သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 15, 2013

ပြည့်တန်ဆာ ကိစ္စကို ကိုယ်တွေ့မို့လို့ ကိုယ်ချင်းစာနေတာလား ဒေါ်စန္ဒာမင်း

ယခုလ(၁၁)ရက်နေ့တွင် ဒေါ်စန္ဒာမင်း က မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းများကို တရားဝင် လုပ်ကိုင်ခွင့်ပေးရန် ဥပဒေရှိသင့်ကြောင်း အဆိုတင်သွင်းခဲ့သည်ကို ကြားမိပါသည်။ ထုံးစံအတိုင်း ကန့်ကွက်သံ၊ ထောက်ခံသံများ ထွက်လာခဲ့သည်။ လက်ခံလိုသူတို့ ကလဲ ပြည့်တန်ဆာဆိုသည်မှာ ဘုရားရှင် လက်ထက် ကပင် ရှိကြောင်း၊ တိုင်းပြည်ကို အလှတန်ဆာဆင်ပေးသဖြင့် ပြည့်တန်ဆာဟု ခေါ်ကြောင်း၊ တရားဝင် ခွင့်ပြုခြင်းအားဖြင့် မတရားဖိနှိပ်ခံရခြင်းမှ ကင်းဝေးနိုင်သည့်အပြင် ကျန်းမာရေးထောက်ခံချက်များကြောင့် HIV ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ကြောင်းပြောဆိုသွားတာကိုလဲ တွေ့ရပါတယ်။
ဒေါ်စန္ဒာမင်း၏ တင်ပြမှုနှင့် ပတ်သက်၍ ၎င်း၏ မိခင်ပါတီနှင့် ပါတီဥက္ကဌကြီး၏ သဘောထား ဟုတ် မဟုတ်တော့ မသိပါ။ ပါတီနှင့် ပါတီဥက္ကဌကြီးက သဘောတူသည်ဆိုလျင်တော့ ကျွန်တော်တို့ အသေအကြေထောက်ခံခဲ့သော NLD ပါတီကို ကန့်ကွက်ရပါမည်။ ဒေါ်စန္ဒာမင်း အနေဖြင့် ကိုယ်တွေ့များကြုံခဲ့လို့ ပြည့်တန်ဆာများအပေါ် ကိုယ်ချင်းစာနေ သည်လားတော့မသိ။ လွှတ်တော်အမတ်မဖြစ်ခင်ကလဲ အိမ်ထောင်ရှိလျက်နှင့် ပုဂံခရီးစဉ်တွင် ၈၈ ကျောင်းသား တစ်ဦးနှင့် တစ်ခန်းထဲအိပ်စက်ခဲ့သည့် ခိုင်မာသည့် အထောက်အထားများလဲ Internet ပေါ်တွင် ပျံ့နှံ့ခဲ့ဖူး သေးသည်။


ဒါတွေကတော့ ထားလိုက်ပါတော့။ မိမိဆိုလိုချင်သည်မှာပြည့်တန်ဆာကိစ္စများကို တရားဝင်ခွင့်ပြုပေး လိုက်လို့ရောပြည့်တန်ဆာကိစ္စအဆင်ပြေသွားလဲ တကယ့်ပြည့်တန်ဆာလုပ်ငန်းတွင်လုပ်ကိုင်ကြမည့်အမျိုးသမီး များအားလုံး အမှန်တကယ် မှတ်ပုံလာတင်ကြမည်လား။ မှတ်ပုံတင်ပြီ ဆိုကတည်းက “ကျွန်မ ဖာ ပါ” ဟု နိုင်ငံကို တရားဝင်ကြေငြာလိုက်သလိုဖြစ်ခြင်းကြောင့် သူမ၏ မိဘဆွေမျိုးအသိုင်းအ၀ိုင်းကရော လက်ခံနိုင်မည် လား။ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသောသူ၏ မိဘဆွေမျိုး ညီအစ်ကို မောင်နှမများအနေဖြင့် ငါတို့သမီး ဟာ “တရားဝင် လိုင်စင်ရ ဖာပါ” လို့ ပြောရဲပါ့မလား၊ တကယ်လို့ မှတ်ပုံတင်ထားသည့် ပြည့်တန်ဆာ၏ မိသားစု ဆွေမျိုးများအနေဖြင့် မျက်နှာ ဘယ်နားသွားထားမလဲ မသိ။ ၎င်းအဖြစ်မျိုးကို ကာယကံရှင်ကရော လက်ခံနိုင်ပါ့ မလား။ စဉ်းစားစရာပင်။


လိင်ဆက်ဆံခြင်း လုပ်ငန်းများကို ထမင်းစားရေသောက်သဖွယ်၊ သာမန်စီးပွားရေး လုပ်ငန်းများ သဖွယ် လုပ်ကိုင်နေကြသော နိုင်ငံကြီးများတွင်ပင် ၎င်းလိင်လုပ်သားများနှင့်ပတ်သက်၍ ခွဲခြားမှုများရှိနေသေးရာ မြန်မာ့ ယဉ်ကျေးမှု ထုံးတန်းစဉ်လာနှင့်ဆိုလျင် မည်သို့မျှ ကိုက်ညီနိုင်မည် မဟုတ်ပါ။ လိင်လုပ်ငန်း လုပ်ကိုင်နေရင်း အခြေအနေကောင်းလို့ ကောင်းရောင်းကောင်းဝယ် လုပ်စားမဲ့အချိန်ကြတော့ ယခင်က မှတ်ပုံတင်ထားတဲ့ တရားဝင်ဖာ တံဆိပ်ကြီးကို ဘယ်လိုဖြုတ်ရ မည်မသိတော့။ သူနှင့်ဆက်စပ်လာမည့်သူများ သူမခင်ပွန်း၊ သူမ၏ သားသမီးများ အတွက် တရားဝင်ဖာတစ်ယောက်၏ သားသမီးများအဖြစ် တစ်သက်လုံး လူတောတိုးတော့မည် မထင်။


ပြည့်တန်ဆာကိစ္စသည်ပပျောက်အောင်လုပ်လို့မရဆိုသည်မှာမှန်ပါသည်။ရဲကြေးပေးနေရလို့ တရားဝင် ဖြစ်အောင်လုပ်သည်ဆိုတာကလဲမှန်ကန်သည့်အကြောင်းပြချက်မဖြစ်နိုင်။ရဲများငွေတောင်းသည်ကိုပပျောက်ရန် ပြည့်တန်ဆာကို တရားဝင်ခွင်ပြုမည်လား။ ရဲများ အဂတိလိုက်စားမှုကို ပပျောက်အောင် ပြုလုပ်ရမည်လား၊ သိစေချင်ပါသည်။ ရဲကတော့ ပြည့်တန်ဆာ ဆိုတာမှမဟုတ်၊ သုံးလုံး၊ နှစ်လုံး၊ ချဲထီနဲ့ လောင်းကစားတွေ အပါအ၀င် KTV၊ အနှိပ်ခန်းတွေမကျန်၊ ရဲကြေးကောက်နေတာ အားလုံးအသိပင်။ ဒါကြောင့် ရဲကြေးတောင်းလို့ ရဲကို ကြောက်ရ လို့ ပြည့်တန်ဆာ တရားဝင်လုပ်သင့်တယ် ဆိုတာကတော့ မှန်ကန်တဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ ပြည့်တန်ဆာများ တရားဝင်ဖြစ်သွားသည့်တိုင် ရဲကတော့ အကြောင်းရှာပြီး ရဲကြေး တောင်းနေ ဦးမှာပါ။


ဒါကြောင့် ယဉ်ကျေးမှုမတူညီတဲ့နိုင်ငံတွေကို အတုမယူသင့်ပါ။ အခြားနိုင်ငံမှာ ၎င်းဥပဒေ သည် အဆင် ပြေသော်လည်း မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများအရ မြန်မာနိုင်ငံတွင် အဆင်မပြေနိုင်သေးပါ။ ဒေါ်စန္ဒာမင်း အနေဖြင့် ပြည့်တန်ဆာများ၏ကိစ္စ ကိုယ်တိုင်ဝင်ရောက် ခံစားကာ ကိုယ်ချင်းစာစိတ်နဲ့ အမျိုးသမီး တန်မဲ့ လွှတ်တော်ကို တင်သွင်းခဲ့တဲ့ အတွက် ကျေးဇူးတင်ပါသည်။ ဒေါ်စန္ဒာမင်းအနေနဲ့ ပြည့်တန်ဆာလောက ထဲသို့ ကိုယ်တိုင် ၀င်ရောက် လက်တွေ့ကွင်းဆင်းလေ့လာပြီး မိမိနှင့်ရင်းနှီးရာ လုပ်ဖော်ကိုင်ဖက် ပြည့်တန်ဆာ များအတွက် စဉ်းစားပေးတာလဲ အလွန်လေးစားဖို့ကောင်းပါတယ်။

စိုးလွင်လွင်ရဲ့သီချင်းလေးလို ဒေါ်စန္ဒာမင်း အနေနဲ့ ပြည့်တန်ဆာတွေအပေါ် ကိုယ်ချင်းစာနာတတ်ခဲ့ပေမဲ့ ပြည့်တန်ဆာဥပဒေဆိုတာဟာ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများနဲ့ ဖီလာဆန့်ကျင်ပြီး လုံးဝကိုက်ညီခြင်းမရှိသေး ပါကြောင်း ရေးသားလိုက်ရပါတယ်။

From: စောမောင် (ဘားအံ)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D