သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 11, 2013

မိတ္ထီလာမြို့ပေါ်ရှိ ဗလီသုံးလုံးကို ဇူလိုင် ၁၀ ရက်မှစ၍ ပြန်လည်ရှင်းလင်း အသုံးပြုခွင့်ပေး

မိတ္ထီလာမြိုကပေါ်ရှိ အစ္စလာမ် ဘာသာဝင်များ ၀တ်ပြုဆုတောင်းရန် ရတနာမာရ်အောင် ရပ်ကွက်အတွင်းရှိ ဘင်္ဂလိဗလီ၊ နန်းတော်ကုန်း ရပ်ကွက်အတွင်းရှိ ချမ်းအေးသာယာ ဗလီနှင့်ကန်တော်မင်ရှိ တူရိကိဗလီတို့ အား ဇူလိုင် ၁၀ ရက်မှ စတင်ပြီး ပြန်လည်ရှင်းလင်း အသုံးပြုခွင့်ပေးခဲ့ကြောင်း သိရသည်။


"ကျွန်တော်တို့ ဒီနေ့ကစပြီး အစ္စလာမ် ဘာသာဝင်တို့ရဲ့ ဥပုသ်လ စ၀င်ရပါမယ်။ အခု အသုံးပြုခွင့်ပေးတဲ့ ဗလီတွေကို စရှင်းနေပါပြီ။ အစ္စလာမ်ဘာသာရေး ထုံးစံအတိုင်း တစ်ရက်ကို နေ့စဉ်ငါးကြိမ် ဘုရားရှိခိုး ရပါမယ်။ ဥပုသ်လမို့ ည ၈ နာရီကျော်ကနေ ည ၁၀ နာရီလောက်ထိ ၀တ်ပြုဆုတောင်းတာ ရှိပါတယ်။ ဥပုသ်လ ညပိုင်းဝတ်ပြု ဆုတောင်းတာကို နည်းနည်းအချိန်လျှော့ပြီး ည ၉ နာရီခွဲအပြီး ည ၁၀ နာရီ အိမ် အရောက်ပြန်ဖို့ စီစဉ်ထားပါတယ်။ မနေ့ကစပြီး ညမထွက်ရ အချိန်ကို ည ၉ နာရီကနေ ည ၁၀ နာရီထိ တစ်နာရီ နောက်ဆုတ်ပေးထားလို့ ဥပုသ်လ၀င်ရတာ အဆင်ပြေမှာပါ။ မိတ္ထီလာမြို့ပေါ်မှာ အစ္စလာမ်ဘာသာ ၀င် သုံးသောင်းကျော်လောက် ရှိမယ်ခန့်မှန်းပါတယ်။ အခြေအနေ အချိန်အခါအရ အသံချဲ့စက် သုံးဖို့တော့ အစီအစဉ်မရှိပါဘူး"ဟု နန်းတော်ကုန်း ရပ်ကွက်တွင်နေထိုင်သူ အစ္စလာမ်ဘာသာ ၀င်တစ်ဦးက ပြောကြား သည်။

မိတ္ထီလာမြို့တွင် မတ် ၂၀ ရက်က ဖြစ်ပွားခဲ့သော သုံးရက်ကြာ အကြမ်းဖက်မှုများကြောင့် အိမ်ခြေပေါင်း ၁၅၉၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဗလီ ၁၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D