''လမ်းပေါ်မှာ ယာဉ်ကြော နှစ်ထပ်ရပ်တဲ့ကားတွေနဲ့ ယာဉ် ကြောပြောင်းပြန်ရပ်တဲ့ ကားတွေ တွေ့နေရတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးအ ဖွဲ့တွေ မြို့တွင်းပတ်ကင်းလှည့်ပြီး အရေးယူပေးနိုင်ရင် စည်းကမ်းမဲ့ တာမျိုးတွေ လျော့နည်းပပျောက် သွားမယ်''ဟု ၎င်းက ပြောသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းလိုက်နာမှုမရှိသော ယာဉ် များကို မြို့တွင်းလမ်းဆုံမီးပွိုင့်များ တွင် အသံချဲ့စက်များဖြင့် စည်း ကမ်းချက်များ အသိပေးကြေညာ ခြင်း၊ စည်ပင်သာယာရေးကော် မတီမှ လမ်းဘေးတွင်အချိန်ကြာ မြင့်စွာရပ်ထားသည့် ယာဉ်များ Tow Truck ဖြင့် ဆွဲယူကာ အရေးယူမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
မန္တလေးမြို့တွင် ၈၄လမ်း နှင့်၂၉လမ်းထောင့်၊ ၃၂လမ်းထောင့် နှင့် ၃၆လမ်းမှ ၄၂လမ်းထောင့် တို့တွင် ယာဉ်ကြောနှစ်ထပ်ရပ် မှု များပြားလျက်ရှိသည့်အပြင် ဘုရားကြီးအနောက်မုခ်တွင် လိုင်း ကားများရပ်နားမှုများသဖြင့် ယာဉ် ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း သိရ သည်။
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...