သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, July 13, 2013

၁၃-၇-၂၀၁၃ အဖျက်လုပ်ငန်းတွေလုပ်ဖို့ ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ စစ်သင်တန်းတက်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGkOwe_59rjpIORSio7zcRrbS9FTAAyfz76rdPgWI8GaaGwmwenytlq3HgESXO2k7GOEOsFoSTwr_0c8_sSH-M7R0T4SV1sRReCkk8b9neoW0CzC_Srb-OH_EjZSzeO4lSRGWE71WnYtA/s400/1013493_168922929953937_1388733951_n.jpg2013-07-11
( RFA )

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေကို နှိပ်စက်သတ်ဖြတ်မှုတွေကို တန်ပြန်ဖို့အတွက် ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ လောက်ကို ရခိုင်ပြည်နယ်တွင်းမှာ စစ်သင်တန်း ပို့ချပေးနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာမှာ ဒီကနေ့ဖော်ပြထားပါတယ်။

အဖျက်လုပ်ငန်းရည်ရွယ်ချက်နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ RSO က ခေါင်းဆောင်နှစ်ဦးဟာ အင်ဒိုနီးရှားနိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့ပြီး လိုအပ်တဲ့အထောက်အပံ့တွေရရှိနိုင်ဖို့ သဘောထားတင်းမာတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လဲ သတင်းမှာဖော်ပြထားပါတယ်။ အဲဒီခေါင်းဆောင်နှစ်ဦးဟာ တိုက်ခိုက်ရေးသမားတွေ၊ လက်နက်တွေ၊ ငွေကြေးအထောက်အပံ့တွေနဲ့ ဗုံးလုပ်နည်း သင်ပြနိုင်သူတွေကို ကူညီဖို့ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံသား Muhammad Jibril ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာမွတ်စလင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ ဓါတ်ပုံ ၂၈ ပုံ ကို မနေ့က ဖော်ပြထားတယ်လို့ ဆိုပါတယ်။

Muhammad Jibril ဟာ ပါကစ္စတန် နိုင်ငံ ကရာချိမြို့အခြေစိုက်တဲ့ Jemaah Islamiah (JI) အစွန်းရောက် မွတ်စလင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ ကမ္ဘာကျော် အယ်လ်ခိုက်ဒါ အကြမ်းဖက်အဖွဲ့၊ တာလီဘန်အကြမ်းဖက်အဖွဲ့ တို့နဲ့ အဆက်အသွယ်ရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ၂ဝ၁၁ ခုနှစ်မှာ နာမည်ပျက်စာရင်းသွင်းထားခြင်းကို ခံထားရပါတယ်။

photo: arrahmah.com

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D