သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 10, 2013

ဒလိုင်းလားမားမွေးနေ့ ဆုတောင်းပွဲ တရုတ် ရဲတပ်ဖွဲ့ ပစ်ခတ် နှိမ်နင်း

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ဒိုဖူ ဒေသတွင် တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမား၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် တိဘက်ဘုန်းတော်ကြီးများနှင့် တိဘက်များက စုပေါင်း၍ ဆုတောင်းခြင်း၊ အမွှေးတိုင် များ ထွန်းခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းကို တရုတ် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြ ထားသည်။


တိဘက် ခွဲထွက်ရေး လှုပ်ရှားမှု ပြည်ပြေး ခေါင်းဆောင်ဖြစ်သူ ဘုန်းတော်ကြီး ဒလိုင်းလားမား၏ မွေးနေ့ အထိမ်းအမှတ်ပွဲအဖြစ် စီချွမ်ပြည်နယ် ဒိုဖူဒေသရှိ တောင်ပေါ်နေရာတစ်ခုတွင် တိဘက် ဘုန်းတော်ကြီး များနှင့် တိဘက်များက စုဝေး၍ ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆုတောင်းပွဲ ပြုလုပ်သူများကို တရုတ်ရဲက သေနတ်၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

တရုတ် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တိဘက် ဘုန်းကြီးတစ်ပါး ဦးခေါင်း တွင် သေနတ်ထိမှန်ခဲ့ကြောင်း တိဘက်အရေး အပြည်ပြည်ဆိုင်ရာ လှုံ့ဆော်ရေးအဖွဲ့ (International Campaign for Tibet) က သတင်း ထုတ်ပြန်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဘေဂျင်း အစိုးရအနေနှင့် တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိပေ။

ထို့ပြင် ဘီဘီစီ သတင်းဌာနက စီချွမ်ပြည်နယ် ဒိုဖူ ဒေသ အာဏာပိုင်များကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း အဆက်အသွယ် မရခဲ့ပေ။

တရုတ် အစိုးရက ပြည်ပ ဂျာနယ်လစ်များကို တရုတ်ပြည်တွင်း ဝင်ခွင့်ကို တင်းကျပ်ထားရာ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အတည်ပြုရန်အတွက် အခက်အခဲရှိကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

တိဘက် ပြည်ပြေး သတင်းဌာန တစ်ခုဖြစ်သော Phayul တွင် ဖော်ပြ ထားချက်အရ အဆိုပါ ဆုတောင်းပွဲကို တရုတ် ရဲတပ်ဖွဲ့က ပစ်ခတ် ခဲ့ခြင်းကြောင့် တိဘက် ဘုန်းကြီးတစ်ပါး ဦးခေါင်းကို ထိမှန်ခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း၊ နောက်ထပ် လူ လေးဦးမှာလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

“ရဲတွေက ကား ပြတင်းပေါက်တွေ၊ တံခါးတွေကို ရိုက်ခွဲပြီးတော့ အဲဒီမှာ စုဝေး ဆုတောင်းနေကြတဲ့ တိဘက်တွေကို စရိုက်တာပါပဲ။ နောက် ပြီးတော့ သေနတ်နဲ့ ပစ်ပြီး လူစုခွဲခဲ့တာပါ” ဟု ဒေသခံ တစ်ဦးက လွတ်လပ်သော အာရှအသံ သတင်းဌာနကို ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ တစ်ဦးမှာ ၂၀၁၁ ခုနှစ်က မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့သည့် သီလရှင် တစ်ပါးနှင့် မောင်နှမ တော်စပ်သူ တစ်ဦးဖြစ်ကြောင်း Phayul သတင်းတွင် ဖော်ပြထားသည်။

တိဘက်ဒေသကို တရုတ် အစိုးရက အုပ်ချုပ်နေခြင်းကို ဆန့်ကျင်သည့် အနေနှင့် မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြခဲ့သူ အရေအတွက်မှာ လူဦးရေ ၁၁၀ ထိ ရှိသွားပြီ ဖြစ်သည်။

၎င်းတို့ထဲမှ အများစုမှာ တိဘက် ရဟန်းတော်များနှင့် သီလရှင်များ ဖြစ်ကြသည်။

ယင်းကဲ့သို့ မိမိကိုယ်ကိုယ် မီးရှို့ ဆန္ဒပြမှုများမှာ တိဘက် ပြည်သားများ အများအပြားရှိသည့် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် အဖြစ်များသည်။

တရုတ် အစိုးရက တိဘက်အရေး လှုပ်ရှားသူ ဒလိုင်းလားမားအတွက် ဝတ်ပြု ဆုတောင်းပွဲများ ကျင်းပခြင်း ကို ထိန်းချုပ်ထားခြင်းအပေါ် လျှော့ပေါ့ပေး လိုက်သည်ဟူသော သတင်းကို တရုတ်အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့် လ နှောင်းပိုင်းက ပယ်ချခဲ့သည်။

ယခု ဝတ်ပြု ဆုတောင်းပွဲသည် တရုတ် အစိုးရက ဒလိုင်းလားမားနှင့် ပတ်သက်သော ဆုတောင်းပွဲများ အပေါ် ထိန်းချုပ်မှုများကို ဖြေလျှော့ပေး လိုက်ပြီဟူသော သတင်း ထွက်ပေါ်လာပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D