သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 16, 2013

မလေးရှားတွင် မွတ်စလင်များ ၀တ်ပြုလေ့ရှိသည့် အခန်းကို ဗုဒ္ဓဘာသာဝင်များ တရားပွဲ ကျင်းပရန် ငှားရမ်းခဲ့သည့်အတွက် အပန်းဖြေရိပ်သာပိုင်ရှင် အဖမ်းခံရ

မွတ်စလင်များ ၀တ်ပြုလေ့ရှိသည့် အခန်းကို ဗုဒ္ဓဘာသာဝင်များ တရားပွဲကျင်းပရန် ငှားရမ်းခဲ့သည့်အတွက် အပန်းဖြေ ရိပ်သာပိုင်ရှင်ကို မလေးရှားရဲများက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သြဂုတ် ၁၃ ရက်၌ ရဲတပ် ဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။ မလေးရှားတောင်ပိုင်း၊ ဂျိုဟိုးပြည်နယ်ရှိ အပန်းဖြေရိပ်သာကို ပိုင်ဆိုင်သူ အား သြဂုတ် ၁၁ ရက်တွင် ဖမ်းဆီးခဲ့ပြီး ဘာသာရေးဆိုင်ရာ စော်ကားမှုဖြင့် တရားစွဲဆိုရန် စုံစမ်းစစ်ဆေး မှုများ ပြုလုပ်နေကြောင်း ခရိုင်ရဲအကြီးအကဲ နော်ရာဆစ်က ပြောကြားခဲ့သည်။

ဒေသခံ မီဒီယာများ၏ ဖော်ပြချက်အရ အသက် ၄၅ နှစ်အရွယ်ရှိ အပန်းဖြေရိပ်သာ ပိုင်ရှင်သည် မွတ်စလင် ဘာသာဝင် စင်ကာပူနိုင်ငံသားဖြစ်ပြီး မလေးရှားတွင် အမြဲတမ်း နေထိုင်ခွင့် ရရှိထား သူဖြစ်ကြောင်း သိရ သည်။ သူသည် အခြားအခန်းလွတ် မရှိတော့သောကြောင့် စင်ကာပူမှလာသည့် ဗုဒ္ဓဘာသာဝင်များကို တရားပွဲ ကျင်းပရန်အတွက် မွတ်စလင်များ ၀တ်ပြုဆုတောင်းသည့် အခန်းကို ငှားရမ်းခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းအခန်း၌ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတစ်ပါးက ဦးဆောင်လျက် တရားပွဲကျင်းပနေပုံ ဗီဒီယိုဖိုင်ကို သြဂုတ် ၁၀ ရက်တွင် YouTube သို့ တင်ခဲ့ရာမှ မွတ်စလင်ဘာသာဝင် အများစုဖြစ်သော မလေးရှားနိုင်ငံတွင် မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ရိပ်သာပိုင်ရှင်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အတွက် လေး ရက်ကြာ ထိန်းသိမ်းထားရန် တရားရုံးမှ ထုတ်ပြန်သည့်အမိန့်ကို ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့သည်။ ရဲတပ်ဖွဲ့က အသေးစိတ် အချက်အလက်များ ဖော်ပြခြင်း မရှိသော်လည်း စွဲဆိုထားသည့် အမှုအတွက် အမြင့်ဆုံး အဖြစ် ထောင်ဒဏ်နှစ်နှစ် ချမှတ်နိုင်သည်ဟု ဆိုသည်။

မလေးရှားနိုင်ငံ၏ ဗုဒ္ဓဘာသာခေါင်းဆောင် ကေသီရိဓမ္မရတနာက "ကျွန်ုပ်တို့၏ မွတ်စလင် ညီအစ်ကို ညီ အစ်မများ" ဟု အမည်တပ်ကာ စင်ကာပူ ဗုဒ္ဓဘာသာဝင်များ၏ လုပ်ရပ်အတွက် တောင်း ပန်ပါကြောင်း ဒေ သခံ မီဒီယာများမှတစ်ဆင့် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် လူဦးရေ ၂၈ သန်း ရှိသည့်အနက် ၆၀ ရာခိုင်နှုန်းမှာ မွတ်စလင်များဖြစ်ပြီး မကြာသေး မီက ဘာသာရေးဆိုင်ရာ အငြင်းပွားမှု အများအပြား ပေါ်ပေါက်ခဲ့မှုက သတင်းစာများ၏ ခေါင်းကြီး ပိုင်း များ ဖြစ်ခဲ့သည်။ မလေးရှားတွင် မွတ်စလင်မဟုတ်သော တရုတ်နှင့် အိန္ဒိယနွယ်ဖွားများလည်း အများ အပြား ရှိသောကြောင့် ဘာသာရေး ကိစ္စသည် အလွန်ထိရှလွယ်သော အကြောင်းအရာတစ်ရပ် ဖြစ်သည်။ 
 
 
From:APF
စင်္ကာပူဖီး

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D