မန္တလေး မြို့ ကျုံးပတ်လည်မှာ ညဘက်သွားလာနေတဲ့ မိန်းမလျာတွေကို ထိန်းသိမ်းဖမ်းဆီးမှုတွေ လုပ်နေ တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲမှူး စိုးငြိမ်းက ဧရာဝတီကို ပြောပါတယ်။
ဇူလိုင်လ ၇ ရက် ည ၈ နာရီခွဲလောက်က စတင်ထိန်းသိမ်းမှုတွေ လုပ်ခဲ့တာဖြစ်ပြီး ထိန်းသိမ်းခဲ့တဲ့ မိန်းမလျာ ၉ ဦးကိုတော့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပေးမယ့် ည ၁၁ နာရီလောက်မှာ တွေ့ရှိတဲ့ မိန်းမလျာ ၂ ဦးနဲ့ ဇူလိုင်လ ၉ ရက်နေ့ ညက တွေ့တဲ့ မိန်းမလျာ ၃ ဦးကိုတော့ အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အတွက် ရဲအက်ဥပဒေပုဒ်မ ၃၅/ဂ နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။
“အခြောက်တွေက ကျုံးဘေးမှာ နေချင်သလိုနေ၊ ပြောချင်တာတွေပြောနေတော့ သွားလာနေတဲ့သူတွေ အနှောင့်အယှက် ဖြစ်တာကြောင့် ထိန်းသိမ်းတာပါ။ လိုအပ်တဲ့အချိန်အထိ လုပ်နေဦးမှာပဲ။ တိုင်တဲ့သူ မရှိပေမယ့် သတင်းတွေက ထွက်နေတော့ အခုလို ထိန်းသိမ်းဖမ်းဆီးတာ လုပ်တာ” လို့ ရဲမှူး စိုးငြိမ်းက ပြောပါတယ်။
မိန်းမလျာတွေကို ထိန်းသိမ်းဖမ်းဆီးတဲ့ရဲတွေက နှိပ်စက်မှုတွေ လုံးဝမလုပ်သလို အပေါ်အင်္ကျီ ချွတ်ခိုင်းတာ ကတော့ ရဲစခန်းမှာ စစ်ဆေးရတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
“ကွန်ဒုံးကြောင့် ဖမ်းတာတော့ မဟုတ်ပေမယ့် လိင်တူချစ်သူတွေဆိုတော့ ဥပဒေနဲ့မညီ၊ တိုင်တဲ့သူရှိ ရင်တော့ အရေးယူမှာပေါ့။ သူတို့တွေကို ဖမ်းဖို့ ကြိုပြောစရာ မလိုဘူး။ အများပြည်သူ အနှောင့်အယှက် ဖြစ်ရင်တော့ ဖမ်းမှာပဲလေ” လို့ ရဲမှူး စိုးငြိမ်းက ပြောပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ ည ၈နာရီခွဲလောက်ကစပြီး သာမန်အရပ်ဝတ်နဲ့ ရဲတွေက ကားတွေ၊ ဆိုင်ကယ်တွေ သုံးပြီး မန္တလေး ကျုံးပတ်လည်မှာ သွားလာနေတဲ့၊ ထိုင်နေတဲ့ မိန်းမလျာတွေကို ဖမ်းဆီးကာ အမှတ် (၃) ရဲစခန်းကို ခေါ်သွားတာလို့ အဖမ်းခံခဲ့ရတဲ့ အထဲမှာ ပါသွားခဲ့ပြီး ပြန်လွတ်လာတဲ့ မြတ်နိုးက ပြောပြပါတယ်။ သူက မိုးကြိုးငှက်ငယ်လေးများ အဖွဲ့မှာ ကပြနေသူ တဦးဖြစ်ပြီး မန္တလေးမှာ ရောက်နေတုန်း အလည်အပတ် ထွက်ရာကနေ အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။
“ကျမတို့ကို ခေါင်းပေါ်လက်တင်ပြီး ဖားခုန် ခုန်ခိုင်းတယ်။ အပေါ်အင်္ကျီတွေ ချွတ်ခိုင်းတယ်။ ထိုင်ထ အကြိမ်ကြိမ် လုပ်ခိုင်းတယ်။ နောက်ကျောကနေလည်း ရိုက်တယ်။ အာမခံပေးမယ့်သူ မရှိပေမယ့် ည ၂ နာရီ လောက်ကျတော့ ရဲစခန်းမှာ နောက်တခါ ကျုံးဘေး လမ်းမလျှောက်တော့ပါဘူး ဆိုတဲ့ ခံဝန် ထိုးခိုင်းပြီးတော့ ပြန်လွှတ်တယ်။ မပြန်ခင်မှာ ရဲတွေက သူတို့ ဘာမှ မလုပ်ဖူးနော်လို့လည်း မှာလိုက်သေးတယ်” လို့ မြတ်နိုးက အဖမ်းခံရစဉ်က အခြေအနေကို ပြောပြပါတယ်။
ဖမ်းဆီးခံရတဲ့ အချိန်က ည ၈ နာရီကျော် ဖြစ်တာကြောင့် ဒီအချိန်ဟာ လူတွေ အပြင်ထွက်နေဆဲ အချိန်ပဲ ရှိသေးပေမယ့် တွေ့သမျှ မိန်းမလျာတိုင်းကို ကားပေါ်ဆွဲတင်ပြီး ဖမ်းခံခဲ့ရတာကိုတော့ ခံပြင်းမိတယ်လို့ သူက ဆိုပါတယ်။
နောက်ထပ် အဖမ်းခံရသူ တဦးဖြစ်တဲ့ ရီလေးပိုကတော့ “ကျူံးဘေးမှာ ရည်းစားနဲ့ ချိန်းတွေ့နေတုန်း အဖမ်းခံရတယ်။ ရည်းစားကိုတော့ မဖမ်းဘူး။ ကွန်ဒုံး ဆောင်ထားလို့ ဖမ်းတယ်လို့ ပြောတာပဲ။ ရဲစခန်းရောက်တော့ ဓာတ်ပုံတွေ ရိုက်ယူထားတယ်။ နဖူးနဲ့ ခေါင်းကို ရိုက်တယ်၊ ရင်ဘတ်ကို ကန်တယ်။ အင်္ကျီတွေ၊ ဘော်လီတွေကို ချွတ်ခိုင်းတယ်၊ အပေါ်ပိုင်းကို မဖွယ်မရာ ကိုင်တယ်၊ ပြောတယ်” လို့ ဆိုပါတယ်။
ရီလေးပိုက ရွှေကျင်မြို့ကဖြစ်ပြီး မန္တလေးမှာ ခေတ္တရောက်တုန်း အခုလို အဖမ်းခံရတာလို့ သိရပါတယ်။
အဖမ်းမခံရဘဲ လွတ်လာတဲ့ မိုးကြိုးငှက်ငယ်လေးများ အဖွဲ့ဝင် ချန်းချန်းကတော့ ကွန်ဒုံးဆောင်လို့ ဖမ်းတယ်ဆိုပြီး ရဲစခန်းက ပြောတာကြောင့် ကျန်းမာရေးအဖွဲ့တွေ၊ ပညာပေးလုပ်နေတဲ့ အဖွဲ့တွေက ကွန်ဒုံးဆောင်ခိုင်း၊ ရဲတွေက ကွန်ဒုံးကြောင့်ဖမ်းတယ်လို့ဆိုတာကြောင့် တွေးစရာဖြစ်နေသလို နောက်
ဆို ကွန်ဒုံးလည်း မဆောင်ချင်တော့ဘူးလို့ ဆိုပါတယ်။
“ကျမ မန္တလေး တိုင်းဒေသကြီး အစိုးရရုံးကို ဖုန်းဆက်မှာ။ ဘာကြောင့် မိန်းမလျာတိုင်းကို ဖမ်းနေတာလဲ မေးမယ်။ အခု ညဘက်ရောက်တာနဲ့ အခြောက်တွေက အပြင်မထွက်ရဲကြဘူး” လို့ ချန်းချန်းက ပြောပါတယ်။
စီမံချက်စတဲ့ ဇူလိုင် ၇ ရက် နောက်ပိုင်းကစပြီး မန္တလေး ကျုံးပတ်လည်မှာ ရဲကားတွေ၊ ဆိုင်ကယ်တွေနဲ့ လုံခြုံရေးလှည့်ပြီး မိန်းမလျာတွေကို ဖမ်းနေပေမယ့် မြို့ရဲ့ တခြားဘယ်နေရာမှာမှ မဖမ်းဘူးလို့ သိရပါတယ်။ အရင်တုန်းက အခုလို ဖမ်းဆီးတာမျိုး လုံးဝမရှိခဲ့ပေမယ့် ဖမ်းခဲ့ရင်လည်း ဘာကြောင့်ဆိုတဲ့ အကြောင်းပြ
ချက်တော့ ရှိသင့်တယ်လို့ အဖမ်းခံရတဲ့ မိန်းမလျာတွေက ပြောကြပါတယ်။
ဇူလိုင်လ အစောပိုင်းလောက်က မန္တလေးကျုံးဘေးနားမှာ လမ်းလျှောက်နေတဲ့ ဌာနဆိုင်ရာ လူကြီးတဦးနဲ့ မိန်းမလျာတဦး စကားများ ရန်ဖြစ်ခဲ့ပြီးနောက်ပိုင်း အခုလိုစီမံချက်နဲ့ ဖမ်းနေတာ ဖြစ်နိုင်တယ်လို့ ချန်းချန်းက ဆိုပါတယ်။
“အခုတော့ ဘယ်အခြောက်မှ အပြင် မထွက်ကြဘူး။ အားလုံးက အချင်းချင်း ဖုန်းနဲ့ သတိပေးထားကြရတယ်” လို့ သူက ပြောပါတယ်။
“ကျုံးထောင့်ကို မသွားတော့ပါဘူး၊ မိန်းမလို မ၀တ်တော့ပါဘူး ဆိုပြီး ၀န်ခံကတိလက်မှတ် ထိုးခိုင်းပြီး ကိုယ်ရေး အချက်အလက်တွေ မေးတယ်။ တခြားဘယ်နေရာတွေမှာ သွားကျက်စားလဲ ဆိုတာလည်း မေးတယ်။ ဘယ်တုန်းကတည်းက အခြောက်လုပ်တာလဲဆိုပြီး မေးတာလည်း ရှိတယ်တဲ့။ တချို့ကိုဆိုလည်း နှိုက်နှိုက်ချွတ်ချွတ် မေးတာတွေ ရှိတယ်တဲ့။ ပြီးတော့ ပြန်လွှတ်လိုက်တယ် ပြောတယ်” မန္တလေးမှ လိင်တူချစ်သူ အဖွဲ့ဝင်တဦးက ဧရာဝတီကို ပြောပါတယ်။
မန္တလေး ဒေသခံ တချို့ ပြောတာကတော့ ကျုံးပတ်လည်မှာ ညအချိန် သွားလာနေတဲ့သူတွေကို တချို့ မိန်းမလျာတွေက ဓားထောက်လုတာ၊ မဖွယ်မရာ ပြောတာတွေလည်း ရှိနေတာကြောင့် ဖမ်းဆီးတာ ဖြစ်နိုင်
တယ်လို့ ပြောပြပါတယ်။
လူ့အခွင့်အရေး ပညာပေး လုပ်ဆောင်နေတဲ့ Equality Myanmar အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း က “လိင်တူချစ်သူတွေကို ဖမ်းတဲ့အခါတိုင်းမှာ ရဲတွေက ဒီလို မဖွယ်မရာတွေ ကျူးလွန်တယ်ဆိုတာ တွေ့နေ
ရတယ်။ ဒါဟာ တကယ်တမ်းကျတော့ ဒီလူတွေကို လုပ်ချင်တိုင်း လုပ်လို့ရတယ်၊ အနိုင်ကျင့်လို့ ရတယ်ဆိုတဲ့ စိတ်အခြေခံကြောင့် ဖြစ်နေတာ။ ဒီလုပ်ရပ်တွေဟာ လူသားမဆန်တဲ့ လုပ်ရပ်တွေလို့ပဲ ပြောချင်ပါတယ်။ ဒီလို လူသားမဆန်တဲ့ လုပ်ရပ်တွေကို ပြည်သူကို စောင့်ရှောက်ရမယ့် ရဲတွေက ကျူးလွန်နေတာကို တွေ့ရတဲ့ အတွက် ဒါဟာ တိုင်းပြည် နာပါတယ်” လို့ ပြောပါတယ်။
ဒီလို မိန်းမလျာတွေကို ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး မန္တလေးမှာ လာမယ့် ဇူလိုင် ၁၄ ရက်နေ့ကျရင် ဖမ်းဆီး အနိုင်ကျင့်ခံရသူတွေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့လည်း သိရပါတယ်။
လိင်တူချစ်သူများနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ မှောင်ရိပ်ခိုမှုနဲ့ ပုဒ်မ ၃၇၇ ဥပဒေ နှစ်မျိုးကို ကျင့်သုံးကာ ဖမ်းဆီးလေ့ရှိကြောင်း သိရပါတယ်။ မိန်းမလျာ တဦးဦးကို ညဘက်မှာ တွေ့ပါက မှောင်ရိပ်ခိုမှုနဲ့ အရင်ဆုံး ဖမ်းဆီးပြီးမှောင်ရိပ်ခိုမှု မမြောက်ရင် လိင်တူအချင်းချင်း ဆက်ဆံတာကို လက်တွေ့ဖမ်းမိပါက အရေးယူတဲ့ ပုဒ်မ ၃၇၇ နဲ့ စွဲကာ ငွေညှစ်တာ၊ အနိုင်ကျင့်တာတွေ လုပ်ဆောင်ခြင်း ခံရလေ့ရှိတယ်လို့ မိန်းမလျာများက ပြောပါတယ်။
ဧရာဝတီ
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
- ► 07/28 - 08/04 (293)
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
-
▼
07/07 - 07/14
(234)
- ဧရာဝတီမြစ် ရေလက်ကြား အနီးရှိ ဦးပါရဲဘုရား ကမ်းပါြး...
- အောင်ဆန်း (သို့မဟုတ်) အရိုင်း
- တကယ်တော့ အချစ်ဆိုတာ တစ်ယောက်ရဲ့လိုအင်ကိုတစ်ယောက်ကြ...
- ဆူးလေ မီးပွိုင့်မှာ ကနေတဲ့ယဉ်ထိန်းရဲ ဗွီဒီယိုနောက်...
- ပြည်သူတွေ မကျေနပ်ရင် လက်ပံတောင်းကိစ္စ လွှတ်တော်ပြန်တ...
- တင်းမာမြှုဖစ် အပြီး ပထမဆုံး အကြိမ် UWSA အဖွဲ့နဲ့ြ...
- စည်ပင်ဝန်ထမ်း အယောင်ဆောင် ငွေတောင်းခံသူကို အမှုဖွင့်
- န၀ရတ် - အခုစာကိုဖတ်မိရင် ၀တ္ထုစာအုပ်လာပေးတဲ့ပရိသတ်က...
- ချစ်သူသက်တမ်း ငါးနှစ်အကြာ ဇူလိုင် 14မှာ လက်ထပ်မယ့်...
- ၁၃-၇-၂၀၁၃ အဖျက်လုပ်ငန်းတွေလုပ်ဖို့ ရိုဟင်ဂျာ မွတ်စ...
- ၁၃-၇-၂၀၁၃ စိတ်ရောဂါ ခံစားနေရသူမိခင်ကသားငယ်ကိုကတ်ကေ...
- ၁၃-၇-၂၀၁၃ ရန်ကုန် လုံခြုံရေး တိုးမြှင့်ချ
- ၁၃-၇-၂၀၁၃ ဖုန်း ဓာတ်အားသွင်း နေတုံး ဖုန်းကိုအသုံြး...
- စည်းကမ်းမဲ့ မြေယာငှားရမ်းခြင်း သည် စိုက်ပျိုးမြေယာ...
- ဈေးကွက်ရရှိရေး ကူညီမည့် အဖွဲ့အစည်း ရှိသော်လည်း ခု...
- ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရွာလုံးကျွတ် ရွှေ့ြေ...
- မြောက်ကိုရီးယားတွေထိန်းသိမ်းထားတယ် ဆိုတဲ့သတင်း ရှမ...
- အီရတ်ရာမာဒန်ကာလ အသေခံဗုံးခွဲမှု ၃၈ ဦးသေဆုံး
- Snowden လူ့အခွင့်အရေးအဖွဲ့နဲ့ တွေ့ခွင့်ပြုမှု ရုရှာ...
- မြောက်ကိုရီးယားက ထွက်ပြေးလာသူတချို့ မြန်မာသူပုန်ဆီ...
- ရိုဟင်ဂျာသတင်း ဂျကာတာပို့စ်ဖော်ပြချက် ရခိုင်ဒေသခံစ...
- လူနည်းစုတဲ့လား……? (၂)
- ဒေါ်စု၏ တာဝန်ပေးချက်အရ NLD က ဦးလှမျိုးမြင့်မှ ကုလာ...
- အသက် ရှစ်နှစ်အရွယ် သမီးငယ်ကို သားမယား အဖြစ်ပြုကျင့်
- ပြည့်တန်ဆာ ခေါင်းဆောင် ဒေါ်စန္ဒာမင်း အကြောင်း
- မြန်မာနိုင်ငံအား ချောက်ထဲတွန်းချနေသူ (သို့) မွတ်ကု...
- ကားဘီးပေါက်သည်ကို ဗုံးပေါက်ဟု ကောလာဟလထွက်၍ ပဲခူးတွ...
- အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည...
- ဒေါ်စု၏ အင်တာနက် တာဝန်ခံ ခွန်ဒီးယမ်ရဲ့ လုပ်ဇာတ်ကို ...
- နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်အား ဖျက...
- အမျိုး၊ဘာသာ သာသနာစောင့်ရေးအဖွဲ့ (ဗဟို) ပြည်ထောင်စု...
- နေရာပြောင်းပါ ၊ စာရင်းရှင်းပါ
- ၁၉၈၂ ဥပဒေအရသာ နိုင်ငံသားဖြစ်ခွင့်ပေးမယ့် အကြောင်း ...
- လာဘ်ပေး လာဘ်ယူမှုများ တိုင်ကြားနိုင်ပြီ
- သူငယ်ချင်းတစ်ရောက်ရဲဆိုင်ကြော်ငြာလေးပါနော်
- မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက် ရန်ကုန်လေဆိပ်၌ အရှေ့အလ...
- အမျိုးသားရေး ဗဟုသုတ
- လိင်ကိစ္စကို အထူးစိတ်ဝင်စားနေတဲ့ လွှတ်တော်ကိုယ်စားလှ...
- ဘင်္ဂါလီများ နိုင်ငံသားပေးရန် ဘန်ကီမွန်းထုတ်ပြန်ချက်...
- ၈၈ မျိုးဆက်သစ် အဖြစ် ပူးပေါင်း ပါဝင် လိုပါသည်
- မျိုးစောင့်ဥပဒေနှင့် ပက်သတ်၍ အတုယူသင့်သည့် နေထက်လင...
- "လူနည်းစုတဲ့လား…!"
- မျိုးစောင့် ဥပဒေနှင့် ဦးကျော်သူ
- Nld မှ ဒေါ်စန္ဒာမင်းရဲ့ ဖာဇာတ်လမ်းလေး ဆက်ချင်လား?
- ကူညီပါရစေ ဒီမိုကရေစီ ပေးစာ (၂၀)
- မြန်မာ့ရုပ်ရှင်မင်းသား သုဘရာဇာ
- ဗုဒ္ဒဂါယာ ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ သင်္ကာမကင်း...
- တစ်မိနစ်အများဆုံး ဖုန်းခေါ်ခ တယ်လီနော ၂၅ ကျပ်၊ အော်...
- ၁၅ဝဝ တန် ဂျီ ထုတ်မည်ဆိုလည်း လိုင်းကျပ်မည် မဟုတ်
- ဘဝကိုခြိမ်းခြောက်နေတဲ့ ကင်ဆာဆဲလ်တွေကို ဦးနှောက်ကနေ...
- သိုးရေခြုံသော ၀ံပုလွေ (၀ါ) အစ္စလာမ်ဘာသာဝင်တွေရဲ့ န...
- လက်တွဲဖော်
- ဇူလိုင်လ ၁၁ ရက်နေ့ဟာ သရုပ်ဆောင် မိုးယုစံ ရဲ့မွေးနေ့
- ရွှေဘိုနယ်တွင် မိုးခေါင်သောကြောင့် ရိုးရာဓလေ့ မိုးေ...
- ညအချိန် ပြုလုပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများအပေါ်...
- မိတ္ထီလာမြို့ပေါ်ရှိ ဗလီသုံးလုံးကို ဇူလိုင် ၁၀ ရက်မှ...
- မိန်းမလျာများ ဖမ်းဆီးခံရမှုနှင့် အရှက်ရစေအောင်ပြုလု...
- ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ကို ဘဏ္ဍာရေးဝန်ကြီးဌာန အြ...
- ဇီးကွက်လော့ကတ် USB stick
- မိုးယုစံက မိခင်ဖြစ်သူနဲ့အတူ သီလရှင်ဝတ်
- သရုပ်ဆောင် မိုးယုစံ သီလရှင်ဝတ်
- ယခုလလယ်ပိုင်း၌ ဧရာဝတီမြစ်ရေ ခုနစ်ပေမှ ကိုးပေခန့်နှ...
- မြန်မာ - အိန္ဒိယ နယ်စပ်တွင် နယ်စပ်ဈေးများ ဖွင့်လှစ...
- မြန်မာ MPU ကတ်များ ထိုင်း ၊ မလေး ၊ စင်ကာပူ အာဆီယံ ...
- သစ်ခြောက်ပင်
- ဗုဒ္ဓနှင့်တွေ့ဆုံခြင်း
- ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ
- ကန္တာရနှစ်များ
- မလေးရှားတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသော မြန်မာမျ...
- Nld မှ ဒေါ်စန္ဒာမင်းမှ ပြည့်တန်ဆာ အရေးကိစ္စတင်သွင်းနေ...
- ကုလား မယား(၁)
- ခေတ်သစ် ၀ိသာခကျောင်းအမနှင့် ခိုးသား ၅၀၀
- ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု စစ်ဆေး တွေ့ရှိချက်များ မြန်...
- ဒေါ်စန္ဒာမင်း ဒီနေ့ ထကြွနေလို့ ရေးပြီးသားနှုတ်ကို ပြ...
- စက်မှုနဲ့ သတ္တုတွင်းဝန်ကြီးဌာန ဘဏ္ဍာငွေ သွင်းဖို့ ပျက်...
- စိတ်ထားမြင့်မြတ်သော ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နင့်...
- အာဇာနည်ဆိုတာ ဘာလဲ။
- IC ရဲ့အောင်မြင်မှု လျှို့ဝှက်ချက်
- သူကြွယ်နှင့် သူတောင်းစား
- ဒွေးအမှတ်တရ
- လွန်လျှင်ဘေး ဖြစ်သည့် ငါးကြီးဆီ
- စေတနာ ထားတတ်ပုံ(ဟာသလေး)
- ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် `ဒွေး´ ကွယ်လွန်းခြင်း...
- ကျေးဇူးပါ အဖေ
- မြန်မာ့ရုပ်ရှင်မင်းသား သုဘရာဇာ ((လူတွေကို ကျွန်တော...
- အဌားရင်ဘတ်ထဲက ကဗျာ
- အာဇာနည် ခေါင်းဆောင်များ၏ မိန့်ခွန်းနှင့် အောက်မေ့ဖ...
- အမြန်ဆုံး အားပြန်ဖြည့်ရန် ခရမ်းချဉ်သီးဖျော်ရည် သော...
- ဒလိုင်းလားမားမွေးနေ့ ဆုတောင်းပွဲ တရုတ် ရဲတပ်ဖွဲ့ ပ...
- အကျင့်ပျက် ခြစားမှုများ ကမ္ဘာလုံး အတိုင်းအတာဖြင့် မြ...
- "ကနေဒါ ရေနံစိမ်းတင် ရထား မတော်တဆမှုတွင် တာဝန်ပျက်က...
- အိန္ဒိယရှိ ဗုဒ္ဓဘာသာ အဆောက်အအုံများတွင် လုံခြုံရေး တ...
- " အနုပညာမှတ်တိုင် စိုက်ထူခဲ့သူ မို့မို့မြင့်အောင်ရ...
- မန္တလေးတွင် မိန်းမလျာများကို ဆက်တိုက် ဖမ်းဆီး
- ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲသည့် နေရာများသို့ ခရီးသွားများ...
- ဒလိုင်လားမားမွေးနေ့ပွဲမှာ ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွား
- ဘေရူ့မြို့ ဗုံးပေါက်ကွဲမှု အနည်းဆုံးလူ ၁၈ဦး ဒဏ်ရာရ
- အမေရိကန် ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးရန် NBF ရ...
- "iPad အသစ်ကို ယခုနှစ် စက်တင်ဘာလအတွင်း Apple မိတ်ဆ...
- "မျက်လုံး အတွက် ၂၀-၂၀-၂၀ "
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...