သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 11, 2013

IC ရဲ့အောင်မြင်မှု လျှို့ဝှက်ချက်

Iron Cross တေးဂီတ အဖွဲ့ရဲ့ ဒရမ်မာကို ခရမ်းက နယ်ပယ် အသီးသီးက အနုပညာရှင်တွေ စုပေါင်းပြီး ငြိမ်းချမ်းရေး ဆွေး နွေးပွဲပြုလုပ်မယ့် အကြောင်း စာနယ်ဇင်းရှင်း လင်းပွဲကို အဖွဲ့ကိုယ် စားတက်ရောက်ဖြစ်ခဲ့ပါတယ်။ပွဲ တက်ရောက် ဖြစ်ပုံနဲ့ပတ်သက်ပြီး ကိုခရမ်းက “ဒီပွဲက အကုန် လုံးပေါင်းစည်းပြီး ဒုက္ခသည်တွေ ငြိမ်းချမ်းရေး အတွက် တစ်ဖက် တစ်လမ်းကနေ ရန်ပုံ ငွေရှာရာမှာ ပူးပေါင်း ပါဝင်ဖြစ်တဲ့ သဘောပါ။ ဘယ်လိုငြိမ်းချမ်းရေး အတွက်လုပ်မလဲ၊ ဘယ်လိုရန်ပုံငွေ ရှာမလဲပေါ့။ ဒါ ကောင်းပါတယ်။ အဲဒါကြောင့်လည်း တက်တက်ကြွကြွနဲ့ ပူးပေါင်း ပါဝင်ဖြစ် တာပါ။

အထူးသဖြင့် ကိုယ့်နိုင်ငံမှာ ကောင်းကောင်း မွန်မွန် နဲ့ ငြိမ်းငြိမ်း ချမ်းချမ်းလေး ဖြစ်စေချင်ပါတယ်” လို့ပြောပါတယ်။Iron Cross တေးဂီတ အဖွဲ့မှာ ဒရမ်မာ တစ်ယောက် ဖြစ်လာပုံ ကိုလည်း ကိုခရမ်း က “အစ်ကို ငယ်ငယ်တုန်းက မြူးဇစ် အသံကြားရင် မနေနိုင်၊ မထိုင် နိုင်လိုက် နားထောင် တယ်။ မြူးဇစ် အကုန်လုံးကို ကြိုက်တယ်။ ဒါပေမဲ့ ဒရမ်ကိုတော့ အကြိုက် ဆုံးပဲ။ ဝါသနာ တအားပါလို့ ဖြစ်လာတာ။ အစ်ကိုတို့ ငယ်ငယ်တုန်းက အခု ခေတ်လိုမျိုးတိပ်တို့၊ ဗီစီဒီတို့ မပေါ် သေးဘူးလေ။ အသံလောက်ပဲ ရှိတယ်။ ဒါကိုနားထောင်ပြီး ကိုယ့် ဘာသာကိုယ် အိမ်မှာကျင့် ရတာပေါ့။
အဲဒီတုန်းက နာမည်ကြီးနေတဲ့ Play Boy တို့၊ Electronic Mission တို့ ဒါတွေကိုကြည့်ပြီး လေ့လာတယ်။ အစ်ကို့ရဲ့မြင်ဆရာတွေပေါ့။ ကြား ဆရာတွေလည်း ရှိပါတယ်။ ဒီလိုနဲ့ Session တွေတီးရင်း တီးရင်း ကီးဘုတ်သမား၊ ဂစ်တာ သမားတွေနဲ့ မျက်မှန်း တန်းမိ ရင်းနှီး သွားခဲ့တာပေါ့။ အစ်ကို့ စိတ်က အလုပ်တစ်ခု လုပ်ရင် မြန်လည်း မြန်ရမယ်။ အချိန် တိုတို အတောအတွင်းမှာပေါ့။ စိတ်တူ၊ ကိုယ်တူပေါင်းမိ သွားတော့ ဒီ Iron Cross ဆိုတာ ဖြစ်လာတာပါ” လို့ပြောပါတယ်။
IC ရဲ့ အောင်မြင်မှု အဓိကသော့ချက် ကိုလည်း ကိုခရမ်းက အခုလိုပြောပြတာက.. ”အစ်ကိုတို့ရှေ့မှာ တီးခတ်သွား ခဲ့တဲ့ နာမည်ကြီးတီးဝိုင်းတွေရှိပါ တယ်။အဲဒီကနေ အတွေ့အကြုံတွေယူရတာပေါ့။ ရှေ့မီနောက် မီလည်း ဖြစ်ေ တာ့လေ။IC အောင်မြင်တာက နံပါတ်တစ် ကတော့ ငွေကြေးပါပဲ။ဒုတိယအချက်ကတော့ နားလည်မှုပေါ့။ လူဆိုတာ ဘယ်သူမှ အပြစ်အနာအဆာ မကင်းကြပါဘူး။အစ်ကိုတို့က နားလည်မှု ယူတယ်။သည်းညည်းခံတယ်။အဲဒါတွေနဲ့လုပ်ခဲ့ကြ၊တည် ဆောက် ခဲ့ကြတော့ အခုလိုအောင်မြင်မှု ရလာတာ။ကြိုးစားမှုလည်း ပါတာ ပေါ့” လို့ပြောပါတယ်။
Rock လူငယ်တီးဝိုင်း အဖွဲ့တွေနဲ့ ပတ်သက် ပြီးတော့လည်း အကြံပြု စကားပြောပေးပါဦး လို့ဆိုတော့ “အစ်ကိုက မြူးဇစ်ဆို အကုန် လေ့လာတယ်။ အခုချာတိတ်တွေ အကုန်လုံး၊ Underground အဖွဲ့ တွေရော မတော်၊ မတတ်ကြတာ မဟုတ်ဘူး။ အကုန်ကောင်းကြပါ တယ်။ အားပေးတယ်။ လူတိုင်း ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့။ သူ့နည်းသူ့ဟန်တွေနဲ့ လမ်းသစ်ဖောက် နေကြေ တာ့ လျှော့တွက်လို့မရဘူး။ အစ်ကို တောင်ထင်မှတ်မထား တဲ့အဖွဲ့တွေ၊ ပလေယာတွေရှိတယ်” လို့ပြောပါတယ်။ ဆက်လက်ပြီး တော့လည်း ကိုခရမ်းက.. ”IC အဖွဲ့အနေနဲ့ ရှေ့လမှာ Unplugged လုပ်ဖို့အစီအစဉ်ရှိ တယ်။ လျာထားတာပေါ့နော်။
ဒါပေမဲ့ အနုပညာရှင်တွေပေါင်းစုပြီး လုပ်မယ့်ပွဲနဲ့ တိုက်ဆိုင်ခဲ့မယ်ဆိုရင် ဘယ်အရာကို ဦးစားပေးဖြစ်မလဲ တော့ မသိဘူး။ ဒါကိုလည်း ဆွေးနွေးရဦးမယ်။ တစ်ခုရှိတာက အစ်ကိုတို့အနေနဲ့ မီဒီ ယာတွေနဲ့ ထိတွေ့မှုနည်းပါတယ်။ ဒါက လည်း ပြောပြချင်တဲ့ အကြောင်း အရာတွေကသိပ်ပြီး မထူး ဆန်းဘူးလို့ ထင်လို့ပါ။ အစ်ကို့ အမြင်တစ်ခုက ဘယ်အရာမှာမဆို ပြည်ပမှာရော၊ ပြည်တွင်းမှာရော အဓိက စီးပွားရေးပေါ့။ နိုင်ငံရေး၊ စီးပွားရေးက အဓိကကျတော့ ဒါတွေ အဆင်ပြေမှ လူတွေ ပျော်နိုင်မယ်။ လူတွေပျော်မှ အနုပညာကို ပိုပြီး စိတ်ဝင်စားနိုင်မယ်။ အမှန်တော့ လူတိုင်းရင်မှာ အနုပညာဓာတ်ခံရှိပါတယ်။ အပြင် ကိုသာ ရောက် မလာနိုင်ကြတာပါ။ နောက်ပိုင်း ဂီတလောက ကောင်း လာဖို့များပါတယ်” လို့ နိုင်ငံရေး၊ စီးပွားရေးနဲ့ယှဉ်ပြီး အနုပညာ တစ်ရပ်ကို ပြောပြခဲ့ပါတယ်။
Mဘွယ်

Popular News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D