သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, August 14, 2013

လူကုန်ကူး ခံရသူများ စောင့်ရှောက်ရေး ဂေဟာအား ဂျပန်အစိုးရ အကူအညီဖြင့် တည်ဆောက်မည်

ဂျပန်အစိုးရ အကူအညီနဲ့ လူကုန်ကူး ခံရသူများအား ကာကွယ် စောင့်ရှောက်နိုင်မယ့် ဂေဟာ ၂ ခုကို ယခုနှစ် အတွင်းမှာ မြ၀တီနဲ့ ကော့သောင်းမြို့ များမှာဆောက်လုပ်သွားဖို့ ညှိနှိုင်း သဘော တူညီမှုတွေ ပြုလုပ်ထား တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းမှ လူကုန်ကူး မှုများကို နိုင်ငံတကာနဲ့ပူးပေါင်းကာ တားဆီး ကာကွယ်မှုများ ပြုလုပ်နေတဲ့ အပြင် ဂျပန်နိုင်ငံတကာ အကူအညီ ပေးရေး အေဂျင်စီ JICA နဲ့ ပူးပေါင်း ဆောင်ရွက်ကာ ၂၀၁၂ ခုနှစ်မှ လာမယ့် ၂၀၁၅ ခုနှစ်အထိ ၃ နှစ် စီမံကိန်း အတွက် သဘောတူ လက်မှတ် ရေးထိုး ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

ဒီလို ပြည်တွင်းမှ တစ်ဆင့် လူကုန်ကူးမှုများ ဖြစ်ပွားရာမှာ ရှမ်းပြည်နယ်မှ တစ်ဆင့် အများဆုံး လူကုန်ကူး ခံရလျက် ရှိတယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ၅ နှစ်စီမံကိန်းရဲ့ ၂၀၁၂ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာမှ သိရပါတယ်။

အဲ့ဒီလို လူကုန်ကူးမှု အများဆုံး ဖြစ်ပွားတဲ့ နေရာများမှာ ရှမ်းပြည်နယ်မှ ၅၄ ရာခိုင်နှုန်း အထိရှိပြီး အခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးများ အနေနဲ့ မန္တလေးတိုင်း ဒေသကြီးမှာ ၁၄ ရာခိုင်နှုန်းနဲ့ ရန်ကုန်တိုင်း ဒေသကြီးနဲ့ ကချင်ပြည်နယ် တို့မှာ ၁၃ ရာခိုင်နှုန်းထိ ရှိနေတာ ဖြစ်ပါတယ်။ ဒီလို လူကုန်ကူး ခံရသူများရဲ့ ဇာတိ အနေနဲ့ ရှမ်းပြည်နယ်မှ ၉၂ ရာခိုင်နှုန်းနဲ့ ဧရာဝတီတိုင်း ဒေသကြီးမှ ၁၂ ရာခိုင်နှုန်း၊ မန္တလေးတိုင်း ဒေသကြီးမှ ၃၁ ရာခိုင်နှုန်းနဲ့ ပဲခူးတိုင်း ဒေသကြီးမှ ၂၇ ရာခိုင်နှုန်းထိ ရှိနေတာ ဖြစ်တယ်လို့သိရပါတယ်။

From:OE

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D