ကိုယ်တကယ်ကို တအားရူးသွပ်မှ ဇာတ်ကွက်ကို သေချာကြည့်ပြီးမှ လက်ခံဖြစ်တယ်။ရုပ်ရှင်ကလူတွေအားလုံး Series ဖြစ်ကြတယ်။ စက်အဖွဲ့တွေရော၊ နောက်ကလူတွေပါ ပိုပြီး Series ဖြစ်တယ်လို့ ခံစားရတယ်” လို့ ပြော ပါတယ်။

တွယ်တာ
Popular Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D