သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 11, 2013

ရွှေဘိုနယ်တွင် မိုးခေါင်သောကြောင့် ရိုးရာဓလေ့ မိုးခေါ်လွန်ဆွဲပွဲများ နေရာ အနှံ့ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် ဆိုးရွားစွာ မိုးခေါင်လျက်ရှိနေပြီး ရိုးရာဓလေ့ဖြစ်သော မိုးခေါ် လွန်ဆွဲပွဲများကို နေရာအနှံ့အပြား ကျင်းပလျက် ရှိသည်။

"ရာသီဥတုက တအားပူနေတယ်။ မိုးကလည်း လုံးဝကို မရွာတာလေ။ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ရွှေဘိုစည်ပင် ဈေးကြီးမှာ လွန်ဆွဲခဲ့တယ်" ဟု စည်ပင်ဈေးမှ ကိုမြင့်နိုင်က ပြောကြားသည်။


မိုးခေါင်မှုကြောင့် စိုက်ပျိုးရေးနှင့် အဓိက အသက်မွေးဝမ်းကျောင်းပြုရာဒေသဖြစ်သော ရွှေဘိုတွင် ဆိုးဝါးစွာ အခက်ကြုံလျက်ရှိပြီး ရိုးရာဓလေ့ဖြစ်သော မိုးခေါ်လွန်ဆွဲပွဲများကို ကျင်းပကြခြင်း ဖြစ်သည်။

"မိုးက တအားခေါင်နေတယ်။ အဲဒါကြောင့် ရပ်ကွက်ထဲက လူငယ်လူကြီး အားလုံးပေါင်းပြီး လွန်ဆွဲကြတာ လေ။ တက္ကသိုလ် ကျောင်းသူကျောင်းသားလေးတွေ ပါဝင်ဆွဲကြတာ။ ရိုးရာ အငွေ့ အသက်လေးလည်းပါ တော့ ပျော်စရာကောင်းတယ်။ မိုးတကယ်ရွာခဲ့ရင် ပိုပြီးပျော်စရာ ကောင်းမှာ" ဟု သခွတ္တောရပ်တွင် နေထိုင်သူ ကိုထွေးက ဆိုသည်။

"မနှစ်က လွန်ဆွဲပွဲပြီးတော့ မိုးကတောက်လျှောက် ရွာတယ်။ အဲဒီတော့ပျော်လိုက်ရတာ။ ခဏပဲ မိုးကလုံးဝ ပျောက်သွားတာ။ ဒီနှစ်အဲလို မဖြစ်ပါစေနဲ့ပဲ ဆုတောင်းရမှာ။ မိုးမရွာရင် တောင်သူတင်မကဘူး။ တောင်သူ
ကို အားပြုရောင်းရတဲ့ စည်ပင်ဈေးကြီးလည်း သိသိသာသာ အရောင်းပါးသွားတာလေ" ဟု စည်ပင်ဈေးဆိုင် ခန်း ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ရွှေဘိုနယ်တွင်ပုဂံခေတ်ကတည်းက တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် ရွှေတန်ဆာဘုရားအညာဆန်ပွဲ၊ မိုးခေါ်လွန်ဆွဲပွဲနှင့် ငါးရံ့မင်း ပူဇော်ပွဲများကို ရိုးရာဓလေ့ စရိုက်အဖြစ် နှစ်စဉ်ကျင်းပလေ့ရှိသည်။

အလယ်ပိုင်း မြေလတ်ဒေသဖြစ်သော ရွှေဘိုတွင် နှစ်စဉ်မိုးနည်းလေ့ ရှိသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း ရာသီဥတု လွန်ကဲသော ဖြစ်စဉ်များ သိသာစွာ ဖြစ်ပွားခဲ့ပြီး တောင်သူများ ဆိုးရွားစွာ အခက်ကြုံနေ
ခဲ့ရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D