သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, August 14, 2013

အင်တာနက် နှင့် မီဒီယာအချို့၌ပျံ့နှံ့နေသည့် အသံဖိုင်ကိစ္စ မြန်မာ အမျိုးသား ကွန်ရက်ပါတီ ဥက္ကဌရှင်း

မြန်မာအမျိုးသားကွန်ဂရက် ပါတီဥက္ကဋ္ဌနှင့် အင်ပါယာနေ့စဉ် သတင်းစာဦးဆောင်ဦးရွက်ပြုနေသူတစ်ဦးဖြစ်သည့် ဦးကောင်းမြင့်ထွဋ်က မြန်မာ့နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသော ခေါင်းဆောင်များနှင့် ပတ်သက် ၍ ဝေဖန်ပြောစကားအသံဖိုင်များအင်တာနက်စာမျက် နှာများနှင့် သတင်း မီဒီယာအချို့ ၌ ပျံ့နှံ့လျက်ရှိနေပြီး ယင်းအသံဖိုင် ဝေဖန်ချက်အချို့နှင့် ပတ်သက်၍ Hot News က ဦးကောင်းမြင့်ထွဋ်ထံ ဆက်သွယ်၍ မေးမြန်း အတည် ပြုခဲ့သည်များကို ရေးသားတင်ပြလိုက်ပါသည်။

“ကျွန်တော်လည်း မီဒီယာ ကိစ္စတွေ ၀င်လုပ်နေတာပဲလေ။ ဒေါ် အောင်ဆန်းစုကြည်ဆိုတာ ကျွန်တော်နဲ့ ခုမှသိတာမဟုတ်ဘူး။ ဟိုငယ် ငယ်လေးကတည်းကသိခဲ့တာ အဲဒီတုန်းက ကျွန်တော်က Lecture ရိုက်ခဲ့ တယ်လို့ပြောတာမဟုတ်ဘူး။ ကောင်းမြင့်ထွဋ်က ၄၅ မိနစ်ကြာအောင် ဒေါ်စုကို Lecture သွား ရိုက်တာ၊ အဘွားကြီးစိတ်ညစ်နေ ဦးမယ်ဆိုပြီး ပါလာတဲ့ သူတွေကပြောတာ။ ပြီးကျတော့ ကျွန်တော်ရှင်းပြတယ်။ အသံ ဖိုင်က ဘယ်လို လဲတော့မသိဘူး။ နောက်ပြီးတော့ ၀န်ကြီးတွေကို ကျွန်တော့် သတင်းစာယူဖို့နှုတ်မိန့်နဲ့ လုပ်တယ်ဆိုတဲ့သဘောမဟုတ်ပါဘူး။ နိုင်ငံရေးပွဲ တွေမှာ ရင်းနှီးခဲ့တဲ့ မွေး/ရေ ၀န်ကြီးဦးအုန်းမြင့်က သူနဲ့ ခင်တဲ့ အခါကျတော့ ကောင်းမြင့်ထွဋ်ရဲ့ သတင်းစာကို ၀န်ထမ်းတွေကို ယူခိုင်းရမယ်ဆိုပြီး နှုတ်မိန့်နဲ့ ပြောတာ။ ကျွန်တော်ပြောတာမဟုတ် ပါဘူး။ သူတို့မှာလည်း အားပေး ချင်တဲ့ စိတ်လေးလည်းရှိနေတယ်။ နောက်ဦးသုဝေတို့ ဦးခင်မောင်ဆွေ တို့ကိုပါတီထောင်ဖို့ကျွန်တော်ပဲ လုပ်ပေးခဲ့တာ ဒါအမှန်ပဲလေ။ အဲဒီလူတွေကို သွားမေးလိုက်။ ဦးသုဝေကိုဆိုလည်းဆုံးသွားရှာပြီ ဖြစ်တဲ့ ဦးရဲထွန်းတို့နဲ့ ဦးသုဝေလို လူမျိုးတွေကို ပခုံးထမ်းပြီးတင်ပေး ခဲ့ရတာ။ ၂၀၀၉ မှာလုပ်တဲ့ မြန်မာ့နိုင်ငံရေးသုံးသပ် ဆွေးနွေးပွဲဆိုတာကလည်း ကျွန်တော့်မှာရှိတာတွေကို ရောင်းချပြီးတော့ အခမ်းအနား တွေလုပ်ပေးခဲ့ရတာ။ ဦးခင်မောင် ဆွေဆိုလည်း ပါတီထောင်ဖို့ ကျွန်တော့်ကိုပထမဆုံးတိုင်ပင်ခဲ့တာ။ ဓာတ်ပုံအထောက် အထားတွေလည်းရှိတယ်။ ဦးခင်မောင် မောင်ဆွေလည်း အသိပဲ။ ကျွန်တော့်အနေနဲ့ကလည်း ဖြစ်လာသမျှကို တရားတဘောင်နဲ့ ရှင်းသွားဖို့ အားလုံးစီစဉ်ပြီးပါပြီ၊ မီဒီယာတွေအနေနဲ့ကလည်း ဒါကိုရေးမယ်ဆိုလည်း တရားဝင်ရေးလို့ရပါတယ်”ဟု ပျံ့နှံ့အသံဖိုင်ပါပြောစကားများအပေါ် ဦးကောင်း မြင့်ထွဋ်ကပြန် လည်ပြောကြားသွားခဲ့သည်။

ပျံ့နှံ့အသံဖိုင်မှာ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းရုံး တွင်းပြုလုပ်သော အစည်းအဝေးမှ ပြောဆိုချက်များဟု သိရပြီး အလုပ်မှထုတ်ပယ်ခံရ၍ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ဆုံးရှုံးခဲ့ရသည်ဟုဆိုသော ၀န်ထမ်းများမှ တစ်ဆင့် ယင်းအသံဖိုင်မှာ အင်တာနက်စာမျက်နှာအချို့နှင့် သတင်းမီဒီယာ အချို့သို့စတင်ပျံ့နှံ့ ခြင်းဖြစ်ကြောင်းသိရသည်။



ဦးကောင်းမြတ်ထွဋ် ပြောထားသည့် အသံဖိုင်နှင့် ကိုယ်ရေးအကျဉ်းကို http://www.myanmarexpress.net/2013/08/blog-post_2527.html တွင် နားထောင် ဖတ်ရှုနိုင်သည်။

From : ..ခန့်ခန့်(ဒဿနိက)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D