သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 10, 2013

" အနုပညာမှတ်တိုင် စိုက်ထူခဲ့သူ မို့မို့မြင့်အောင်ရဲ့ အောင်မြင်မှုစကား"

အောင်မြင်ထင်ရှားတဲ့ အနုပညာရှင်များစွာထဲကမှ တစ်ခေတ်တစ်ခါကအောင်မြင်မှုတွေရရှိခဲ့လို့ ဇာတ်ကား တွေ ဆက်တိုက်ရိုက်၊ အခု အချိန်ထိ ပရိသတ်အားပေးမှုရ ရှိနေတဲ့ မို့မို့မြင့်အောင်ရဲ့ အနုပညာကြိုးစားအားထုတ်မှုတွေကို မေးမြန်း ဖြစ်ခဲ့ရာ” တကယ်တမ်း အနုပညာကို အာရုံကိုစူးစိုက်ပြီး ဇာတ် ကောင် တစ်ခုဖြစ် နေပြီဆို ကိုယ့် ကိုယ်ကိုယ် ယောက်ျားလည်း မဟုတ်တော့ဘူး၊ မိန်းမလည်း မဟုတ်တော့ဘူး။


အရင်က ” စနေမ” လိုကားမျိုးဆိုလူကြမ်းတွေကြားထဲ မှာကြမ်းကြမ်းတမ်းတမ်းလုပ် ရတာ။ ဇာတ်ကောင် စရိုက်က ဝင်နေတယ်။ကိုယ့်ဝိညာဉ်မကပ် ဘူး။ တစ်ခါတလေ ကိုယ့်ကိုယ် ကိုယ် ပင်ပန်းပေမယ့် သေချာ မသိလိုက်ဘူး။ ယောက်ျားတွေနဲ့ ရင်ပေါင်တန်းပြီး လုပ်ရတာ။ ဒီလိုဆိုပေမယ့်လည်း သူတို့ရဲ့ စိတ်ထဲမှာ ပြစ်မှားဖို့လည်း မရှိဘူး။ သူတို့ကလည်း အနုပညာ ဇွဲထက်သန်တယ်။ ဒီဇာတ် ကောင်စရိုက်ကို ဖြစ်စေချင် တဲ့ စေတနာနဲ့စက်အဖွဲ့ကပဲ ဖြစ် ဖြစ်၊လူကြမ်းတွေကပဲဖြစ်ဖြစ် စီစဉ်ပေးတဲ့ ဒါရိုက်တာ ကိုယ်တိုင်ကပါ အားစိုက်ပြီး လုပ်ပေး ကြတာ။

ဟိုးအရင်တုန်းက ” ကျားခင်စိန်” ဇာတ်ကားဆို မနက် ၁ဝ နာရီကနေ ရှုတင်စပြီး လူ ကြမ်း၂၂ ယောက်နဲ့
၃ ယောက် စီခွဲပြီးဖိုက်တင်ချလိုက်၊၄ ကျော့ပြန်ပြီး နောက်နေ့ မနက် ၄ နာရီအထိရိုက်တာ။ ဒါမျိုးကျတော့ ရိုက်ပြီးတော့မှ ပင်ပန်း တာသိတာ။ ဖိုက်တင် ကလည်း အကွက် တွေနဲ့ ချရတာလေ။အနုပညာချစ်တဲ့ စိတ်တစ် ခုနဲ့ အာရုံစူးစိုက်ရတော့ ရလဒ်က ဒီတစ်ဖွဲ့လုံးက ကြိုး စားပြီးလုပ်ကြတဲ့ အောင်မြင်မှုပဲ။ သူတို့ ကလည်း မမို့အတွက် စေ တနာများစွာနဲ့ အပင်ပန်းခံ လုပ်ပေးကြတာ။ သူတို့ရဲ့ ပံ့ပိုး ပေးမှုကြောင့်နဲ့ မို့မို့မြင့်အောင် ဈေးကွက်ဆိုပြီး ထိုးဖောက် နိုင်ခဲ့တာ” လို့ ပြောပြပါတယ်။ဒီလိုဈေးကွက်တစ်ခုထိုးဖောက်
ခဲ့ပြီး နောင်မျိုးဆက်သစ်တွေကို စကားလက်ဆောင်ပြောပေးတဲ့ မို့မို့မြင့်အောင်က..

” ဒီလိုကြိုးစားခဲ့ရတဲ့အချိန်မှာ အဓိကက ပညာတော်နေဖို့လိုတယ်။ နောက်ဇာတ်ရွေးတတ်ဖို့ အရေးကြီး တယ်။ မင်းသားနဲ့တွဲရုံလောက်ဆို မငှားနဲ့တော့။ အဲဒီခေတ်တုန်းက ကားလည်းရှားတယ်။ တအားလောဘ ကြီးပြီးပိုက်ဆံမလိုချင်ဘူး။ အနုပညာကပေးတဲ့အမွေကို ပဲလိုချင်တယ်။ဒီဟာကို မြိန်ရေရှက်ရေလုပ်မယ် ဆိုတဲ့ ကား မျိုးကိုရိုက်ချင်တယ်။

အဲဒီခေတ် ကဆိုကျော်သူဈေး ကွက်၊ စိုးသူ ဈေးကွက်ဆိုတာရှိတယ်။ ကျော် သူနဲ့မို့မို့မြင့်အောင်ဆို တစ်ဈေး၊ စိုးသူနဲ့မို့မို့မြင့်အောင်ဆို တစ်ဈေး၊ ဗီဒီယိုခေတ်ကျတော့မို့မို့မြင့်အောင် ဆိုပြီးတစ်ဈေးရှိတယ်။ အဲဒီတုန်း က ဒီစူပါမင်းသားတွေနဲ့ အတူ ပေါ့။ ဘယ်အရာပဲဖြစ်ဖြစ်ရတဲ့ အခွင့်အရေး လက်ဆုပ်လက် ကိုင်ရအောင် ယူရမယ်။မမို့ တို့မှာ ပျော့ညံ့တဲ့ စိတ်မရှိဘူး။အားငယ်ပြီး မျက်ရည်ကျတာ မရှိဘူး။ လုပ်ပြမယ်ဆို တာပဲရှိခဲ့ တယ်။ အနုပညာနဲ့ပတ်သက်ပြီး ပရိသတ်က ပေးတဲ့ ပီတိကိုပဲစား ချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D