မန္တလေးမြို့ကို ဆိုင်ကယ်တစ်စင်းနဲ့
လျှောက်သွားနေရတဲ့သူ။ ဆိုင်ကယ်တွေ၊ ကားတွေများလာတဲ့ မန္တလေးမှာတော့ အရင်လို
သွားရ လာရတာ
စိတ်မသက်သာတော့ပါဘူး။ လမ်းဆုံလမ်းခွရောက်ရင် အမြဲတမ်းဆယ့်ငါးမိနစ်လောက်
စောင့်ရတာမျိုးချည်းပါပဲ။
အရမ်းပျင်းစရာကောင်း တယ်လို့ ထင်မိတယ်။ ယာဉ်ကြောရှင်းတဲ့ ယာဉ်ထိန်းတပ်ဖွဲ့တွေရဲ့ မကြည်
မသာ မျက်နှာကို မြင်ရတော့ ပိုတောင် ရင်မအေးရ။ဒါပေမယ့် သူတို့ကို အပြစ်တော့
မဆိုသာပါ။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တွေ သာ မန္တလေးရဲ့ ဒီလိုနေပူပူ ရာသီဥတုမျိုး၊
ဆောင်းရာသီလို
အအေးလွန်တဲ့ ရာသီမျိုးတွေ မှာ တနေကုန် လမ်းလယ်ခေါင်မှာ မတ်တပ်ရပ်ပြီး
နေနိုင်လိမ့်မည်မဟုတ်။ကျွန်မတို့ ငယ်ငယ် ကတည်းက ပြဇာတ်တွေ၊ အငြိမ့်တွေ၊
လူရွှင်တော်ပျက်လုံးတွေနဲ့
လူတွေရဲ့ ပါးစပ်ဖျားမှာ ထုံးပေသီးနဲ့ မီးသတ်က မပါမဖြစ်တဲ့
ပျက်လုံးတစ်ခုပဲမို့လား။
ကိုယ်ရင်းနှီးကျွမ်းဝင်လာခဲ့တဲ့ ပျက်လုံးတွေထဲမှာ ထုံးပေသီးလို့ ခေါ်တဲ့
အရိပ်မထွက်(အရိပ်ထဲကကို
ထွက်မလာသူ)ကိုယ်တော်တွေရဲ့ ဘောင်းဘီအိတ်ကပ်တွေဟာ ခြေမျက်စိထိအောင်
ရောက်ပြီး ပိုက်ဆံဘယ်လောက်ထည့်ထည့်
မပြည့်ဘူးတဲ့။ ပြီးတော့လည်း လမ်းကြိုလမ်းကြား၊ မမြင်ကွယ်ရာကနေ
စောင့်ဖမ်းပြီး လက်ဝါးချင်းရိုက်လိုက်ရင်
အဆင်ပြေတယ်ဆိုတဲ့ စကားတွေ ကြားရဖန်များလာ၊ အပြင်မှာလည်း ပြောတာတွေက
များလာတော့ ထုံးပေသီးဆိုရင်ကို
တော်တော်ကိုစိတ်ပျက်စရာလို့ မြင်လာခဲ့တယ်။
ဒီလိုမြင်တာကလည်း ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ။ဆယ့်ငါးမိနစ်အတွင်းမှာ
အတွေးပေါင်းက သောင်းခြောက်ထောင်။
ဟိုရောက်ဒီရောက်။ ဒီလမ်းကနေ နောက်တစ်လမ်းကိုရောက်၊ ဒီလိုပဲရပ်စောင့်။
ဒီနေ့။ နောက်နေ့၊
ဟိုးနောက်နေ့။ အဲ-တစ်နေ့မှာတော့ ကျွန်မဘယ်လိုမှ မထင်မှတ်တဲ့ မြင်ကွင်းကို
မြင်ခဲ့ရတယ်။
ဟုတ်မှ ဟုတ်ရဲ့လားပေါ့။ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက လမ်းလေးခွမှာ
ရပ်နေရင်းနဲ့ လမ်းရှင်းပေးနေတယ်။
သူ့မျက်နှာကလည်း ပြုံးလို့ရွှင်လို့၊ မယုံနိုင်ပါဘူး။ ဒါကြောင့်
သေချာကိုရပ်ကြည့်နေလိုက်တယ်။
ခဏနေတော့ အဖွားအိုတစ်ဦးက ခြင်းတောင်းကတစ်ဖက် ။
အထုပ်က တစ်ဖက်နဲ့ လမ်းဖြတ်ကူးဖို့ လုပ်နေတာကို
ခုန ယာဉ်ထိန်းက ပြေးသွားပြီး အဖွားအိုကို တွဲကူတယ်။ ခြင်းတောင်းကို
ကူဆွဲရင်း လမ်းကူးပေးတယ်။
ကူးနေရင်းနဲ့ ရပ်ထားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေဘက် လှည့်ပြီး ပြုံးပြ၊
ရယ်ပြတယ်။ တစ်သက်မှာ
တစ်ခါ နှစ်ခါလောက်ပဲ မြင်ဖူးတဲ့ မြင်ကွင်းပါ။ရန်ကုန်မှာ
ဒီလိုယာဉ်ထိန်းမျိုး ရှိတယ်လို့ ကြားဖူးပေမယ့်
တကယ်လို့ မထင်ခဲ့ဘူး။ ခုတော့ မန်းမှာလည်း ကြုံတွေ့ခဲ့ရပြီ။ တကယ့်မှ
မျက်ဝါးထင်ထင်။
နောက်နေ့ နောက်နေ့တွေ လမ်းဆုံတွေကို လိုက်လိုက် ကြည့်ဖြစ်တယ်။
အများဆုံးတွေ့ရတဲ့ နေရာတွေက
လမ်း ၃၀x၇၃ မင်္ဂလာဈေး မီးပွိုင့်၊ ၆၂x၆၆ လမ်း ဆီဒိုးနားထောင့် မီးပွိုင့်၊
၂၆x၇၈ လမ်း
မီးပွိုင့်နဲ့ တစ်ခါတစ်လေမှာ ၈၄ နာ၇ီစင်လမ်းဆုံ။ ၁၂ လမ်း x ၆၆ လမ်းဆုံ
တွေမှာ ပြုံးပြနေတဲ့
ယာဉ်ထိန်းကိုမြင်ရတယ်။ တာဝန်ချိန်မှာနေဘယ်လောက်ပူပူ အပြုံးမပျက်ခဲ့ဘူး။
ဟန်ဆောင်အပြုံးမျိုးမဟုတ်ခဲ့။
မန္တလေးမှာ ဒီယာဉ်ထိန်း တပ်ကြပ်ကြီးရောက်လာတာ မကြာသေး ဘူးတဲ့။
ဒါပေမယ့် သူရှိတဲ့နေရာတိုင်းမှာ မီးနီမိရင်တောင် မပျင်းဘူးဆိုပဲ။
သူ့အသွင်သဏ္ဍာန်၊ သူ့လှုပ်ရှားပုံတွေကို
ကြည့်ပြီး အော်-ဒီလိုတာဝန်ကြေ ပြီးဒီလို အပြုံးမျိုး မြင်တွေ့ခွင့်ရတာ
မန္တလေးဂုဏ်တက်တယ်တဲ့လေ။
ကိုယ်ပိုင်နံပါတ် လ-၁၇၉၀၀၉ ၊ ယာဉ်ထိန်းကုတ်နံပါတ်က ၃၄၃၅ နဲ့
ယာဉ်ထိန်းတပ်ကြပ်ကြီး သန့်ဇော်မင်း
အကြောင်းကို မန္တလေးသူ/ မန္တလေးသားတွေက ၀င့်ဝင့်ကြွားကြွား
ထုတ်ဖော်ပြောလာကြတယ်။
ကောင်းသော အလုပ်ကို လုပ်ဆောင်သူရဲ့ ကောင်းခြင်းကို
ထုတ်ဖော်ချီးမွမ်းခြင်းဖြင့်
မင်္ဂလာမည်ထိုက်တယ် ဆိုသလို ဒီလို ထူးချွန်ပြီး ပြည်သူလူထုကို အလေးထားတဲ့
ပုဂ္ဂုလ်မျိုးကို
ရေးသား ထုတ်ဖော်ပေးတာဟာလည်း ကျွန်မတို့ လုပ်ရမယ့် သတင်းမီဒီယာ တာဝန်ပဲလို့
ယူဆမိပါတယ်။ ဒါကြောင့်လည်း ကျွန်မက တပ်ကြပ်ကြီးအကြောင်းကို
စိတ်ဝင်စားမိတာပေါ့။အရင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ၁၉၉၆ ခုနှစ်မှာ
ဝင်ခဲ့တာပါ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့မ ရဲစခန်းမှာ
(၁၁)နှစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီကနေမှ မန္တလေးရွှေစာရံနားမှာရှိတဲ့
အမှတ်(၄) ရဲတပ်ရင်းမှာ
၅ နှစ်ကျော် ၆ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့တယ်။ ၂၀၁၃ ခုနှစ်
နှစ်ဆန်းပိုင်းမှ ဒီယာဉ်ထိန်းတပ်ဖွဲ့မှာ
တာဝန်ထမ်ေးဆာင် ခဲ့တာပါ။ တာဝန်ကျတဲ့နေရာ၊ ပို့တဲ့နေရာကို သွား၇တာပါပဲ”တဲ့။
အ၇မ်းလှတဲ့
စကားကို မကိုးမကားဘဲ ပြောသွားပါတယ်တာဝန်ထမ်းဆောင်နေချိန်မှာ အမြဲလို
ပြုံးပြီး အလုပ်လုပ်နေ
တာကို>တွေ့၇တယ်။ သင်တန်းတုန်းက အဲလို ပြုမူရမယ်လို့ သင်ပေးလိုက်
တာ လားလို့ မေးတော့ “ကျွန်တော်တို့ကို သင်ပေးလိုက်တဲ့ သင်တန်းကျောင်း ကတော့
ပြုံးနေရမယ်လို့တော့
သင်မပေးလိုက်ပါဘူး။ တာဝန်ထမ်းဆောင် ချိန်ရယ်လို့မှ မဟုတ်ပါဘူး။
ကျွန်တော့်ရဲ့ ပင်ကိုယ်စရိုက်
လို့ပဲ ပြော ရမှာ ပါပဲ။ ၀ါသနာကလည်း ထပ်တူကျနေတယ်။ဒါကြောင့်ပါ”တဲ့။
ကျွန်မနဲ့ စကားပြောနေတော့လည်း
သူက ပြုံးပြုံးလေးပါပဲ။ ဒါကြောင့်လည်း လက်ပြ
ရင်း အမြဲပြုံးတဲ့သူ(ever smile) လို့ လူထုက
နာမည်ပေးထားတာနေမှာ
ပါ။
ဝါသနာပါလို့ လုပ်ဖြစ်တာလားလို့ ဆက်မေးမိတယ်။
“ကျွန်တော်
ငယ်ငယ်တုန်းက ဒီမန္တလေးမှာက မီးပွိုင့်တွေ မရှိသေးဘူးဗျ။ ယာဉ်ထိန်း
ရဲကြီးတစ်ယောက်က
လမ်းရှင်းနေတာ။ အရမ်းကိုကြည့်ကောင်းတယ်။ လက်အချက်ပြတဲ့ အတိုင်း
ဆိုင်ကယ်တွေ၊ ကားတွေနဲ့
စက်ဘီးတွေက သွားကြလာကြတာ။ အဲလိုမြင်ကွင်းကို ကြည့်ပြီး ယာဉ်ထိန်းရဲကို
အရမ်းကို သဘောကျခဲ့တာ။
ကြီးလာရင်တော့ ဒီလိုယာဉ်ထိန်းရဲတစ်ယောက်ဖြစ်ချင် တယ်လို့ လည်းတွေးခဲ့မိတယ်။
”တဲ့။ ၀ါသနာအရင်းခံမို့
အများထက် ထူးထွက်နေတာလည်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုမိပါတယ်။
“စိတ်ထားတတ်ရင် မြတ်တယ်”ဆိုတဲ့ဒီစကားကို
လက်ကိုင် ထားတဲ့
ယာဉ်ထိန်း၊ မိုးမလင်းခင်ကတည်းက လမ်းပေါ်သွား လာနေကြတဲ့ ခရီးသွားပြည်သူတွေရဲ့
အသက်အန္တရာယ်ကို
ကာ ကွယ်စောင့်ရှောက်ရတဲ့ အတွက် ကုသိုလ်လည်းရတယ်လို့ ပြုံုးပြုံးလေးနဲ့
ပြောလာတယ်။ မိုးရွာ
အစို၊ နေပူအခြောက်ပါပဲ။ ချမ်းတဲ့ရာသီလည်း အေးတဲ့ဒဏ်ကို ခံကြ၇တဲ့ ဒီလို
ယာဉ်ထိန်းဝန်ထမ်းမျိုးတွေ
မန္တလေးမှာသာ မက နေရာအနှံ့မှာ ။ ဌာနတိုင်းမှာ ပေါ်လာမယ်ဆိုရင် ကျွန်မတို့
ပြည်သူလူထုတွေ
ဘယ်လောက်
ဝမ်းမြောက်လိုက်မလဲ။ ဘယ်လောက်ထိ
ဂုဏ်ပြုလိုက်ကြမလဲဆိုတာ
ကို တွေးရင်းနဲ့ အခုတော့ မန္တလေး မီးပွိုင့်တွေမှာ အကြာကြီးစောင့်ရတာကို
စိတ်မပျက်မိတော့ပါဘူး။
ရန်ကုန် လင့်လမ်းဆုံမှာ ရှိတဲ့
ပြည်သူလူထုကို အလေးထားတဲ့
ယာဉ်ထိန်းလိုမျိုး အခု မန္တလေးရဲ့ လမ်းဆုံ လေးနေရာမှာလည်းပြည်သူ့တွေ စိတ်ကြိုက်တွေ့တဲ့ ယာဉ်ထိန်း
ပေါ်လာခဲ့ပါပြီ။
နောက်ထပ်နောက်ထပ်လည်း
ပေါ်ထွန်းလာနိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်။
From:စင်္ကာပူဖီး
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...