သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 10, 2013

အာဇာနည် ခေါင်းဆောင်များ၏ မိန့်ခွန်းနှင့် အောက်မေ့ဖွယ်ဥသြဆွဲသံ ထုတ်လွှင့်ပေးရန် တောင်းဆို

အာဇာနည် ခေါင်းဆောင်များ၏ မိန့်ခွန်းနှင့် အောက်မေ့ဖွယ်ဥသြဆွဲသံ ထုတ်လွှင့်ပေးရန် တောင်းဆိုမန်မာ့ လွတ်လပ်ရေးအတွက် အသက်စွန့် သွားကြသော အာဇာနည် ခေါင်းဆောင်များ၏ မိန့်ခွန်းနှင့် အောက်မေ့ ဖွယ် ဥသြဆွဲသံကို (၆၆) နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံပိုင်ရုပ်သံ များနှင့် ပုဂ္ဂလိက အသံလွှင့် မီဒီယာများမှ ထုတ်လွှင့်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၃၀ ခု တို့က တောင်းဆို လိုက်သည်။


အဆိုပါအကြောင်းအရာကို ကမာရွတ်မြို့နယ်၊ ယုဒသန်ခန်းမ၌(ဇူလှိုင်လ ၈ ရက်နေ့)ပြုလုပ်သော အာဇာနည် သို့ ဦးညွှတ်ခြင်း အမည်ဖြင့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုအစိုးရထံ တောင်းဆို လိုက်ခြင်း ဖြစ်သည်။

အဆိုပါ တောင်းဆိုချက်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားသည့် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် အသံလွှင့်မီဒီယာများမှ အောက်မေ့ဖွယ် ဥသြ ဆွဲသံကို တစ်မိနစ်ကြာ ထုတ်လွှင့်ပေးပါရန် အပါအဝင် ဇူလိုင်လ ၁၈ ရက်နှင့် ၁၉ ရက်ည တို့တွင် နိုင်ငံပိုင် ရုပ်သံမီဒီယာများမှ အာဇာနည် ခေါင်းဆောင်များ၏ မိန့်ခွန်းကို ထုတ်လွှင့်ပေးရန်နှင့် (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌများနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တက်ရောက် ဂါရဝပြုစေလိုသည့် အချက်များ ပါဝင်သည်။

နိုင်ငံသားတို့ ကောင်းကျိုးအတွက် မိမိတို့၏ အသက်ခန္ဓာများကို အမြင့်မားဆုံး စွန့်လွှတ်ခဲ့ကြသော အာဇာနည်များ၏ စိတ်ဓာတ်များကို မျိုးဆက်သစ်လူငယ်များ အတုယူအားကျလေ့လာကျင့်သုံးမိစေရန် အတွက် အထက်ပါကဲ့သို့ တောင်းဆိုခြင်း ဖြစ်သည်ဟု အရပ်ဘက် အဖွဲ့အစည်းများ၏ စုပေါင်းတောင်းဆို ချက်တွင် ဖော်ပြထားသည်။

အာဇာနည်ခေါင်းဆောင်များ၏ မိန့်ခွန်းသည် ယခုခေတ်အထိပင် အသုံးဝင်နေပြီး လူငယ်များ အနေဖြင့် ခေါင်းဆောင်များ မိန့်ခွန်းကို မကြားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည့်အတွက် ယင်းမိန့် ခွန်းများကို ပြန်လည်ကြားခွင့်ရခဲ့ပါက အာဇာနည်နေ့ အကြောင်းအရာများကို ပိုမိုသိမြင်လာမည့်အပြင် မျိုးချစ်စိတ်ဓာတ်လည်း ရှိလာမည် ဖြစ်ကြောင်း အဖြူရောင်တွဲလက်အဖွဲ့မှ ဦးသီဟမောင်မောင်က
 ပြောကြားသည်။

အဖြူရောင် တွဲလက်အဖွဲ့မှ ဦးဘိုဘိုကလည်း“ငယ်ငယ်တုန်းက ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို အခုနောင်မျိုးဆက်တွေကို ပြန်လည် ကြုံတွေ့စေချင်လို့” ဟုဆိုသည်။ တိုင်းနှင့်ပြည်နယ် ၁၄ခု မှ အရပ်ဘက် အဖွဲ့အစည်းများက (၆၆) ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် သက်ဆိုင်ရာ မြို့နယ်များတွင် ဥသြဆွဲ၍ ၁ မိနစ်ခန့် ငြိမ်သက် အလေးပြုမည် ဖြစ်ကြောင်း ယင်းအဖွဲ့ဝင် ကိုစည်သူမောင်က ရှင်းပြသည်။

“အဖွဲ့အနေနဲ့ သက်ဆိုင်ရာဆီက တရားဝင် ခွင့်ပြုချက်တောင်းမယ်၊ ဥသြဆွဲခွင့် မပေးလည်း ၁ မိနစ်ခန့် ငြိမ်သက်ကြမယ်” ဟု ၎င်းကဆိုသည်။ ရန်ကုန်မြို့ရှိ အရပ်ဘက်လူမှု အဖွဲ့အစည်းများ ပူးပေါင်း၍ အာဇာနည်နေ့နှင့် သက်ဆိုင်သော ဟောပြောပွဲများလည်း ကျင်းပရန် စီစဉ်ထားကြောင်း အာဇာနည်သို့ ဦးညွတ်ခြင်း အဖွဲ့ထံမှ သိရသည်။

အာဇာနည် နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကို အမှတ် တရ သတိရပြီး အစဉ်အလာအတိုင်း မြန်မာ့အသံမှ ဥသြဆွဲသံ ပြန်လည် ထုတ်လွှင့်ပေးရန် လောလောဆယ် အစီအစဉ်မရှိသေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြည်သူ့လွှတ်တော်တွင် ဇူလိုင်လ ၃ ရက်နေ့က သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ မေးမြန်းမှုကို ပြော ကြားထားသည်။

၁၉၈၉ ခုနှစ် မတိုင်မီအထိ အာဇာနည်နေ့များတွင် နိုင်ငံတော်ပိုင် မီဒီယာများက ဥသြဆွဲသံနှင့် အာဇာနည် များ မိန့်ခွန်းကို ထုတ်လွှင့်ခဲ့သော်လည်းနောက်ပိုင်းတွင် ထုတ်လွင့်ခြင်း မရှိတော့ပေ။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့ ဝန်ကြီးများရုံး၌ မသမာသူလူတစ်စု၏လုပ်ကြံမှု ကြောင့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကိုးဦး ကျဆုံးသွားသည့် နေ့ကို အာဇာနည် နေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့သည်။

The Voice Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D