သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 10, 2013

ပခုက္ကူ ဧရာဝတီ မြစ်ကမ်းဘေးရှိ ကျေးရွာများ ကမ်းပြိုကျမှုကြောင့် ဇူလိုင်ပထမပတ်အတွင်း အိမ် ၁၀၀ နီးပါး ရွှေ့ပြောင်း

ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ကျေးရွာများ ဇူလိုင်လ ပထမပတ်မှစ၍ ကမ်းပြိုမှု ဆိုးရွားစွာ ဖြစ်ပေါ်လာသည့်အတွက် ဒေသခံ အများအပြား ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရ ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင်း ဧရာဝတီ မြစ်ကမ်းဘေးရှိ မရိုးကုန်း၊ မြင်းကျွန်းနှင့် သိမ်ကုန်းကျေးရွာများမှာ ဇူလိုင်လ ပထမပတ်မှ စတင်၍ မြစ်ရေမြင့်တက်မှု မြန်ဆန်လာပြီး လေတိုက်နှုန်း ပြင်းထန်လာသောကြောင့် ကမ်းပြိုကျမှု ဆိုးရွားစွာ ဖြစ်ပေါ်လာသည့်အတွက် လူနေအိမ် ၁၀၀ နီးပါးနှင့်ကျေးရွာဘုန်းတော်ကြီး ကျောင်းများသို့ အလျင်အမြန် ရွှေ့ပြောင်းနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။


"ဒီလ(ဇူလိုင်)အစောပိုင်းမှာ မြစ်ရေကတအားတက်လာတယ်။ လေတိုက်နှုန်းကလည်း တအားမြန်လာတော့ ကမ်းပါးတွေက လှိုင်းရိုက်ပြီး တအားပြိုတော့တာပဲ။ တစ်နေ့တည်း ပေ ၅၀ ကျော်လောက် ပြိုနေတော့ တချို့ ရက်တွေဆိုရင် ညတွင်းချင်း အိမ်တွေဖျက်ပြီး ပြောင်းရတယ်။ မြင်းကျွန်းက ၁၇ အိမ်၊ မရိုးကုန်းက ၉၄ အိမ်၊ သိမ်ကုန်းက လေးအိမ်ဖျက်ပြီး ရွှေ့ထားတယ်။ ကျန်တဲ့အိမ်တွေလည်း ဆက်ပြီးရွှေ့ရမယ်။ ကမ်းပြိုတာ ကြုံတဲ့ သက်တမ်းတစ်လျှောက်ဒီနှစ်ကအဆိုးရွားဆုံးပဲ"ဟု သိမ်ကုန်းရွာသားကိုနိုင်လွင်မောင်က ပြောကြားသည်။

တစ်နေ့တည်း ပေ ၅၀ ကျော်လောက် ပြိုနေတော့ တချို့ရက်တွေဆိုရင် ညတွင်းချင်း အိမ်တွေဖျက်ပြီး ပြောင်းရတယ်။ မြင်းကျွန်းက ၁၇ အိမ်၊ မရိုးကုန်းက ၉၄ အိမ်၊ သိမ်ကုန်းက လေးအိမ်ဖျက်ပြီး ရွှေ့ထားတယ်။ ကျန်တဲ့အိမ်တွေလည်း ဆက်ပြီးရွှေ့ရမယ်။ ကမ်းပြိုတာ ကြုံတဲ့သက်တမ်းတစ်လျှောက် ဒီနှစ်က အဆိုးရွားဆုံးပဲ . . . . .

"ဒီရွာမှာ ဦးဇင်းကျောင်းထိုင်တဲ့ သက်တမ်းတစ်လျှောက်မှာ ကမ်းပြိုလို့ကျောင်းရွှေ့ရတာ နှစ်ကြိမ်ရှိပြီ။ ဒီနှစ်ကမ်းပြိုတာကတော့ အရင်နှစ်တွေထက် အတော်လေး ဆိုးဆိုးရွားရွား ကြုံတွေ့ရတာပဲ" ဟု သိမ်ကုန်းနှင့် မရိုးကုန်း ရွာကျောင်းဆရာတော် ဦးအဓိကက မိန့်ကြားသည်။

"ကမ်းပြိုတာ မများခင်တုန်းက တစ်ဧကကို ၃၆ သိန်းနဲ့ဝယ်ဖို့ မြေရှင်နဲ့ သဘောတူထားတာ။ ကမ်းပြိုတာ လည်း တအားဆိုးရော မြေ၀ယ်တဲ့သူ များလာတော့ တစ်ဧက ၃၉ သိန်းလောက်ရမှရောင်းနိုင်တော့မယ် ဆိုပြီးဈေးတွေတက်ရောင်းကြတော့ ကျွန်တော်တို့မှာ နေထိုင်ရေးအတွက် အတော်လေး အဆင်မပြေ ဖြစ်နေတယ်" ဟု မရိုးကုန်းရွာသား တစ်ဦးက ပြောကြားသည်။

"ကမ်းပြိုတဲ့အိမ်တွေ အလျင်အမြန် ရွှေ့ပြောင်းနိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင် ရွက်နေရပါတယ်။ကမ်းပြိုလို့ ရွှေ့ပြောင်းနေထိုင်ရသူတွေအနေနဲ့ ကာလပေါက်ဈေးအတိုင်း မြေနေရာဝယ် ယူဖို့အတွက်လည်း မြေပိုင်ရှင်တွေနဲ့ ညှိနှိုင်းပါမယ်။ဇူလိုင် ၈ ရက်မှာ တိုင်းဝန်ကြီးချုပ်ကိုယ်တိုင်လာပြီး ကမ်း ပြိုတဲ့ အခြေအနေကိုစစ်ဆေးသွားပါတယ်။ နေအိမ်ရွှေပြောင်းရသူတွေ အမြန်ဆုံး အမိုးအကာအောက် ရောက်ရေးအတွက်လည်း ဆက်လုပ်ပေးသွားပါမယ်" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက
 ပြောကြားသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D