သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 10, 2013

ဘေရူ့မြို့ ဗုံးပေါက်ကွဲမှု အနည်းဆုံးလူ ၁၈ဦး ဒဏ်ရာရ

လယ်ဘနွန်နိုင်ငံ ​ဘေရူ့မြို့မှာ ​ကားဗုံးပေါက်ကွဲမှု ​တခု ​ဖြစ်ခဲ့တဲ့အတွက် ​အနည်းဆုံးလူ ​၁၈ဦး ​ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ​သိရပါတယ်။ ​အခုဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာဟာ ​ဟေဇ်ဘိုလတ် ​အကြမ်းဖက်သမားတွေလှုပ်ရှားမှုရှိတဲ့ ​နယ်မြေအတွင်းမှာဖြစ်ခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့တဲ့အနေရာမှာ ​သေဆုံးသူ ​ဘယ်နှစ်ယောက်ရှိသလဲ ​ဆိုတာကို ​အတည်ပြုလို့ မရ သေးဘူးလို့ ​သိရပါတယ်။


လယ်ဘနွန်နိုင်ငံမှာ ​သမ္မတ ​Bashar ​al-Assad ​ကိုထောက်သူတွေနဲ့ ဟေဇ်ဘိုလတ်အဖွဲ့တွေ ​အကြား ​အခြေအနေ ​တင်းမာမှုတွေ ​ပိုဖြစ်ပေါ်နေပါတယ်။

ဗုံးကွဲမှုနေရာမှာရှိခဲ့တဲ့ ​ရိုက်တာသတင်းဌာနက ​သတင်းထောက်ကတော့ ​မီးလျှံ ​မီးခိုးငွေ့တွေ ​တွေ့ခဲ့ရပြီး ​အခုဗုံးဖောက်မှုဟာ ​Bir ​Al-Abed ​တ၀ိုက်မှာရှိတဲ့ ​ဈေးကို ​ပစ်မှတ်ထားတာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။ ​အခုဗုံးပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ​ဟေဇ်ဘိုလတ် ​အဖွဲ့တွေရဲ့ ​နိုင်ငံရေးရုံးအများစု ​စိုက်ရာနေရာလည်း ​ဖြစ်ပါတယ်။

အခုကားဗုံးပေါက်ကွဲမှုဟာ ​ဘေရူ့မြို့တောင်ဖက်ခြမ်းရဲ့ ​ယခုအနှစ်အတွင်း ​ဒုတိယအကြိမ်ဖြစ်ခဲ့တဲ့ ​တိုက်ခိုက်မှုဖြစ်ပါတယ်။ ​မေလအတွင်းကလည်း ​တိုက်ခိုက်မှုတခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D