အိန္ဒိယနိုင်ငံ ဗုဒဂါယာ ဗုံးခွဲတိုက်ခိုက်မှုအတွင်းမှာ ဒဏ်ရာရခဲ့တဲ့ မြန်မာရဟန်းတော် ဦးဝိလာသဂ္ဂရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်
လာတယ်လို့ ဗုဒဂါယာ မဓဂတက္ကသိုလ်မှာ အတူတက်ရောက်နေတဲ့ စာသင်သား မြန်မာရဟန်းတော် အရှင်ကုမုဒက မိန့်ပါတယ်။
ဇူလိုင် ၉ ရက်နေ့မှာ မြန်မာအစိုးရကိုယ်စား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ
ကောင်စစ်ဝန် ဦးကျော်ဆွေတင့် အလှုငွေ လာရောက် လှုဒါန်းပြီး အိန္ဒိယနိုင်ငံရဲ့ ဘီဂျေပီပါတီ ဥက္ကဌ ရာနတ်ဆင်းလည်း ဗုံးဒဏ်ခံရတဲ့ မြန်မာ
ရဟန်းတော် ဦးဝိလာသဂ္ဂကို တွေ့ဆုံ အားပေးသွားပါတယ်။
မြန်မာစာသင်သား ရဟန်းတော်တွေ နေထိုင်တဲ့ အဆောင်တွေကို အိန္ဒိယအစိုးရက ညပိုင်းမှာ လုံခြုံရေး ချထားပေးပြီး အသွားအလာ အနေအထိုင် ဆင်ခြေဖို့ သတိပေးထားတယ်လို့လည်း အရှင်ကုမုဒက မိန့်ပါတယ်။
DVB TV News


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...