သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 12, 2013

မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက် ရန်ကုန်လေဆိပ်၌ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အစ္စလာမစ် နိုင်ငံများမှ ၀င်ရောက်လာသူများအား အဓိကထား စစ်ဆေးဟုဆို

မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက်ဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့်အစ္စလာမ္မစ် နိုင်ငံများမှဝင်ရောက်လာသူများအား အဓိကထား စစ်ဆေးမေးမြန်း မှုများ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ နိုင်ငံများမှဝင်ရောက်လာသူများကို အဓိကထားစစ်ဆေးခြင်းမှာ အိန္ဒိယနိုင်ငံ၊ဗုဒ္ဓဂယာကျောင်းတော် ၀င်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ခရီးသည် ၀င်ထွက်စစ်ဆေးမှုများအား ယခုကဲ့သို့ တိုးမြှင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် နိုင်ငံသားနှင့် နိုင်ငံခြားသား ခရီးသည်များအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်လူဝင်မှုကြီးကြပ်ရေး ဌာနမှ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးမှသာ နိုင်ငံတွင်း ၀င်ရောက်ခွင့်ပြုလျက်ရှိသည်။

ယင်းသို့ စစ်ဆေးမေးမြန်းရာတွင် နိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသည့် ဘာသာနှစ်ခုကြား ပဋိပက္ခများနှင့် ဇူလိုင် ၇ ရက်က အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ ကျောင်းတော်ဝင်း အတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အစ္စလာမ္မစ် နိုင်ငံများမှ ၀င်ရောက်လာသူများအား အဓိကထား စစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

''လေဆိပ်လူဝင်မှု ကြီးကြပ်ရေးဌာနအနေနဲ့ လက်ရှိဖြစ်စဉ်တွေကြောင့် ခရီးသည် အ၀င်အထွက်ကို သေသေ ချာချာ စိစစ်နေပါတယ်။ အထူးသဖြင့် အစ္စလာမစ် နိုင်ငံတွေက ၀င်ရောက်လာသူတွေကို ပိုပြီး စစ်မေးတယ်။ စီးပွားရေးကိစ္စနဲ့ လာတယ်ဆိုရင်လည်း သူတို့ဆက်သွယ်မယ့် စီးပွားရေးသမားတွေ၊ ကုမ္ပဏီတွေကို သေချာ မေးမြန်းမှုတွေလုပ်တယ်။ ဒါ့အပြင် ဗီဇာအစစ်၊ ပတ်စ်ပို့အစစ်နဲ့ ၀င်ရောက်လာတာ ဟုတ် မဟုတ်ကိုလည်း သေချာစစ်ဆေးပါတယ်။ ရန်ကုန်လေဆိပ် လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့ အရင်ထက်ပိုပြီး တင်းတင်းကျပ် ကျပ် စစ်ဆေးမှုတွေ လုပ်နေပါတယ်'' ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် လူဝင်မှုကြီးကြပ်ရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သီဟက ဇူလိုင် ၁၀ ရက်က ပြောကြားသည်။

ယင်းပြင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် ခရီးသည်များအား ဗီဇာအစစ်၊ ပတ်စ်ပို့အစစ်များဖြင့် ၀င် ရောက်လာသူများ ဖြစ်ကြောင်းကိုလည်း စက်ပစ္စည်းများဖြင့် သေချာစွာစစ်ဆေးမှုများ ပြုလုပ်နေကြာင်း သိရသည်။

မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် နိုင်ငံအသီးသီးမှ ခရီးသည်များအားပြည်ဝင်ခွင့်ဗီဇာ ခွင့်ပြုခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသာအောင်ညွန့်က ''အရှေ့အလယ်ပိုင်း နိုင်ငံတွေကပဲဖြစ်ဖြစ်၊ မြန်မာသံရုံးမရှိတဲ့ နိုင်ငံတွေကပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုလာဖို့ ဗီဇာလျှောက်မယ်ဆိုရင် မြန်မာသံရုံးရှိတဲ့ အနီးဆုံး နိုင်ငံမှာ သွားပြီးတော့လျှောက်ထားရမယ်။ ဗီဇာလျှောက်ရင်တော့ နိုင်ငံကူး လက် မှတ်မှာပါတဲ့ အချက်တွေအပြင် မြန်မာနိုင်ငံမှာ ဘယ်နှစ်ရက်နေမယ်၊ ဘာကြောင့်လာတယ်၊ ဘယ်မှာတည်း မယ် စတဲ့အချက်တွေကို ဖြည့်ရတယ်။ အရင်ကတော့ အချက် ၃၁ ချက်လောက် ဖြည့်ရတယ်။ အခုတော့ သာမန်အဆင့်လောက်ပဲ ဖြည့်ရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုဒ္ဓဂယာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း တိုင်းပြည် လုံခြုံရေးအတွက် ဗီဇာပေးတဲ့အခါမှာ စောင့်ကြည့်ရမယ့် နာမည် စာရင်းတွေကို အရင်အတိုင်းပဲ စစ်ဆေးပြီးတော့ ဆောင်ရွက်နေပါတယ်။စောင့်ကြည့်ရမယ့် စာရင်း ထဲမှာ မပါဘူးဆိုရင်တော့ ဗီဇာ ထုတ်ပေးသွားမှာပါ'' ဟု ဇူလိုင် ၁၀ ရက် ညနေပိုင်းက ပြောကြားသည်။

ယင်းအပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုံခြုံရေးအား တာဝန်ယူဆောင်ရွက်နေသည့် လေကြောင်း ရဲတပ်ဖွဲ့မှလည်း လေဆိပ်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D