သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, July 13, 2013

တင်းမာမြှုဖစ် အပြီး ပထမဆုံး အကြိမ် UWSA အဖွဲ့နဲ့ မြန်မာ အစိုးရ တွေ့ဆုံဆွေးနွေး


ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့က ခေါင်းဆောင်တွေနဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးနေပြီး မနက်ဖြန် ဇူလိုင် ၁၃ ရက်နေ့
ညနေမှာ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။

UWSA အဖွဲ့က စီးပွားရေးဌာနကြီးမှူး ပေါက်ယိုလျံ က ဦးဆောင်ပြီးအဖွဲ့ဝင် ၅ ယောက်ပါ ကိုယ်စားလှယ်တွေနဲ့ ရှမ်းပြည်အရှေ့ ပိုင်း တြိဂံ
တိုင်းစစ်ဌာနချူပ်မှာ ဒီနေ့ညနေပိုင်းကစလို့ တွေ့ဆုံနေပြီး ဒီကနေ့ညနေ ၅ နာရီကျော်အထိ ဆက်သွယ်မေးမြန်းချက်အရ ဆွေးနွေးပွဲမပြီး
ဆုံးသေးပဲ မနက်ဖြန် မနက်ပိုင်းအထိ ဆက်ဆွေးနွေးဖို့ရှိနေတယ်လို့ ဝ တပ်ဖွဲ့နဲ့နီးစပ်သူ တရုတ်မြန်မာနယ်စပ်က ဦးအောင်ကျော်ဇောက အ
ခုလို ပြောပါတယ်။

"အစည်းဝေးက ကျနော်ထင်တယ်၊ ဒီနေ့တစ်ရက်ထဲနဲ့ ပြီးမယ်မထင်ဘူး၊ ကျနော်လှမ်းမေးနေတာ မပြီးသေးပါဘူး၊ သူတို့က ဒီနေ့မနက် ကိုသိန်းဇော်တို့ က ၁ဝ နာရီကျော်မှ ရောက်တယ်၊ ကျနော်တို့ ဝ အဖွဲ့ကတော့ မနက် ၉ နာရီဆို ရောက်ပါပြီ၊ ဒီနေ့လာတဲ့ ဟိုဘက်ဒီ
ဘက်ကတော့ ပြဿနာကို အခိုင်အမာညှိမယ့်လူတွေပဲ၊ အဓိကကျတာကတော့ လာတာ တပ်ကတိုင်းမှူးပါတယ်၊ သုံးလေးငါးယောက် လာကြတာကိုး၊ ဒီဘက်ကလည်း တောင်ပိုင်းတပ်မှူး ပါတယ်လေ"

နှစ်ဖက်ဆွေးနွေးပွဲမှာ အချက် ၅ ချက်ကို အဓိကထားဆွေးနွေးဖို့ရှိပြီး အဲ့ဒီအချက်တွေထဲမှာ မိုင်တုံမြို့နယ် ပုံပါကျင်အခြေစိုက် အစိုးရတပ် စစ်ဗျူဟာကနေပြီး UWSA တပ်တည်နေရာတွေနဲ့ အင်အားစာရင်း တောင်းခံတဲ့အကြောင်း၊ UWSA တပ်စခန်းတွေကို အစိုးရတပ်တွေ လာရောက်ရင်ဆိုင်ထားတဲ့အကြောင်းနဲ့ UWSA တပ်ဖွဲ့ပိုင် ရာဘာစိုက်ခင်းတွေကို အစိုးရတပ်တွေ လာရောက်သိမ်းယူတဲ့ကိစ္စနဲ့ လျှပ်စစ်
ဓါတ်အားထုတ်လုပ်တဲ့နေရာကို အစိုးရတပ်တွေ ပိတ်ပင်တားဆီးလိုက်တဲ့ကိစ္စတွေကို အဓိက ထားဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို UWSA ဖက်က စီးပွားရေး ဌာနမှူး ပေါက်ယိုလျံ ဦးဆောင်ပြီး UWSA တောင်ပိုင်းတပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ မှူး ဝေရှော
ရင်၊ ဒု ဦးစီးမှူး စိုင်းစံ၊ ဆက်သွယ်ရေး ဌာနမှူး ကျောက်ကုန်အန်းနဲ့ ဦးအောင်မြင့်တို့ ပါဝင်တက်ရောက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့ဟာ UWSA အဖွဲ့နဲ့ တွေ့ဆုံပြီးရင် ဇူလိုင်လ ၁၃ ရက်နေ့ မနက်ဖြန် ညနေပိုင်းမှာတော့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ SSPP ရှမ်းပြည်တိုးတက်ရေးပါတီက အတွင်းရေးမှူး ကြောက်ဝ်ခွန်ဆရမ် ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်
တယ်လို့ SSA မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

"မနက်ဖြန် ညနေပိုင်းလောက် ဖြစ်မယ်၊ သူတို့က ကျနော်တို့ ဗဟိုကို ဖုန်းနဲ့လှမ်းချိတ်တယ်။ အဲ့ဒီ ၁၃ ရက်နေ့မှာ သူတို့လားရှိုးမှာတွေ့ဖို့ အကြောင်းကြားတာပေါ့၊ ကျနော်တို့လားရှိုးကိုရောက်နေပြီလေ၊ သူတို့ ဝ နဲ့တွေ့ပြီးရင် ကျနော်တို့ ဖက်လာမယ်၊ အကြမ်းဖျဉ်းတော့ အဲ့
ဒီလိုပဲသိရတယ်၊ ကျနော်တို့ဘက်က ကျနော်တို့အတွင်းရေးမှူး ကြောက်ဝ် ခွန်ဆရမ်က သူဦးဆောင်ပြီးတော့ ခြောက်ယောက်ခုနှစ်ယောက်
လောက်ပေါ့၊ လားရှိုး ကျနော်တို့ တိုင်းမှာပဲတွေ့မယ်။ သူတို့ပြောတာတော့ တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးလို့ပဲ ပြောတယ်"

SSPP ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်နယ် တန့်ယန်းမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြသနာဖြစ်ပွားနိုင်တဲ့ နှစ်ဖက်တပ်ပိုင်ဆိုင်ရာ ကိစ္စတွေ ညှိနှိုင်းဖို့အပါအဝင် အချက်လေးချက်ကို သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။

ဒါပေမယ့် အစိုးရတပ်ဖွဲ့က SSA မြောက်ပိုင်းတပ်ဖွဲ့ အခြေစိုက်နေရာယူထားတဲ့ တာဆမ်ပူတပ်စခန်းကို ဇွန်လ ၂ဝ ရက်နေ့က ဆုတ်ခွာပေးဖို့ ညွန်ကြားခဲ့ပြီး SSPP ရဲ့ဝမ်ဟိုင်းဌာနချူပ်အနီးက တပ်စခန်းတစ်ခုကိုလည်း စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝိုင်းထားတာကြောင့် စစ်ရေးတင်းမာမှု
တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

SSPP ရှမ်းပြည်တိုးတက်ရေးပါတီ SSA မြောက်ပိုင်းတပ်ဖွဲ့ဟာ အစိုးရနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇန္နဝါရီလမှာ အပြစ်အခတ်ရပ်စဲရေး သဘောတူ
လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

တချိန်ထဲမှာလည်း မြန်မာအစိုးရ Peace Center က နည်းပညာအဖွဲ့ဟာ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
ဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မနက်ဖြန် ညနေပိုင်းမှာ ရှမ်းပြည်ပြန်လည်ထူ
ထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

RFA Burmese


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D