သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 10, 2013

ဂျပန်အခြေစိုက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် မစ်ဆူဘီရှီနှင့် Nippon Koei တို့ မြန်မာနိုင်ငံတွင် မြှုပ်နှံလုပ်ကိုင်ရန် လာရောက်


mitsubishi-july10 ထိုင်းနိုင်ငံရှိ Mitsubishi ကားစက်ရုံကိုတွေ့ရစဉ် ဂျပန်နိုင်ငံအခြေစိုက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Mitsubishi Materials Corporation နှင့် Nippon Koei ကုမ္ပဏီတို့ မြန်မာနိုင်ငံ တွင် မြှုပ်နှံလုပ်ကိုင်ရန်အတွက် လာရောက်ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 



၂၀၁၃ ခုနှစ်၊ ဇူလိုင် ၂ ရက်တွင် Mitsubishi Materials Corporation  မှ Executive Officer ဖြစ်သူ Mr. Yasuhiko Noguchi နှင့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် တွေ့ ဆုံ၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃ ရက်တွင်မူ Nippon Koei ကုမ္ပဏီမှ Acting General Manager ဖြစ်သူ Mr.Yoshihiko နှင့် အဖွဲ့မှ နေပြည်တော်ရှိ ရုံးအမှတ် ၃၂ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပိုင်းဆိုင်ရာ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုမှာ ဂျပန်အခြေစိုက် ကုမ္ပဏီများဖြစ်ပြီး Mitsubishi Materials Corporation အနေဖြင့် ကားနှင့် ကားအပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် အဖိုးတန် သတ္တုပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် ကုမ္ပဏီကြီး တစ်ခုဖြစ်ကြောင်း သိရသည်။ Mitsubishi ကားကုမ္ပဏီ သည် မြန်မာနိုင်ငံ တွင် မော်တော်ယာဉ် ၀န်ဆောင်မှု စင်တာများ ဖွင့်လှစ်သွားရန် First Myanmar Investment Company Ltd (FMI) နှင့် Yoma Strategic Holdings Ltd (YSH)တို့နှင့် ပူးပေါင်းစီစဉ်လျက်ရှိပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တို့တွင် ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း သိရသည်။

ယင်းအပြင် Nippon Koei ကုမ္ပဏီမှာလည်း ဂျပန်နိုင်ငံတွင် နံပါတ် ၁ အင်ဂျင်နီယာပိုင်းဆိုင်ရာ အကြံပေး လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၃၅ နိုင်ငံတွင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ဇွန်လအတွင်း၌ အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီဖြစ် သည့် Sun Pharmar Industries Ltd တာဝန်ရှိသူများ အပါအ၀င်၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ အမေရိကန်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများကို လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့်ပမာဏမှာ ၂၀၁၃ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ အမေရိကန်ဒေါ်လာ ၂၇၀ ဒသမ ၂၈၃ သန်းအထိရှိပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထား သည့် နိုင် ငံများအနက် အဆင့် ၁၁ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။

EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D