သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 10, 2013

"ကနေဒါ ရေနံစိမ်းတင် ရထား မတော်တဆမှုတွင် တာဝန်ပျက်ကွက်မှုများ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောကြား"

မီးသတ်သမားများကနေဒါနိုင်ငံ သမိုင်းတစ်လျှောက် အဆိုးဆုံး မီးရထား မတော်တဆမှုကြီးနှင့် ပတ်သက်ပြီး ရထားလမ်း ကုမ္ပဏီက မီးသတ် ဌာနကို ပြစ်တင်စကား ပြောကြားလိုက်သည်။ အင်္ဂါနေ့က ဖြစ်ပွားခဲ့သော လူအသေအပျောက် များခဲ့သည့် မီးရထား လမ်းချော် ပေါက်ကွဲမှုကြီးအတွင်း ရာဇဝတ်မှုမြောက်သည့် တာဝန်ပျက်ကွက် ပေါ့ဆမှုများ ရှိခဲ့သည်ဟု မိမိတို့ ယူဆကြောင်း ရဲတပ်ဖွဲ့ကလည်း ပြောကြားထားသည်။

ရေနံစိမ်းများ တင်ဆောင်လာသည့် မီးရထား ပေါက်ကွဲ မီးလောင်မှုတွင် လူ(၁၅)ဦးထက်မနည်း သေဆုံး သလို (၃၆)ဦးမျှ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ မီးရထားလမ်းကို တာဝန်ယူ ထိန်းချုပ်နေသည့် အမေရိကန် ကုမ္ပဏီက ယခုဖြစ်စဉ်တွင် အသေအပျောက် များရခြင်းသည် မီးသတ်တပ်ဖွဲ့ကြောင့်ဟု ဝေဖန် စွပ်စွဲခဲ့သည်။

ရဲတပ်ဖွဲ့သည် ထိခိုက်မှု အခြေအနေကို တွက်ချက်နေဆဲဖြစ်ပြီး အပျက်အစီးများကိုလည်း ရှင်းလင်းနေသည်။ ရဲအရာရှိ မိုက်ကယ်ဖော်ဂက်က "အပျက်အစီးတွေ အောက်ကနေ နောက်ထပ် အလောင်းတွေ ထွက်ပေါ်
လာဖို့ ကျွန်တော်တို့ မျှော်လင့်ထားမိပါတယ်"ဟု ပြောကြားခဲ့သည်။

လက်မီဂန်တစ် မြို့လေးတွင် ဖြစ်ပွားသော မတော်တဆမှုကြီးနှင့် ပတ်သက်ပြီး ‪#‎Montreal‬, ‪#‎Maine‬ & ‪#‎Atlantic‬ ‪#‎Railway‬ (‪#‎MMA‬) ကုမ္ပဏီ အကြီးအကဲ အက်ဒွပ်ဘန်းဟက်ဒ်က နန်းတက်စ်တွင် ရထား
ရပ်စဉ်က ဘရိတ်ပြဿနာ ချွတ်ယွင်းအောင် လုပ်ဆောင်ခဲ့သည်ဟူသောစွဲချက်ဖြင့် မီးသတ်သမားများကို ပြစ်တင် ပြောဆိုခဲ့သည်။ လက်မီဂန်တစ် အနောက်ဘက် (၁၃)ကီလိုမီတာမျှ အကွာတွင် ရထားသည် တာဝန်ယူသည့်အဖွဲ့ အပြောင်းအလဲအတွက် ရပ်တန့်ခဲ့သေးသည်။

ထိုအချိန်တွင် ရထားမှ တွဲ(၅)ခုတွင် အနည်းငယ် မီးလောင်ကျွမ်းမှု ဖြစ်နေသည့်နောက် မီးသတ်များက ငြှိမ်းသတ်ခဲ့ကြသည်။ ဘန်းဟက်ဒ်က "နန်းတက်စ်က မီးသတ်သမားတွေဟာ မီးသတ်ဘူးတွေနဲ့ပဲ မီးငြှိမ်း လိုက်ကြတယ်။ ပြီးတော့ ရထားရဲ့ အင်ဂျင်တချို့ကို ပိတ်လိုက်တယ်။ အဲဒီကိစ္စကနေ စပြီး ခုလို ကပ်ဆိုးကြီး ကြုံလာတာပဲ"ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

၎င်းက ရထားဘရိတ်သည် ယင်းအင်ဂျင်၏ ထောက်ပံ့မှုကို လိုအပ်ပြီး မီးသတ်များက ပိတ်ထားသည့်နောက် မောင်းသူမဲ့ ရထားသည် လက်မီဂန်တစ် မြို့လေးထဲသို့ တောင်စောင်းအတိုင်း အတားအဆီးမဲ့ ဆင်းသွားခဲ့ ကြောင်းလည်း ရှင်းပြခဲ့သည်။

ယင်းအချိန်တွင် မြောက်ဒါကိုတာရှိ ရထားလမ်း ကုမ္ပဏီသည် အင်ဂျင်ပိတ်လိုက်သည့် ကိစ္စကို သတင်းပေးပို့ လာမှုအား လက်ခံရရှိခဲ့ကြောင်းလည်း သိရသည်။ MMAက မိမိတို့၏ ရထားများကို နောင်အခါတွင် လူမပါ ဘဲ လုံးဝ စေလွှတ်တော့မည်မဟုတ်ဟု သံဓိဋ္ဌာန်ချထားကြောင်း ပြောဆိုခဲ့သလို ကုမ္ပဏီတွင်လည်း သီးခြား စုံစမ်းမှုများ ပြုလုပ်နေသည်။

နန်းတက်စ် မီးသတ်ဌာန အကြီးအကဲ ပက်ထရစ် လမ်းဘတ်ကမူ MMA၏ စွပ်စွဲချက်ကို ငြင်းဆိုပြီး ယခုကိစ္စ တွင် ပါဝင်သော မီးသတ်ဝန်ထမ်း (၁၂)ဦးသည် အင်ဂျင်မီးလောင်မှုကို သီးခြား လုပ်ငန်းစဉ်များဖြင့် တာဝန် ယူ ဆောင်ရွက်ခဲ့ကြောင်း ဖြေရှင်းထားသည်။

ယခုဖြစ်စဉ်ကြောင့် အဆောက်အအုံ (၃၀)မျှ ပျက်စီးခဲ့ပြီး မြို့ငယ်လေးတွင် နေထိုင်သူ (၆၀၀၀)ကျော်အနက်
(၂၀၀၀)ဝန်းကျင်ကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။ ယင်းတို့အနက် အများစုသည် အင်္ဂါနေ့တွင် အိမ်ပြန်ခွင့် ရခဲ့ကြောင်း သိရသည်။ MMA ဥက္ကဋ္ဌ ဘန်းဟက်ဒ်သည် အင်္ဂါနေ့တွင် ထိုမြို့သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း နောက်ပိုင်းတွင်မူ ရက်ရွှေ့လိုက်ရသည်။

"ကျွန်တော့်ကို ဆီးပြီး သေနတ်နဲ့ မပစ်ကြပါစေနဲ့လို့တော့ မျှော်လင့်တယ်"ဟု ၎င်းက ဆိုသည်။ အသက်(၅၃)နှစ်ရှိ ဒေသခံ တစ်ဦးကမူ "သူကသိပ်ကြောက်နေသတဲ့လား။ အနည်းဆုံး ကျွန်တော်တို့ကိုသူတောင်းပန် ရမယ်။ ဒါဟာ နည်းနည်းလေး စိတ်ပြေဖို့လောက်ပဲတတ်နိုင်တာပါ"ဟု ဒေါသတကြီးပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် ယခုဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်သည်။

Planet Myanmar Network

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D