သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 11, 2013

ကျေးဇူးပါ အဖေ

 ~~~~~~~~~
အဖေ
အဖေမရှိတဲ့နောက်
ဒီမြေဟာ----
သေမတတ် ဒဏ်ရာတွေ ရခဲ့တယ်အဖေ ။
အဖေ့ချွေး
အဖေ့သွေးတွေ
ဒီမြေမှာ မခြောက်သေးပေမယ့်
အဖေ့ဟန်
အဖေ့ အသံကို
ဒီမြေမှာ ပျောက်အောင် လုပ်နေကြတယ်အဖေ ။
အဖေထားခဲ့တဲ့ အမွေလည်း
တစ္ဆေတွေ လက်ထဲ ကြေမွသွားပြီ အဖေ ။
အဖေစေတဲ့လမ်း
ရမ်းကားပိတ်ဆို့လို့
လမ်းလည်း ကန်းသွားပြီအဖေ ။
အဖေ"တပ်"လား !!!!!
စပ်စပ်ခါနာရပါတယ် အဖေ
ပြည်သူတွေကို သတ်နေပြီ ။
ဒါပေမယ့် ------
စိတ်မပျက်ပါနဲ့ အဖေ
သေနေ့စေ့ ဒီမြေကိုကယ်ဖို့
အဖေ့သမီးငယ်
သားရဲတွင်းထဲ ဝင်သွားပြီ အဖေ
အဖေ့ရဲ့ ဟန်
အဖေ့မာန်နဲ့ ဝင်သွားတာ ။
ကျေးဇူးပါ အဖေ ။
သစ္စာ
19-7-2010

Thit Sar  with Be Shoke and 19 others

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D