သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Saturday, July 13, 2013
ရိုဟင်ဂျာသတင်း ဂျကာတာပို့စ်ဖော်ပြချက် ရခိုင်ဒေသခံစိုးရိမ်
13.07.2013
ဂျကာတာ ပို့စ် (Jakarta Post) သတင်းစာမှာ ရိုဟင်ဂျာ ခေါင်းဆောင် ၂ ဦး အင်ဒိုနီးရှား နိုင်ငံကိုသွားရောက်ပြီး အစွန်းရောက် စစ်သွေးကြွအဖွဲ့တွေဆီက စစ်ရေးအကူအညီ တောင်းခံခဲ့ကြောင်းနဲ့ ရိုဟင်ဂျာ ၃၀၀ ခန့်ဟာလည်း ရခိုင်ပြည်နယ်တွင်း စစ်ရေးလေ့ကျင့် နေကြတယ်ဆိုတဲ့ သတင်းဖော်ပြခဲ့ တာကြောင့် ရခိုင်ပြည်နယ်က ဒေသခံတွေက စိုးရိမ်ကြတယ်လို့ ပြောနေကြ ပါတယ်။ တချိန်တည်းမှာပဲ လုံခြုံရေးနဲ့ တရားမ၀င် ၀င်ရောက်လာသူတွေကို
မျက်ခြေမပြတ်စောင့်ကြည့်ရတဲ့ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ် (နစက) ကိုလည်း နိုင်ငံတော်သမ္မတရဲ့ အမိန့်နဲ့ သောကြာနေ့က ဖျက်သိမ်းလိုက်ပြီး စစ်တပ်ကအစားထိုးတာဝန်ယူမယ် ဆိုတဲ့အတွက် ရခိုင်ဒေသခံတွေက အားတက်မိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုအာင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာခေါင်းဆောင် ၂ ဦး က ဂျမားအစ္စလာမ်မီးယား (Jemaah Islamiah) စစ်သွေးကြွအဖွဲ့နဲ့ တွေ့ဆုံပြီး စစ်ရေးအကူအညီတွေ တောင်းခံခဲ့ပြီး၊ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ ၃၀၀ ဟာ စစ်ရေးလေ့ကျင်မှုတွေ လုပ်နေတယ်တွေ ဆိုတဲ့သတင်းနဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတာကြောင့် မောင်တော ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က မောင်တော် မြို့နယ် ဥက္ကဋ္ဌ ဦးဘရွှေကပြောပါတယ်။
“စိုးရိမ်တာတော့ ရှိကြတာပေါ့လေ။ မြို့ပေါ်ထက် နယ်ဘက်ကလူတွေကတော့ ပိုပြီးတော့ စိုးရိမ်ကြတာပေါ့။ တိုင်းရင်းသားတွေ ကတော့ ပိုပြီး စိုးရိမ်ကြတာပေါ့လေ။”
လက်ရှိအချိန်မှာတော့ မောင်းတော်မြို့နယ်အတွင်းမှာ လုံခြုံရေး ချထားမှု အခြေအနေကတော့ ပုံမှန် အတိုင်းရှိနေတယ်လို့လည်း ဦးဘရွှေက ပြောပါတယ်။
ဘင်္ဂလားဒေရှေ် နိုင်ငံနယ်နိမိတ်နဲ့ နီးစပ်တဲ့ ဘူးသီးတောင် မြို့နယ်နဲ့ မောင်းတော မြို့နယ်တွေက ဒေသခံတွေကတော့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း အခုလို ရိုဟင်ဂျာတွေနဲ့ RSO စစ်ရေးလေ့ကျင့်မှုတွေ ရှိနေတယ်ဆိုတာ လုပ်ကြံ သတင်းတွေသာဖြစ်တယ်လို့ ဘူးသီးတောင် မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အက်ဒူလာဦးရွှေမောင်း ကသုံးသပ်ပါတယ်။
“မတည်မငြိမ်ဖြစ်အောင် အဲဒါမျိုး မလိုလားအပ်တဲ့ပြဿနာဖြစ်အောင်၊ ဆူပူမှုတွေ တကြော့ပြန် လုပ်လိုတဲ့လူက ဖန်တီးပြီးလုပ်သလို ဖြစ်တယ်ဗျာ။ အမှန်တကယ်က ကျနော်တို့ ဒေသမှာ အားလုံးက အေးအေးချမ်းချမ်းပါပဲ။”
ရိုဟင်ဂျာ ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ အက်ဘူအာရစ် (Abu Arif) နဲ့ အက်ဘူရှာဖီရက် (Abu Shafiyah) တို့ဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့ဖြစတဲ့ ရိုဟင်ဂျာ သွေးစည်း ညီညွှတ်ရေးအဖွဲ့ (Rohingya Solidarity Organization – RSO) နဲ့ ဆက်စပ်ပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတယ် ဆိုပြီးတော့ အင်ဒိုနီးရှားကလာတဲ့ သတင်းတွေမှာဖော်ပြခဲ့တာပါ။
တချိန်တည်းမှာပဲ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၁၂ ရက်နေ့ ရက်စွဲနဲ့ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ် (နစက) ကို ဖျက်သိမ်းလိုက်ပြီး စစ်တပ်ကို အစားထိုးတာဝန်ပေးမှာဖြစ်တဲ့ အတွက် ဒေသခံတွေအကြား အားတက်နေကြတယ်လို့ ဆိုပါတယ်။ RNDP ပါတီ စစ်တွေ မြို့နယ် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်ကတော့ အခုလို နစက ကို ဖျက်လိုက်တာဟာ ရဲ၊ လူဝန်မှု ကြီးကြပ်ရေးနဲ့ စစ်တပ် တို့ သုံးခုပေါင်းထားတဲ့ ဒီအဖွဲ့အပေါ်မှာ ကာကွယ်ဦးစီးချုပ်နဲ့ နိုင်ငံတော်သမ္မတ တို့အကြား ရှုပ်ထွေးတဲ့ အုပ်ချုပ်ပုံတွေ ဖြစ်နေတဲ့ အတွက် နစကကို ဖျက်လိုက်တဲ့ သဘောရှိတယ်လို့ သုံးသပ်ပါတယ်။
“အဲဒါပိုင်းကတော့ ဘယ်လိုပြောမလဲ။ နစက ဆိုတာက အဖွဲ့သုံးဖွဲ့ကို ပေါင်းစည်း ထားတဲ့အပိုင်းဆိုတော့ အဲဒီ နစက မှာ အဓိက ပါဝါ အရှိဆုံးက စစ်တပ်ပေါ့။ စစ်တပ်က ပါဝါရှိတယ်ဆိုတော့ အဲဒီနေရာမှာ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းတွေမှာ တခါတခါ သမ္မတရဲ့ ပါဝါ နဲ့ ကာချုပ်ရဲ့ ပါဝါ နှစ်ခုက ထိပ်တိုက်ဖြစ်နေတယ် အဲဒီနေရာမှာ။ အဲဒါကြောင့် နစက ကို ဖျက်သိမ်းလိုက်တဲ့သဘောမျိုးက သမ္မတရဲ့ အာဏာက ပိုပြီး စီမံခန့်ခွဲမှု ပိုပြီးကောင်းအောင် လုပ်တဲ့သဘောမျိုးလို့တော့ ကျနော်တို့အနေနဲ့ သုံးသပ်မိပါတယ်။”
အက်ဒူလာဦးရွှေမောင်းကတော့ မောင်းတောမြို့နယ် အတွင်းမှာ နစက ကို ဖျက်သိမ်းလိုက်တာကို ကြိုဆိုတယ်လို့ ပြောပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ဒီလို နိုင်ငံတော်သမ္မတကြီးက ဖျက်သိမ်းရတယ်လို့ ကျနော် ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးမှလည်း နိုင်ငံတော် သမ္မတကြီးကို ကျနော့်အနေနဲ့ အလေးအနက်ထားပြီး ကျေးဇူးတင်တယ်လို့ လည်း ကျနော် ပြောချင်တယ်ခင်ဗျ။”
အင်ဒိုနီးရှားနိုင်ငံက ဂျမားအစ္စလာမ်မီးယား စစ်သွေးကြွအဖွဲ့ဝင် Muhammad Jibril Abdul Rahman က ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာလက်နက်ကိုင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ပုံတွေကို သူ့ရဲ့ အင်တာနက်ဝက်ဆိုက်မှာ တင်ထားပြီး ရာမန်ဒန် ဥပုသ်လ လက်ဆောင်ဖြစ်ကြောင်းနဲ့၊ ကမ္ဘာတ၀န်းက မူဆလင်တွေက ရိုဟင်ဂျာတွေကို အားပေးကူညီဖို့လည်း ဆော်သြထားကြောင်း Jakarta Post သတင်းစာရဲ့ ဇူလိုင်လ ၁၁ ရက်နေ့ထုတ် သတင်းစာမှာဖော်ပြခဲ့ပါတယ်။
ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံက မြို့တချို့မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်၊ ပြီးခဲ့တဲ့ မေလအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေရှိခဲ့သလို၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂါယာကို ဗုံးဖောက်ခွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
V)A>>>
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
- ► 07/28 - 08/04 (293)
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
-
▼
07/07 - 07/14
(234)
- ဧရာဝတီမြစ် ရေလက်ကြား အနီးရှိ ဦးပါရဲဘုရား ကမ်းပါြး...
- အောင်ဆန်း (သို့မဟုတ်) အရိုင်း
- တကယ်တော့ အချစ်ဆိုတာ တစ်ယောက်ရဲ့လိုအင်ကိုတစ်ယောက်ကြ...
- ဆူးလေ မီးပွိုင့်မှာ ကနေတဲ့ယဉ်ထိန်းရဲ ဗွီဒီယိုနောက်...
- ပြည်သူတွေ မကျေနပ်ရင် လက်ပံတောင်းကိစ္စ လွှတ်တော်ပြန်တ...
- တင်းမာမြှုဖစ် အပြီး ပထမဆုံး အကြိမ် UWSA အဖွဲ့နဲ့ြ...
- စည်ပင်ဝန်ထမ်း အယောင်ဆောင် ငွေတောင်းခံသူကို အမှုဖွင့်
- န၀ရတ် - အခုစာကိုဖတ်မိရင် ၀တ္ထုစာအုပ်လာပေးတဲ့ပရိသတ်က...
- ချစ်သူသက်တမ်း ငါးနှစ်အကြာ ဇူလိုင် 14မှာ လက်ထပ်မယ့်...
- ၁၃-၇-၂၀၁၃ အဖျက်လုပ်ငန်းတွေလုပ်ဖို့ ရိုဟင်ဂျာ မွတ်စ...
- ၁၃-၇-၂၀၁၃ စိတ်ရောဂါ ခံစားနေရသူမိခင်ကသားငယ်ကိုကတ်ကေ...
- ၁၃-၇-၂၀၁၃ ရန်ကုန် လုံခြုံရေး တိုးမြှင့်ချ
- ၁၃-၇-၂၀၁၃ ဖုန်း ဓာတ်အားသွင်း နေတုံး ဖုန်းကိုအသုံြး...
- စည်းကမ်းမဲ့ မြေယာငှားရမ်းခြင်း သည် စိုက်ပျိုးမြေယာ...
- ဈေးကွက်ရရှိရေး ကူညီမည့် အဖွဲ့အစည်း ရှိသော်လည်း ခု...
- ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရွာလုံးကျွတ် ရွှေ့ြေ...
- မြောက်ကိုရီးယားတွေထိန်းသိမ်းထားတယ် ဆိုတဲ့သတင်း ရှမ...
- အီရတ်ရာမာဒန်ကာလ အသေခံဗုံးခွဲမှု ၃၈ ဦးသေဆုံး
- Snowden လူ့အခွင့်အရေးအဖွဲ့နဲ့ တွေ့ခွင့်ပြုမှု ရုရှာ...
- မြောက်ကိုရီးယားက ထွက်ပြေးလာသူတချို့ မြန်မာသူပုန်ဆီ...
- ရိုဟင်ဂျာသတင်း ဂျကာတာပို့စ်ဖော်ပြချက် ရခိုင်ဒေသခံစ...
- လူနည်းစုတဲ့လား……? (၂)
- ဒေါ်စု၏ တာဝန်ပေးချက်အရ NLD က ဦးလှမျိုးမြင့်မှ ကုလာ...
- အသက် ရှစ်နှစ်အရွယ် သမီးငယ်ကို သားမယား အဖြစ်ပြုကျင့်
- ပြည့်တန်ဆာ ခေါင်းဆောင် ဒေါ်စန္ဒာမင်း အကြောင်း
- မြန်မာနိုင်ငံအား ချောက်ထဲတွန်းချနေသူ (သို့) မွတ်ကု...
- ကားဘီးပေါက်သည်ကို ဗုံးပေါက်ဟု ကောလာဟလထွက်၍ ပဲခူးတွ...
- အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည...
- ဒေါ်စု၏ အင်တာနက် တာဝန်ခံ ခွန်ဒီးယမ်ရဲ့ လုပ်ဇာတ်ကို ...
- နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်အား ဖျက...
- အမျိုး၊ဘာသာ သာသနာစောင့်ရေးအဖွဲ့ (ဗဟို) ပြည်ထောင်စု...
- နေရာပြောင်းပါ ၊ စာရင်းရှင်းပါ
- ၁၉၈၂ ဥပဒေအရသာ နိုင်ငံသားဖြစ်ခွင့်ပေးမယ့် အကြောင်း ...
- လာဘ်ပေး လာဘ်ယူမှုများ တိုင်ကြားနိုင်ပြီ
- သူငယ်ချင်းတစ်ရောက်ရဲဆိုင်ကြော်ငြာလေးပါနော်
- မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက် ရန်ကုန်လေဆိပ်၌ အရှေ့အလ...
- အမျိုးသားရေး ဗဟုသုတ
- လိင်ကိစ္စကို အထူးစိတ်ဝင်စားနေတဲ့ လွှတ်တော်ကိုယ်စားလှ...
- ဘင်္ဂါလီများ နိုင်ငံသားပေးရန် ဘန်ကီမွန်းထုတ်ပြန်ချက်...
- ၈၈ မျိုးဆက်သစ် အဖြစ် ပူးပေါင်း ပါဝင် လိုပါသည်
- မျိုးစောင့်ဥပဒေနှင့် ပက်သတ်၍ အတုယူသင့်သည့် နေထက်လင...
- "လူနည်းစုတဲ့လား…!"
- မျိုးစောင့် ဥပဒေနှင့် ဦးကျော်သူ
- Nld မှ ဒေါ်စန္ဒာမင်းရဲ့ ဖာဇာတ်လမ်းလေး ဆက်ချင်လား?
- ကူညီပါရစေ ဒီမိုကရေစီ ပေးစာ (၂၀)
- မြန်မာ့ရုပ်ရှင်မင်းသား သုဘရာဇာ
- ဗုဒ္ဒဂါယာ ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ သင်္ကာမကင်း...
- တစ်မိနစ်အများဆုံး ဖုန်းခေါ်ခ တယ်လီနော ၂၅ ကျပ်၊ အော်...
- ၁၅ဝဝ တန် ဂျီ ထုတ်မည်ဆိုလည်း လိုင်းကျပ်မည် မဟုတ်
- ဘဝကိုခြိမ်းခြောက်နေတဲ့ ကင်ဆာဆဲလ်တွေကို ဦးနှောက်ကနေ...
- သိုးရေခြုံသော ၀ံပုလွေ (၀ါ) အစ္စလာမ်ဘာသာဝင်တွေရဲ့ န...
- လက်တွဲဖော်
- ဇူလိုင်လ ၁၁ ရက်နေ့ဟာ သရုပ်ဆောင် မိုးယုစံ ရဲ့မွေးနေ့
- ရွှေဘိုနယ်တွင် မိုးခေါင်သောကြောင့် ရိုးရာဓလေ့ မိုးေ...
- ညအချိန် ပြုလုပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများအပေါ်...
- မိတ္ထီလာမြို့ပေါ်ရှိ ဗလီသုံးလုံးကို ဇူလိုင် ၁၀ ရက်မှ...
- မိန်းမလျာများ ဖမ်းဆီးခံရမှုနှင့် အရှက်ရစေအောင်ပြုလု...
- ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ကို ဘဏ္ဍာရေးဝန်ကြီးဌာန အြ...
- ဇီးကွက်လော့ကတ် USB stick
- မိုးယုစံက မိခင်ဖြစ်သူနဲ့အတူ သီလရှင်ဝတ်
- သရုပ်ဆောင် မိုးယုစံ သီလရှင်ဝတ်
- ယခုလလယ်ပိုင်း၌ ဧရာဝတီမြစ်ရေ ခုနစ်ပေမှ ကိုးပေခန့်နှ...
- မြန်မာ - အိန္ဒိယ နယ်စပ်တွင် နယ်စပ်ဈေးများ ဖွင့်လှစ...
- မြန်မာ MPU ကတ်များ ထိုင်း ၊ မလေး ၊ စင်ကာပူ အာဆီယံ ...
- သစ်ခြောက်ပင်
- ဗုဒ္ဓနှင့်တွေ့ဆုံခြင်း
- ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ
- ကန္တာရနှစ်များ
- မလေးရှားတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသော မြန်မာမျ...
- Nld မှ ဒေါ်စန္ဒာမင်းမှ ပြည့်တန်ဆာ အရေးကိစ္စတင်သွင်းနေ...
- ကုလား မယား(၁)
- ခေတ်သစ် ၀ိသာခကျောင်းအမနှင့် ခိုးသား ၅၀၀
- ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု စစ်ဆေး တွေ့ရှိချက်များ မြန်...
- ဒေါ်စန္ဒာမင်း ဒီနေ့ ထကြွနေလို့ ရေးပြီးသားနှုတ်ကို ပြ...
- စက်မှုနဲ့ သတ္တုတွင်းဝန်ကြီးဌာန ဘဏ္ဍာငွေ သွင်းဖို့ ပျက်...
- စိတ်ထားမြင့်မြတ်သော ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နင့်...
- အာဇာနည်ဆိုတာ ဘာလဲ။
- IC ရဲ့အောင်မြင်မှု လျှို့ဝှက်ချက်
- သူကြွယ်နှင့် သူတောင်းစား
- ဒွေးအမှတ်တရ
- လွန်လျှင်ဘေး ဖြစ်သည့် ငါးကြီးဆီ
- စေတနာ ထားတတ်ပုံ(ဟာသလေး)
- ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် `ဒွေး´ ကွယ်လွန်းခြင်း...
- ကျေးဇူးပါ အဖေ
- မြန်မာ့ရုပ်ရှင်မင်းသား သုဘရာဇာ ((လူတွေကို ကျွန်တော...
- အဌားရင်ဘတ်ထဲက ကဗျာ
- အာဇာနည် ခေါင်းဆောင်များ၏ မိန့်ခွန်းနှင့် အောက်မေ့ဖ...
- အမြန်ဆုံး အားပြန်ဖြည့်ရန် ခရမ်းချဉ်သီးဖျော်ရည် သော...
- ဒလိုင်းလားမားမွေးနေ့ ဆုတောင်းပွဲ တရုတ် ရဲတပ်ဖွဲ့ ပ...
- အကျင့်ပျက် ခြစားမှုများ ကမ္ဘာလုံး အတိုင်းအတာဖြင့် မြ...
- "ကနေဒါ ရေနံစိမ်းတင် ရထား မတော်တဆမှုတွင် တာဝန်ပျက်က...
- အိန္ဒိယရှိ ဗုဒ္ဓဘာသာ အဆောက်အအုံများတွင် လုံခြုံရေး တ...
- " အနုပညာမှတ်တိုင် စိုက်ထူခဲ့သူ မို့မို့မြင့်အောင်ရ...
- မန္တလေးတွင် မိန်းမလျာများကို ဆက်တိုက် ဖမ်းဆီး
- ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲသည့် နေရာများသို့ ခရီးသွားများ...
- ဒလိုင်လားမားမွေးနေ့ပွဲမှာ ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွား
- ဘေရူ့မြို့ ဗုံးပေါက်ကွဲမှု အနည်းဆုံးလူ ၁၈ဦး ဒဏ်ရာရ
- အမေရိကန် ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးရန် NBF ရ...
- "iPad အသစ်ကို ယခုနှစ် စက်တင်ဘာလအတွင်း Apple မိတ်ဆ...
- "မျက်လုံး အတွက် ၂၀-၂၀-၂၀ "
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...